Mountain View မြို့မှာ ဆောက်လုပ်ခွင့်ရသွားတဲ့ Google ရဲ့ Campus အသစ်

date_range 12 March 2017

Mountain View မြို့မှာ ဆောက်လုပ်ခွင့်ရသွားတဲ့ Google ရဲ့ Campus အသစ်

visibility 50 Views

                Google က Mountain View မြို့မှာ ဆောက်လုပ်ဖို့စီစဉ်ထားတဲ့ Campus အသစ်ဟာ ၁၈ ဧက ကျယ်ဝန်းမှာဖြစ်ပြီး၊ Heatherwick Studio နဲ့ Bjarke Ingles Group တို့ပူးပေါင်း ဒီဇိုင်းရေးဆွဲထားတဲ့ စတုရန်းပေ ၅၉၅,၀၀၀ ကျယ်ဝန်းတဲ့ အဆောက်အဦးလည်း ပါဝင်မှာဖြစ်ပါတယ်။

                ဒီ Campus အသစ်ကို Google က “Google Charleston East” လို့နာမည်ပေးထားပါတယ်။ အဆောက်အဦးပုံစံဟာ အပေါ်စီးကနေကြည့်ရင် ရွက်ဖျင်တဲလေးတွေ စုထားတဲ့ပုံစံမျိုးဖြစ်ပြီး အမိုးကလည်း ရွက်ဖျင်တဲရဲ့အမိုး ပုံစံဖြစ်ပါတယ်။ 

                ဒီအဆောက်အဦးကို မိုးထားတဲ့အမိုးတွေဟာ ရွက်ဖျင်တဲရဲ့အမိုးလို ဖြစ်နေပေမယ့် ဒီအမိုးတွေဟာ နေရောင်ခြည်စွမ်းအင်ကို စုပ်ယူပြီးလျှပ်စစ်ဓါတ်အား ထုတ်လွှတ်ပေးမယ့် Solar ပြားတွေဖြစ်ပါတယ်။ Google က သူတို့ရဲ့ Campus တွေရဲ့ ဒီဇိုင်းပိုင်းနဲ့ အမြင်ပိုင်းကို အရင်ကအခုလောက်ထိ အရေးမပေးခဲ့ပါဘူး။ ဒါပေမယ့် အခု Campus ရဲ့ ဒီဇိုင်းပိုင်းကိုတော့ သေသေချာချာလုပ်ထားတာကို မြင်တွေ့ရပါတယ်။

                ဒီ Campus ဆောက်လုပ်ခွင့်ပြုဖို့အတွက် Mountain View မြို့က တာဝန်ရှိသူတွေဟာ တစ်ယောက်မှမကန့်ကွက်ခဲ့ကြတဲ့အပြင်၊ ဘယ်သူမှလည်း အစည်းအဝေးကို မလာကြပါဘူးတဲ့။ ကောလဟာက အရကတော့ Google က Mountain View မြို့မှာ ကြိုက်တာလုပ်ခွင့်ရှိတယ် လို့လည်းဆိုကြပါတယ်။

                အောက်မှာတော့ အသစ်ဆောက်လုပ်တော့မယ့် Google ရဲ့ “Google Charleston East” ဆိုတဲ့ အဆောက်အပုံစံကို ဓာတ်ပုံများနှင့်တကွ ပြသလိုက်ပါတယ်။

References
SF Curbed
About Author
Assinged Tags
Google Mountain View Google Campus Google Charleston East
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed