64 CPU Cores နဲ့ 416GB RAM အထိ တိုးမြှင့်လိုက်တဲ့ Google ရဲ့ Compute Engine ဝန်ဆောင်မှု

date_range 11 March 2017

64 CPU Cores နဲ့ 416GB RAM အထိ တိုးမြှင့်လိုက်တဲ့ Google ရဲ့ Compute Engine ဝန်ဆောင်မှု

visibility 350 Views

                Google ကအခု Cloud Next ညီလာခံမှာ မိတ်ဆက်လိုက်တဲ့ ပစ္စည်းအသစ်တွေ၊ နည်းပညာအသစ်တွေ၊ ဝန်ဆောင်မှုအသစ်တွေဟာ မျက်လုံးပြူးချင်စရာပါ။ အခုလည်း Google ရဲ့ Compute Engine ဆိုတဲ့ ဝန်ဆောင်မှုမှာ အသုံးပြုထားတဲ့ စက်တွေရဲ့ စွမ်းဆောင်ရည်ကို အရင်ကထက် နှစ်ဆတိုးမြှင့်လိုက်ကြောင်း ကြေငြာလိုက်ပြန်ပါပြီ။

                Google ရဲ့ Compute Engine ဆိုတာ စွမ်းဆောင်ရည်မြင့်မားတဲ့စက်တွေကို အသုံးပြုမှအဆင်ပြေမယ့် Developer တွေ၊ ကုမ္ပဏီတွေကို Virtual Machine တွေဌားရမ်းပေးတဲ့ ဝန်ဆောင်မှုတစ်ခုပါ။

                အရမ်းရှုပ်ထွေးတဲ့ တွက်ချက်မှုတွေ လုပ်ဖို့အတွက် စွမ်းဆောင်ရည်မြင့်တဲ့ စက်တစ်လုံး လိုအပ်နေတဲ့လူတစ်ယောက်ဟာ ကိုယ့်အိမ်မှာရှိတဲ့ Laptop လေးနဲ့ပဲ Virtual Machine တွေရဲ့ အကူအညီကို ရယူနိုင်ပြီး အရမ်းရှုပ်ထွေးတဲ့ တွက်ချက်မှုတွေကို ၂၄ နာရီလုံးလုံး ပြုလုပ်နိုင်ပါတယ် (အင်တာနက်လိုင်းလေးတော့ လိုတာပေါ့)။

                ယခင် Compute Engine ဝန်ဆောင်မှုမှာ အသုံးပြုနေတဲ့ စက်တွေရဲ့ CPU မှာ 32 Cores သာရှိခဲ့ပေမယ့်၊ အခုမှာတော့ 62 Cores ထိအောင် တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။ ဒီလိုစက်တွေကို ဌားရမ်းအသုံးပြုမယ်ဆိုရင်တော့ တစ်နာရီအသုံးပြုခအတွက် အမေရိကန်ဒေါ်လာ ၄ ဒေါ်လာပဲ ကျသင့်မှာဖြစ်ပါတယ်။

Google မှာ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Urs Hoelzle ကတော့

“ကျနော်တို့က ဒီမှာတင်ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ဒီနှစ်ကုန်ပိုင်းလောက်မှာ ဒီစက်တွေရဲ့ Core အရေအတွက်ကို ထပ်မြှင့်သွားဦးမှာဖြစ်သလို၊ Memory ပမာဏကိုလည်း Gigabyte ကနေ Terabyte အထိမြှင့်သွားမှာပါ”

လို့ ပြောသွားပါတယ်။

                ဒီလို ဝန်ဆောင်မှုမျိုးဟာ Microsoft မှာလည်း ရှိပြီး Azure လို့ခေါ်ပါတယ်။ အရင်ကတော့ Compute Engine နဲ့ Azure က Virtual Machine တွေမှာ 32 Cores ပဲရှိခဲ့ပေမယ့် ဒီနေ့မှာတော့ Microsoft ကတော့ Google ထက်နောက်ကျကျန်ခဲ့ပါပြီ။

References
TechChrunch
About Author
Assinged Tags
Google Microsoft Compute Engine Virtual Machine Azure
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed