ဒေါ်လာ ၆၀၀ ကုန်ကျမယ့် Samsung ရဲ့ iPad Pro ပြိုင်ဘက်

date_range 15 March 2017

ဒေါ်လာ ၆၀၀ ကုန်ကျမယ့် Samsung ရဲ့ iPad Pro ပြိုင်ဘက်

visibility 1300 Views

                iPad Pro ရဲ့ ပြိုင်ဘက်၊ Samsung ရဲ့ Galaxy Tab S3 ကို အရင်လထဲက မိတ်ဆက်ခဲ့ပေမယ့် ဈေးနှုန်းကိုတော့ မကြေငြာသွားပါဘူး။ အခုကတော့ အမေရိကန်ဒေါ်လာ ၆၀၀ ကုန်ကျမယ်လို့ တိတိကျကျသိရှိရပါတယ်။

                ဒီဈေးဟာ S Pen ပါပြီးသားဈေးဖြစ်ပါတယ်။ Keyboard Case ကတော့ သက်သက်ဝယ်ယူရမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၂၉.၉၉ ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်။ S Pen ရော၊ Tablet ရော၊ Keyboard Case ရော အားလုံးဝယ်မယ်ဆိုရင်တောင်မှ အမေရိကန်ဒေါ်လာ ၇၃၀ ဒေါ်လာပဲရှိတယ်ဆိုတော့ Samsung ရဲ့ iPad Pro ပြိုင်ဘက်ဟာ iPad Pro ထက်တော့ ဈေးချိုပါတယ်။

                ဒါပေမယ့် Samsung ရဲ့ Galaxy Tab S3 ဟာ Android Tablet တစ်ခုအနေနဲ့ကတော့ ဈေးကြီးပါတယ်။ ဒီနေရာမှာ အရေးကြီးတာတစ်ခုက Samsung က Apple ကို ဈေးနှုန်းနဲ့တိုက်ခိုက်လိုက်တယ် ဆိုတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ Samsung က အခု Galaxy Tab S3 ကို iPad Pro နဲ့ ယှဉ်ပြိုင်နိုင်အောင် သေချာလေးလုပ်ထားတာမို့လို့ပါ။

                Samsung ရဲ့ Galaxy Tab S3 ဟာ Productivity ကို ဉီးစားပေးထားပြီး၊ ၉.၇ လက်မ အရွယ်အစားရှိတဲ့ High-Resolution Display ၊ Speaker လေးလုံး၊ S Pen နဲ့တွဲဖက်ပြီး အလုပ်လုပ်နိုင်မယ့် Special Features များ၊ စသည်ဖြင့် Feature နဲ့ Specification တွေစုံစုံလင်လင် ပါဝင်တဲ့ Tablet တစ်လုံးဖြစ်ပါတယ်။

                App Developer တွေဟာ iPad အတွက် App တွေကို Develop လုပ်ကြတာများပြီး Android Tablet တွေအတွက် App တွေကို နောက်ကျမှ Develop လုပ်လေ့ရှိကြပါတယ် (မြန်မာနိုင်ငံမှာတော့ Android User များတာမို့ Android App တွေကိုပဲ အရင် Develop လုပ်ကြပါတယ်)။ ဒီအချက်ကြောင့်ပဲ Android OS အသုံးပြုထားတဲ့ Tablet တွေဟာ အရောင်းမသွက်ကြတာဖြစ်ပါတယ်။ အခု Samsung ရဲ့ Galaxy Tab S3 ဟာလည်း iPad Pro ကို ယှဉ်ပြိုင်မယ်ဆိုပေမယ့် ဒီပြဿနာနဲ့ မလွဲမသွေ ရင်ဆိုင်ရမယ်လို့လည်း ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။

                Samsung က Galaxy Tab S3 ကို ဘယ်နေ့မှာ ဖြန့်ချီရောင်းချသွားမလဲဆိုတာကို အတိအကျ မပြောသေးပေမယ့် များမကြာမှီကာလအတွင်းမှာတော့ ဝယ်ယူလို့ရတော့မှာဖြစ်ပါတယ်။

References
The Verge
About Author
Assinged Tags
Samsung Android Android Tablet Galaxy Tab S3
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed