Samsung, LG နဲ့ Xiaomi အပါအဝင် Android ဖုန်း ၃၈ မျိုးမှာ  Malware တွေ ကြိုတင်ပါဝင်လာကြောင်း တွေ့ရှိ

date_range 13 March 2017

Samsung, LG နဲ့ Xiaomi အပါအဝင် Android ဖုန်း ၃၈ မျိုးမှာ Malware တွေ ကြိုတင်ပါဝင်လာကြောင်း တွေ့ရှိ

visibility 8940 Views

                Android ဖုန်းမော်ဒယ် ၃၈ မျိုးတိတိမှာ Malware တွေနဲ့ Slocker လိုမျိုး Ransomware တွေ အစကတည်းက ပါဝင်လာကြောင်း နာမည်ကျော်ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Check Point Software Technologies ကနေ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

                 အဆိုပါစမတ်ဖုန်းတွေထဲမှာ နာမည်ကြီးကုမ္ပဏီတွေဖြစ်တဲ့ Samsung, LG, Xioami, ZTE, Oppo, Vivo, Asus နဲ့ Lenovo တို့က ထုတ်တဲ့စမတ်ဖုန်းတွေလည်း ပါဝင်နေပါတယ်။

                ဒါပေမယ့် စမတ်ဖုန်းကုမ္ပဏီတွေကနေ သူတို့ရဲ့ Custom ROM ထဲမှာ Malware တွေ ကြိုထည့်လိုက်တာမျိုးတော့ မဟုတ်ဘဲ၊ ဒီဖုန်းတွေကို ဖြန့်ချိရောင်းချပေးတဲ့ ကုမ္ပဏီကြီး နှစ်ခုကနေ ထည့်လိုက်တာ ဖြစ်တယ်လို့ Check Point က အတိအကျဆိုထားပါတယ်။

                ဒါပေမယ့် Malware တွေ ထည့်လိုက်တဲ့ ကုမ္ပဏီကြီးနှစ်ခုရဲ့ အမည်ကိုတော့ Check Point က အတိအကျထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ဘဲ၊ တစ်ခုက “ တယ်လီကွန်းကုမ္ပဏီကြီးတစ်ခု” ဖြစ်ကာ၊ နောက်ကုမ္ပဏီတစ်ခုကတော့ “ နိုင်ငံတကာနည်းပညာကုမ္ပဏီကြီး” တစ်ခုဖြစ်တယ်လို့ပဲ အရိပ်အမြွက် ပြောထားပါတယ်။

                Malware ကြိုတင်ပါလာတဲ့ Android ဖုန်း ၃၈ မျိုးမှာ ခြောက်မျိုးက System Privileges ကို အသုံးပြုပြီး ROM ထဲမှာ တိုက်ရိုက်ထည့်ထားတာဖြစ်တာကြောင့်၊ Malware ဖြုတ်ချင်ရင် Firmware တစ်ခုလုံး အစကနေ ပြန်သွင်းရမှာဖြစ်ပါတယ်။

“ User တစ်ယောက်ဟာ လုံခြုံရေးကို တော်တော်လေးဂရုစိုက်တတ်တဲ့လူတစ်ယောက် ဖြစ်ပြီး၊ အန္တရာယ်ရှိနိုင်တဲ့ Link တွေကို ကလစ်မနှိပ်ဘူး၊ ပေါက်ကရ Apps တွေကို Download မဆွဲဘူးဆိုရင်တောင်၊ Malware ရန်ကနေ မလွတ်နိုင်ကြောင်း အခုတွေ့ရှိချက်ကနေ သိနိုင်ပါတယ်။ မိုဘိုင်းဖုန်းအသုံးပြုသူအားလုံးအတွက် တကယ့်ကို စိုးရိမ်စရာအခြေအနေပါ”

                လို့ Check Point ကုမ္ပဏီရဲ့ Mobile Threat Researcher တစ်ဦးဖြစ်သူ Daniel Padon က Ars Technica သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

                Check Point ကနေ စစ်ဆေးတွေ့ရှိထားတဲ့ Malware ကြိုတင်ပါလာတဲ့ ဖုန်းတွေထဲမှာ ပါဝင်တဲ့ဖုန်းတွေကတော့

Galaxy Note 2
LG G4
Galaxy S7
Galaxy S4
Galaxy Note 4
Galaxy Note 5
Galaxy Note 8.0 ( Note 8 မဟုတ်)
Xiaomi Mi 4i
Galaxy A5
ZTE x500
Galaxy Note 3
Galaxy Note Edge
Galaxy Tab S2
Galaxy Tab 2
Oppo N3
Vivo X6 Plus
Nexus 5
Nexus 5X
Asus Zenfone 2
Lenovo S90
Oppo R7 Plus
Xiaomi Redmi
Lenovo A850 တို့ ဖြစ်ပါတယ်။

                အဆိုပါဖုန်းတွေမှာ တွေ့ခဲ့ရတဲ့ Malware အများစုဟာ သတင်းအချက်အလက်ခိုးယူတဲ့ Malware တွေနဲ့ ဖုန်းတွေမှာ ကြော်ငြာလိုက်ပြတဲ့ Malware တွေဖြစ်ပြီး၊ “Loki” အမည်ရ Ad-Display Malware တစ်ခုကတော့ ဖုန်းရဲ့ System Privileges ကို တော်တော်ယူထားတာကြောင့် စိုးရိမ်ဖွယ်ရာပါပဲ။

References
Ars Technica
About Author
Assinged Tags
Android Malwares
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed