Dual-SIM သုံး ပထမဆုံး BlackBerry ဖုန်းဖြစ်တဲ့ BlackBerry Aurora ထွက်ရှိ

date_range 10 March 2017

Dual-SIM သုံး ပထမဆုံး BlackBerry ဖုန်းဖြစ်တဲ့ BlackBerry Aurora ထွက်ရှိ

visibility 5350 Views

                BlackBerry ဟာ မကြာသေးမီက ပြီးဆုံးသွားတဲ့ MWC 2017 ပွဲမှာ BlackBerry KeyOne ဆိုတဲ့ စမတ်ဖုန်းကို မိတ်ဆက်သွားတာ အားလုံးမှတ်မိကြမှာပါ။

                ဖုန်းရဲ့ Keypad ကို Trackpad ပုံစံမျိုးနဲ့ပါ အသုံးပြုနိုင်တဲ့ BlackBerry KeyOne စမတ်ဖုန်းကို ထုတ်လုပ်တာက တရုတ်အခြေစိုက် TCL ကုမ္ပဏီဖြစ်ပြီး၊ BlackBerry အမှတ်တံဆိပ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချခွင့် ဝယ်ယူထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

                ဒါပေမယ့် အခုအသစ်ထွက်ရှိလာတဲ့ BlackBerry Aurora ဖုန်းကိုတော့ အင်ဒိုနီးရှားကုမ္ပဏီ BB Merah Putih နဲ့ BlackBerry ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်ထားတာဖြစ်ပြီး၊ တန်ဖိုးသင့်စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။

                BlackBerry Aurora ဖုန်းဟာ Android စနစ်သုံးဖုန်းဆိုပေမယ့် BlackBerry ရဲ့ နာမည်ကျော် လုံခြုံရေးစနစ်နဲ့ ဆော့ဖ်ဝဲတွေပါ ပါဝင်ပြီး၊ တန်ဖိုးသင့် Mid-range ဖုန်းတစ်လုံးဖြစ်တာကြောင့် ဒီဇိုင်းကတော့ သာမန်လောက်ပါပဲ။

                အင်ဒိုနီးရှားနိုင်ငံဟာ BlackBerry ဖုန်းအသုံးပြုသူအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့်၊ Aurora ဖုန်းရောင်းအားကောင်းဖို့ကတော့ သေချာသလောက်ရှိပါတယ်။

                ဒီ့အပြင် Aurora ဖုန်းဟာ SIM နှစ်ကတ်အသုံးပြုနိုင်တဲ့ ပထမဆုံး BlackBerry ဖုန်းလည်းဖြစ်တာကြောင့်၊ dual-SIM ဖုန်းတွေ အများဆုံးအသုံးပြုကြတဲ့ အင်ဒိုနီးရှားအပါအဝင် အာရှနိုင်ငံက User တွေ အကြိုက်ပါပဲ။

                ဖုန်း Specifications ကတော့ သာမန်မော်ဒယ်နိမ့်ဖုန်းတစ်လုံးလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် ထူးခြားတာက Android 7.0 Nougat ကို out-of-the-box အဆင်သင့်အသုံးပြုနိုင်မှာပါ။ ကျနော့်အထင် ဒေါ်လာ ၃၀၀ အောက် ဖုန်းတွေထဲမှာ Nougat တပါတည်းပါဝင်လာတဲ့ ပထမဆုံးဖုန်းလို့တောင် ပြောရမယ်ထင်ပါတယ်။

                Aurora ဖုန်းမှာ ၅.၅ လက်မအကျယ် 720p မျက်နှာပြင်၊ 4GB RAM ၊ Snapdragon 425 SoC နဲ့ 32 GB Storage တို့ ပါရှိပြီး၊ microSD ကတ်ကို 2TB အထိ ထပ်စိုက်နိုင်ပါတယ်။ ဘက်ထရီက 3,000 mAh ဘက်ထရီဖြစ်ပြီး၊ အရောင်ကတော့ အနက်၊ ငွေရောင်နဲ့ ရွှေရောင်ဆိုပြီး သုံးမျိုးရွေးချယ်နိုင်မှာပါ။

                စျေးနှုန်းက ၂၆၀ ဒေါ်လာဖြစ်ပြီး၊ ယနေ့က စတင်ကာ Pre-Order ပြုလုပ်နိုင်ပါပြီ။ အင်ဒိုနီးရှားနိုင်ငံအပြင် တခြားစျေးကွက်တွေကိုကော တင်ပို့မလားဆိုတာကတော့ မသိရသေးပါဘူး။ 

References
9to5Google
About Author
Assinged Tags
Android Smartphones BlackBerry Android Nougat BlackBerry Aurora
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed