မိမိဖုန်းအတွက် အလိုက်ဖက်ဆုံး Theme တွေကိုရှာပေးမယ့် Google ရဲ့ Android Taste Test

date_range 14 March 2017

မိမိဖုန်းအတွက် အလိုက်ဖက်ဆုံး Theme တွေကိုရှာပေးမယ့် Google ရဲ့ Android Taste Test

visibility 350 Views

                ဒီ Tool လေးကတော့ Google က Android OS အသုံးပြုသူတွေအတွက် လုပ်ပေးထားတဲ့ Online Tool လေးတစ်ခုပဲဖြစ်ပါတယ်။ ဒီကောင်လေးက ဘာလုပ်ပေးမှာလဲဆိုတော့ အသုံးပြုသူကြိုက်တတ်တဲ့အရောင်၊ ဒီဇိုင်း၊ စတာတွေကိုမှီငြမ်းပြီး Wallpaper တွေ၊ Launcher တွေ၊ Icon Set တွေကို ရှာဖွေပေးသွားမှာပါ။

ဒီ Tool လေးကို ဒီလင့်ခ် မှာ သွားရောက်အသုံးပြုနိုင်ပြီး၊ Website ထဲကို ရောက်ရောက်ခြင်း Let’s Go ကိုနှိပ်လိုက်ပါ။


ပြီးတာနဲ့ ဘာရောင်ကြိုက်လဲ၊ ဘယ်ဒီဇိုင်းကိုခိုက်လဲ၊ လှုပ်နေတဲ့ပုံစံကြိုက်လား၊ ငြိမ်နေတဲ့ပုံစံကြိုက်လား၊ စသည်ဖြင့် ဖြေရလွယ်တဲ့ မေးခွန်းလေးတွေကို ဖြေဆိုရမှာဖြစ်ပါတယ်။


မေးခွန်းလေးတွေဖြေပြီးပြီဆိုရင်တော့ သင်ဖြေထားတဲ့အဖြေတွေအပေါ်မူတည်ပြီး သင့် Android အတွက် Theme တွေကို ထုတ်ပေးမှာဖြစ်ပါတယ်။


ပြီးရင် အောက်မှာ GET YOUR LOOK ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ပါ။ အဲ့ဒီ့အခါကျရင် ကိုယ်ကြိုက်တာကို DOWNLOAD NOW ဆိုတာလေးနှိပ်ပြီး ကိုယ့်ဖုန်းရဲ့ အသွင်အပြင်ကို အသစ်အဆန်းလေး ပြောင်းလို့ရပြီပေါ့။


ပြောင်းရုံတင်မဟုတ်ပါဘူး။ အောက်မှာ SHARE YOUR LOOK ဆိုတဲ့ ခလုတ်လေးကို နှိပ်ပြီးတော့လည်း ကိုယ့်သူငယ်ချင်းတွေကို Share လို့ရပါသေးတယ်။


References
The Verge
About Author
Assinged Tags
Google Android Android Taste Test
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed