မြန်မာ့စီးပွားရေး ဒီဂျစ်တယ်စနစ်သို့ မြှင့်တင်ရေးအတွက် Softline နဲ့ Microsoft ပူးပေါင်း

date_range 14 March 2017

မြန်မာ့စီးပွားရေး ဒီဂျစ်တယ်စနစ်သို့ မြှင့်တင်ရေးအတွက် Softline နဲ့ Microsoft ပူးပေါင်း

visibility 100 Views

                မော်စကိုအခြေစိုက် Softline ကုမ္ပဏီဟာ နာမည်ကျော် Microsoft ကုမ္ပဏီနဲ့ပူးပေါင်းကာ မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းတွေနဲ့ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းတွေကို ဒီဂျစ်တယ်စနစ်ကိုပြောင်းလဲမြှင့်တင်ဖို့ ဝန်ဆောင်မှုတွေပေးသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

                နိုင်ငံတကာမှ သတင်းအချက်အလက် နဲ့ နည်းပညာဆိုင်ရာ အခက်အခဲတွေကို ဖြေရှင်းပေးနေတဲ့ Softline ကုမ္ပဏီဟာ မြန်မာနိုင်ငံရုံးခွဲကို  ယခုလမှာ စတင်ဖွင့်လှစ်ခဲ့တာပါ။

“မြန်မာဈေးကွက်က အလျင်အမြန်ကိုပဲတိုးတက်လာနေပေမယ့် စာရွက်စာတမ်းတွေပဲ အသုံးပြုလည်ပတ်နေတဲ့လုပ်ငန်းတွေရှိနေပါသေးတယ်။ ဒါကလည်း Softline အတွက်တော့ အဲ့ဒီလိုလုပ်ငန်းတွေနဲ့ ပူးပေါင်းလုပ်ကိုင်နိုင်မယ့်အခွင့်အရေးကိုပေးလိုက်တာပဲဖြစ်ပါတယ်”

                လို့ Softline ကုမ္ပဏီက Emerging Asia ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဖြစ်တဲ့ Ilya Anzhiganov ကပြောကြားခဲ့ပါတယ်။

                မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းတွေကို ဒီဂျစ်တယ်စနစ်သို့ပြောင်းလဲရာတွင် Cloud နည်းပညာကိုအသုံးပြုပြီး ဝန်ဆောင်မှုပေးသွားမယ်လို့လည်း သိရပါတယ်။

“Microsoft ရဲ့ ဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေနဲ့ ပေါင်းစပ်လိုက်ရင် မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်စနစ် ပြောင်းလဲမှုဟာ ပြည်တွင်းက အဖွဲ့အစည်းတွေကို ယှဉ်ပြိုင်မှုအားကောင်လာစေပြီး စွမ်းဆောင်ရည်မြင့်မား လာစေမှာပါ”

                လို့ Microsoft ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာဖြစ်တဲ့ Sy Wann က ပြောပါတယ်။

                Microsoft ကုမ္ပဏီအနေနဲ့ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာခန့်အပ်ခဲ့တာပါ။ သူတို့ရဲ့ Office 365 ကိုလည်း အခုနှစ်အစောပိုင်းက မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။

References
TechX News
About Author
Assinged Tags
Local News Local Tech News Softline Myanmar Microsoft Myanmar Cloud Technology
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed