Android Gmail App ကနေတင် ပိုက်ဆံအပေးအယူ လုပ်နိုင်ပြီ

date_range 15 March 2017

Android Gmail App ကနေတင် ပိုက်ဆံအပေးအယူ လုပ်နိုင်ပြီ

visibility 800 Views

                Gmail Android App အသုံးပြုသူတွေအနေနဲ့ ယခုအခါ App ထဲကနေတင် ပိုက်ဆံအပေးအယူလုပ်နိုင်ပြီဖြစ်ကြောင်း Google က ယနေ့ ကြေငြာလိုက်ပါတယ်။

                ဒီလိုမျိုး Gmail ကနေ ပိုက်ဆံပေးပို့နိုင်တယ်ဆိုတာက Google Wallet ကို Gmail မှာ ပေါင်းထည့်ပေးလိုက်တာကြောင့်ဖြစ်ပြီး၊ Desktop Gmail မှာ ၂၀၁၃ ခုနှစ်ကတည်းက ရနေတဲ့ စွမ်းဆောင်ရည်ပါ။

                Android အတွက်ကတော့ အခုမှ Google Wallet ကို Gmail ထဲ Integrate လုပ်ပေးလိုက်တာဖြစ်ပြီး၊ လောလောဆည်တော့ US က အသုံးပြုသူတွေပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

                တစ်ခုထူးခြားတာက Gmail on Android ကနေ ပိုက်ဆံပေးပို့၊တောင်းခံရာမှာ Gmail Address ရှိတဲ့လူဆီကိုပဲ ပေးပို့နိုင်တာမဟုတ်ဘဲ၊ မည်သူ့ကိုမဆို ငွေပေးပို့၊တောင်းခံနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

                ပိုက်ဆံပေးပို့ချင်တယ်ဆိုရင် Desktop တုန်းကလိုပဲ Attachment ပုံလေးကို နှိပ်ပြီး၊ Send ဒါမှမဟုတ် Request Money လုပ်ပေးရမှာပါ၊ ဒီအခါ ကိုယ် ပေးပို့၊တောင်းခံချင်တဲ့ ပိုက်ဆံပမာဏကို ရွေးချယ်ပေးပြီး၊ Note ရေးကာ Send နှိပ်လိုက်ရုံပါပဲ။

                ဒီလုပ်ငန်းအဆင့်ဆင့်ကို Gmail App ထဲမှာတင် ပြုလုပ်သွားမှာဖြစ်ပြီး၊ ဖုန်းထဲမှာ Google Wallet App သက်သက် သွင်းထားစရာမလိုပါဘူး။ ဒါပေမယ့် အရင်ဆုံး Google Wallet မှာတော့ ကိုယ့် Master Card တွေ Visa ကတ်တွေ ချိတ်ပေးထားဖို့ လိုတာပေါ့နော်။

                ငွေလက်ခံသူဘက်ကလည်း ကိုယ့်ထဲဝင်လာတဲ့ငွေကို ဘဏ်အကောင့်ထဲကို ဝင်လာတဲ့ငွေကို ချက်ချင်းပြန်လွှဲနိုင်ပြီး၊ ဝန်ဆောင်ခ တပြားမှ ပေးစရာလိုမှာမဟုတ်ဘူးလို့ Google က ဆိုပါတယ်။

                Gmail ကနေတင် ပိုက်ဆံတောင်းခံတာ၊ အပေးအယူလုပ်နိုင်တာဟာ စီးပွားရေးလုပ်ငန်းတွေအတွက် တော်တော်အသုံးဝင်မယ့် Feature တစ်ခုဖြစ်ပါတယ်။ ကိုယ့် Email အကြောင်းအရာကိုက ကျသင့်ငွေ တောင်းခံတာမျိုးဆိုရင်၊ တခါတည်း လှမ်း Request လုပ်ပြီး၊ တစ်ဖက်က ပို့လိုက်တာနဲ့ ဘဏ်အကောင့်ထဲ ပြောင်းထည့်ယုံပါပဲ။

                ဘဏ်တွေရဲ့ “Mobile Banking” တွေကနေ ငွေလွှဲဖို့ အဆင်မပြေတဲ့အခါမျိုးမှာလည်း၊ Gmail ကနေတင် တန်းပြီး ငွေပို့ခိုင်းတာ၊ ငွေလက်ခံနိုင်တယ်ဆိုတော့ တော်တော်အဆင်ပြေပါတယ်။ ခက်တာက ကျနော်တို့ နိုင်ငံမှာ မရသေးတာကြောင့်၊ လောလောဆည်တော့ အသုံးပြုနိုင်ဦးမှာ မဟုတ်ပါဘူး။

References
Tech Crunch
About Author
Assinged Tags
Google Gmail Google Wallet Gmail on Android
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed