အရင်ကထက်နှစ်ဆနီးပါးမြန်မယ့် Facebook ရဲ့ AI လေ့ကျင့်ရေး Server အသစ်

date_range 12 March 2017

အရင်ကထက်နှစ်ဆနီးပါးမြန်မယ့် Facebook ရဲ့ AI လေ့ကျင့်ရေး Server အသစ်

visibility 450 Views

                ယခု Facebook ရဲ့ AI လေ့ကျင့်ရေး Server အသစ်ကို Big Basin လို့ခေါ်ပြီး အရင် Server အဟောင်းကတော့ Big Sur လို့ အမည်ရပါတယ်။ ဒီစွမ်းဆောင်ရည်မြင့် GPU Server ကို Nividia က အားဖြည့်ပေးထားပြီး ကြီးမားရှုပ်ထွေးလှတဲ့ AI လေ့ကျင့်ရေးကွန်ရက်တွေနဲ့ ချိတ်ဆက်ထားပါတယ်။

                ဒီ Server ဟာ Facebook အတွက် အရာဝထ္ထုတွေနဲ့ လူတွေရဲ့မျက်နှာကို ဝေဖန်ပိုင်းနိုင်ခြင်း၊ ချက်ချင်းဘာသာပြန်နိုင်ခြင်း၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေမှာပါရှိတဲ့ အရာဝထ္ထုတွေကို နားလည်နိုင်ပြီး ပြန်လည်ဖော်ပြနိုင်ခြင်း၊ စတဲ့ စွမ်းဆောင်ရည်မျိုးတွေရှိတဲ့ AI တစ်ခုကို လေ့ကျင့်ပေးမှာပါ။

                Big Basin ဟာ Big Sur ထက် ၃၀% ပိုမိုပြီး AI လေ့ကျင့်ရေးတွေ ပြုလုပ်နိုင်မှာဖြစ်သလို၊ AI ရဲ့တိုးတက်မှုနှုန်းဟာလည်း ယခင်ကထက်နှစ်ဆမြန်သွားမှာ ဖြစ်ပါတယ်။ Public အတွက် Big Basin ရဲ့ Server Design ကိုလည်း များမကြာမီကာလမှာ ချပြသွားမှာလည်း ဖြစ်ပါတယ်။

Big Basin အတွက်ရော၊ Facebook ရဲ့ Data Center အတွက်ပါ အလုပ်လုပ်ပေးနေတဲ့ Technical Program Manager Kevin Lee ကတော့ 

“ခင်ဗျားတို့ Facebook ထဲကို Log-In ဝင်လိုက်ပြီဆိုတာနဲ့ ကျနော်တို့ပြုလုပ်ထားတဲ့ AI ကိုအသုံးပြုပြီးသွားပါပြီ။ ဥပမာအနေနဲ့၊ သူငယ်ချင်းတွေ၊ မိသားစုတွေကို Tag လုပ်တာ၊ ဗီဒီယိုတွေကို အမျိုးအစားခွဲတာ၊​ ဒါတွေဟာ ကျနော်တို့ AI ကလုပ်နေတာပါ”

လို့ ဆိုထားပါတယ်။

                ယခု AI ရဲ့ အဓိက Function တွေထဲက တစ်ခုကတော့ အမြင်အာရုံချို့ယွင်းနေတဲ့သူတွေကို ဓာတ်ပုံထဲမှာ ဘာတွေပါလဲဆိုတာကို ဖော်ပြနိုင်ခြင်းပဲ ဖြစ်ပါတယ်။ မတ်လ နှစ်ရက်နေ့ကလည်း သေကြောင်းကြံစည်မှုတွေကို တားဆီးပေးတော့မယ့် AI ကို မိတ်ဆက်ခဲ့ပါသေးတယ် (ဒီသတင်းကို ဒီလင့်ခ် မှာဖတ်ရှုနိုင်ပါတယ်)။

                ဒီလိုမျိုးစွမ်းဆောင်ရည်တွေရှိတဲ့ AI တွေကိုမွေးထုတ်ပေးနိုင်တာဟာ Facebook က အခု Big Basin လို AI လေ့ကျင့်ရေး Server တွေနဲ့ AI တွေကို Public ကိုချမပြခင် လေ့ကျင့်ပေးလို့ပဲ ဖြစ်ပါတယ်။

References
The Verge
About Author
Assinged Tags
Facebook Artificial Intelligence Big Basin Big Sur Nividia Data Center
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed