သေကြောင်းကြံစည်မှုတွေကို AI နည်းပညာနဲ့ တားဆီးတော့မယ့် Facebook

date_range 02 March 2017

သေကြောင်းကြံစည်မှုတွေကို AI နည်းပညာနဲ့ တားဆီးတော့မယ့် Facebook

visibility 50 Views

                တစ်ချို့သေကြောင်းကြံစည်မှုတွေကို Facebook ကနေ Live လွှင့်တာကို မြင်ဖူးကြမှာပါ။ ယခင်ကတော့ ဒီဗီဒီယိုတွေဟာ Live လွှင့်နေတုန်းကြည့်မယ်၊ Record လုပ်ထားပြီး ပြန် Share မယ်၊ ဒါဆိုပြီးသွားပါပြီ။ သေကြောင်းကြံတဲ့သူကို ကူညီချိန်မရပါဘူး။ 

                အခုကတော့ Facebook မှာ သေကြောင်းကြံဖို့ Live လွှင့်ရင် Facebook က AI နည်းပညာနဲ့ Pattern Recognition (လူရဲ့ လှုပ်ရှားမှုပုံစံကို သိရှိနိုင်သော) နည်းပညာတို့ကို ပေါင်းစပ်ပြီး သေကြောင်းကြံစည်ဖို့ ကြိုးစားနေတဲ့လူကို ကူညီဖေးမပေးသွားမှာပါ။

                အရင် ၂၀၁၅ ခုနှစ်တုန်းက Facebook က ညစ်ညမ်းတဲ့ (ဒါမှမဟုတ်) မိုက်ရိုင်းတဲ့ ပုံတွေ၊ စာတွေကို Flag လုပ်နိုင်တဲ့ Feature လေးထည့်ပေးခဲ့ပါတယ်။ ယခု ဒီ Feature လေးဟာ Facebook Live မှာလည်း ပါဝင်လာပြီဖြစ်ပါတယ်။

                အသုံးပြုနေသူတစ်ယောက်က သေကြောင်းကြံစည်နေတဲ့ Live ဗီဒီယိုကို တွေ့ရှိလို့ Facebook ကို အကြောင်းကြားရင်ပဲဖြစ်ဖြစ်၊ Facebook ရဲ့ AI က အဲ့ဒီလို ဗီဒီယိုမျိုးကို တွေ့ရှိခဲ့ရင်ပဲဖြစ်ဖြစ်၊ သေကြောင်းကြံစည်နေတဲ့သူကို စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ချိတ်ဆက်ပေးသွား မယ့်အပြင် Facebook ကနေပြီးတော့လည်း အကူအညီဖြစ်စေနိုင်မယ့် Notification လေးတွေကို ပို့ပေးဦးမှာပါ။ သေကြောင်းကြံစည်မှုနဲ့ သက်ဆိုင်တဲ့ Post တွေ၊ Status တွေတင်ရင်လည်း ထိုနည်းအတိုင်းပါပဲ။


                 Facebook ဟာ သေကြောင်းကြံစည်မှုကို တားဆီးနေတဲ့ အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းပါဝင်ဆောင်ရွက်နေပါတယ်။ CEO Mark Zuckerberg ကတော့ 

“ဒီလိုဆိုးရွားတဲ့ အဖြစ်ပျက်မျိုးတွေ အများကြီးဖြစ်ပျက်ခဲ့ပါတယ်။ အဲ့ဒါကို တစ်ယောက်ယောက်က သိရှိလို့ အကြောင်းကြားခဲ့တယ်ဆိုရင် ဒီအဖြစ်အပျက်မျိုးတွေ ဖြစ်မလာအောင် တားဆီးနိုင်တာပေါ့။ ဒီလိုတားဆီးနိုင်အောင်လည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်”

လို့ ပြောထားပါတယ်။

References
The Verge
About Author
Assinged Tags
Facebook Artificial Intelligence Facebook Live Pattern Recognition
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed