Samsung ကနေ အသစ်ထုတ်လုပ်လိုက်တဲ့ Galaxy C5 Pro

date_range 08 March 2017

Samsung ကနေ အသစ်ထုတ်လုပ်လိုက်တဲ့ Galaxy C5 Pro

visibility 5600 Views

                Galaxy C7 Pro ဖုန်းထွက်ရှိပြီးနှစ်လအကြာမှာ၊ C စီးရီးရဲ့ နောက်ထပ်စမတ်ဖုန်းအသစ်ဖြစ်တဲ့ Galaxy C5 Pro ကို ထပ်မံထွက်ရှိလာပါပြီ။

                Galaxy C7 Pro ဖုန်းတုန်းကလိုပဲ၊ C5 Pro ကို Lake Blue အပြာရောင်၊ Maple Leaf ရွှေရောင်နဲ့ Rose Powder ပန်းရောင်ဆိုပြီး သုံးမျိုးရရှိမှာပါ။ စျေးနှုန်းက တရုတ်ယွမ်ငွေ ၂၄၉၉ ( ၃၆၀ ဒေါ်လာ) ခန့်ရှိပြီး၊ မတ်လ ၁၆ ရက်ကနေ စတင်ကာ တရုတ်နိုင်ငံတွင်း ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။

                C5 Pro ဟာ တကယ်တမ်းတော့ C7 Pro အသေးစားဖြစ်ပြီး၊ မျက်နှာပြင်အကျယ်က ၅.၂ လက်မပဲရှိပါတယ်။ Resolution ကတော့ Full-HD (1080 x 1920 pixels) ဖြစ်ပြီး၊ Samsung ဖုန်းတွေထုံးစံအတိုင်း Super AMOLED Display နဲ့ပါပဲ။ ကိုယ်ထည်က သတ္တုကိုယ်ထည်ဖြစ်ပြီး၊ Antenna လိုင်းတွေက ဖုန်းအပေါ်ဘက်နဲ့ အောက်ဘက်မှာ ပါရှိပါတယ်။ အရင် A စီးရီး (2016) နဲ့ အရင် C စီးရီးဖုန်းတွေနဲ့ ဒီဇိုင်းကွာတာဆိုလို့  ဖုန်းထောင့်လေးတွေက အနည်းငယ်ပိုကွေးသွားပြီး၊ လေးထောင့်ကျကျမဟုတ်တော့တာပဲ ကွာပါမယ်။

                လက်ဗွေရာဆန်ဆာက Home ခလုတ်မှာပဲဖြစ်ပြီး၊ USB Type-C port ၊ 3.5mm Audio Jack ပေါက်တို့က ဖုန်းအောက်ဘက်မှာပါရှိပါတယ်။ အသံအတိုးအချဲ့ခလုတ်ကတော့ ဖုန်းရဲ့ ဘေးဘက်မှာဖြစ်ပြီး၊ ပါဝါခလုတ်က ဖုန်းညာဘက်မှာပါ။

                Galaxy C5 Pro ရဲ့ Specifications ကတော့ Snapdragon 625 octa-core processor ၊ 4GB RAM နဲ့ 64 GB Storage တို့ပါရှိပြီး၊ nano dual SIM ဖြစ်ပါတယ်။ SIM တစ်ကတ်နေရာမှာ microSD ကတ် slot လည်း အသုံးပြုနိုင်ပြီး၊ 256GB အထိ ထပ်စိုက်နိုင်ပါတယ်။ 

                ကင်မရာပိုင်းမှာတော့ f/1.9 အထိဖွင့်နိုင်တဲ့ Flash မီးနှစ်လုံးပါ 16-MP ကျောကင်မရာပါရှိပြီး၊ ရှေ့ကင်မရာကလည်း 16MP ပါပဲ။ ဘက်ထရီက 2600mAh ဘက်ထရီဆိုတော့ ဘက်ထရီနည်းတယ်လို့ ထင်ရပေမယ့်၊ ဘာမှမသုံးဘဲဖွင့်ထားမယ်ဆိုရင် ၂၉၆ နာရီတိတိခံတယ်လို့ ဆိုပါတယ်။ စျေးအလယ်အလတ်လောက်ရှိတဲ့ Mid-range ဖုန်းတစ်လုံးဖြစ်ပေမယ့်၊ မော်ဒယ်မြင့်ဖုန်းတွေမှာပဲ အတွေ့များတဲ့ NFC ၊ USB Type-C တို့လည်း ပါဝင်တာကို တွေ့ရပါတယ်။

                အသုံးဝင်တဲ့ Sensor တွေဖြစ်တဲ့ Acceleration sensor, gyroscope, magnetometer, proximity sensor နဲ့ RGB Light sensor တို့ အကုန်ပါဝင်မှာပါ။ Android စနစ်ကတော့ နောက်ဆုံးထွက်ဖုန်းဆိုပေမယ့်၊ Nougat မဟုတ်ဘဲ 6.0.1 Marshmallow နဲ့ပဲ ဖြစ်ပါတယ်။

References
Gadgets NDTV Samsung Shop
About Author
Assinged Tags
Samsung Android Smartphones Samsung Galaxy
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed