ဘဏ်ခွဲပေါင်း ၂၀၀ ကျော်မှာ ဂြိုလ်တုဆက်သွယ်ရေးနည်းပညာ ချိတ်ဆက်အသုံးပြုနေပြီဖြစ်တဲ့ KBZ Bank

date_range 14 March 2017

ဘဏ်ခွဲပေါင်း ၂၀၀ ကျော်မှာ ဂြိုလ်တုဆက်သွယ်ရေးနည်းပညာ ချိတ်ဆက်အသုံးပြုနေပြီဖြစ်တဲ့ KBZ Bank

visibility 1340 Views

                ပြည်တွင်းဘဏ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ ကမ္ဘာဇဘဏ်အနေနဲ့ ၎င်းရဲ့ဘဏ်လုပ်ငန်းတွေအတွက် (VSAT) ဂြိုလ်တုနည်းပညာသုံး ဆက်သွယ်ရေးကွန်ယက်စနစ်ကို မြန်မာနိုင်ငံအနှံ့က ဘဏ်ခွဲ ၂၀၀ ကျော်မှာ ချိတ်ဆက်အသုံးပြုနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

                Very Small Aperture Terminal (VSAT) လို့ခေါ်တဲ့ ဂြိုလ်တုနည်းပညာသုံး ဆက်သွယ်ရေးကွန်ယက်စနစ်ကို ကမ္ဘောဇဘဏ်ခွဲပေါင်း ၂၀၀ ကျော်တွင် စတင်ချိတ်ဆက်အသုံးပြုနေပြီး ဘဏ်ခွဲများအားလုံးတွင် မကြာမီချိတ်ဆက်နိုင်တော့မယ်လို့ ဆိုပါတယ်။

                ဒီဂြိုလ်တုကွန်ယက်စနစ်ကို ၎င်းတို့ရဲ့ ညီနောင်ကုမ္ပဏီဖြစ်တဲ့ KBZ Gateway ကုမ္ပဏီနဲ့ ချိတ်ဆက်ဆောင်ရွက်တာပါ။

“နည်းဗျူဟာမြောက်မိတ်ဖက်မှုကနေ ပြည်တွင်းကွန်ရက်ချိတ်ဆက်မှုဆိုင်ရာ ဝန်ဆောင်မှုတွေကို ရရှိနိုင်ဖို့ ကျွန်တော်တို့ရဲ့ အဓိက VSAT နဲ့ ချိတ်ဆက်ပြီး တည်ဆောက်ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးလည်း ကျွန်တော်တို့ဟာ ဘဏ်ရဲ့ လုပ်ငန်းလည်ပတ်မှုနဲ့ ဝန်ဆောင်မှုစနစ်များ ဆန်းသစ်ကောင်းမွန်စေဖို့ အားထုတ်ရာမှာ ပံ့ပိုးပေးနိုင်ဖို့အတွက် ဘဏ်ခွဲတွေအားလုံးမှာ နည်းပညာအဆင့်မြှင့်တင်မှုတွေကို ထပ်မံတိုးချဲ့သွားဖို့ စီစဉ်နေပါတယ်”

                လို့ KBZ Gateway ၏ CEO ဖြစ်သူ Stephane Lamoureux က ပြောကြားခဲ့ပါတယ်။

                VSAT ကွန်ယက်စနစ်ကိုအသုံးပြုတာကြောင့် လုပ်ငန်းလည်ပတ်မှုတွင် ပိုမိုကောင်းမွန်လာပြီး ၉၉.၉၇ ရာခိုင်နှုန်း ပျက်တောက်မှုမရှိ စိတ်ချရသော အဆင်မြင့်ကွန်ရက်ချိတ်ဆက်တွေနဲ့ ဝေးလံခေါင်သီသော အရပ်ဒေသများ သို့ မြန်ဆန်စွာချိတ်ဆက်နိုင်မယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

                ကမ္ဘောဇဘဏ်ရဲ့ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ကျော်မျိုးက

“ကျွန်တော်တို့ရဲ့ ဘဏ်ခွဲတွေကို KBZ Gateway ရဲ့ အဆင်မြင့်နည်းပညာနဲ့ ချိတ်ဆက်လုပ်ဆောင်စေခြင်းကြောင့် လုပ်ငန်းလည်ပတ်မှု စွမ်းဆောင်ရည်ကို တိုးမြှင့်နိုင်မှာဖြစ်ပြီး၊ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ customer တွေကို ပိုမိုလွယ်ကူအဆင်ပြေစေမယ့် ဝန်ဆောင်မှုတွေနဲ့ များစွာအကျိုးရရှိစေမှာ ဖြစ်ပါတယ်။”

                လို့ပြောကြားခဲ့ပါတယ်။ 

                KBZ Gateway အနေနဲ့ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းတွေ သတင်းအချက်အလက်ဝန်ဆောင်လုပ်ငန်းတွေကို ထောက်ပံ့ပေးရန်အတွက် ဂြိုလ်တုဆက်သွယ်ရေးမြေပြင်အခြေစိုက်စခန်းကို ပဲခူးမြို့မှာ တည်ဆောက်ထားပါတယ်။

References
KBZ Gateway
About Author
Assinged Tags
Local News Local Tech News KBZ Bank
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed