Windows Update ဖိုင်အရွယ်အစားကို ၃၅ ရာခိုင်နှုန်းအထိ လျော့ချပေးတော့မယ့် Microsoft

date_range 05 March 2017

Windows Update ဖိုင်အရွယ်အစားကို ၃၅ ရာခိုင်နှုန်းအထိ လျော့ချပေးတော့မယ့် Microsoft

visibility 150 Views

                Windows 10 အသုံးပြုသူတွေ စိတ်အညစ်ရဆုံးတစ်ခုက Major Update တွေပါ။ လွန်ခဲ့တဲ့နှစ်က ထွက်ခဲ့တဲ့ Anniversary Update ဆို ဖိုင် Size 4GB လောက်ရှိပြီး၊ အခုထွက်တော့မယ့် Creators Update မှာလည်း File Size က 4GB နီးပါးလောက်ရှိပါမယ်။ Major Update လုပ်မယ်ဆိုရင် Windows OS တစ်ခုလုံး အစကနေ ပြန်တင်ရသလိုပါပဲ။ ဒါပေမယ့် Creators Update ပြီးနောက် လာမယ့် Windows Update အသစ်တွေမှာတော့ Update လုပ်ရတဲ့ ဖိုင်အရွယ်အစားက ၃၅ ရာခိုင်နှုန်းလောက် သိသိသာသာနည်းသွားဖို့ရှိတယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

                မကြာခင်လအနည်းငယ်အတွင်းမှာ ထွက်ရှိလာတော့မယ့် Windows 10 Major Update တစ်ခုဖြစ်တဲ့ “Windows 10 Creator Update” မှာ “Unified Update Platform (UUP)” ပါဝင်လာမှာဖြစ်ပြီး၊ Major Updates တွေကို Differential Updates တွေအနေနဲ့ ရယူနိုင်မှာပါ။ Differential Updates ဆိုတာ အသစ်ထွက်လာတဲ့ Update ဖိုင်ထဲကနေ ကိုယ့်ရဲ့ အခုဗားရှင်းမှာ မရှိသေးတဲ့ဖိုင်တွေကိုပဲ Download ပြုလုပ်ဖို့ လိုမှာဖြစ်ပြီး၊ ဒီနည်းလမ်းကြောင့် Update လုပ်ရတဲ့ကြာချိန်နည်းသွားသလို၊ ဖိုင်အရွယ်အစားလည်း တော်တော်နည်းသွားမှာပါ။

                ဒီလို Differential Updates သုံးနိုင်ဖို့အတွက် User တစ်ယောက်အနေနဲ့ အသစ်ထွက်သမျှ Update တွေအကုန်လုံးကို မလွတ်တမ်း Download လုပ်ပေးနေရမှာပါ။ ကိုယ်က အရမ်းဟောင်းနေတဲ့ Build တစ်ခုကနေ နောက်ဆုံး Windows 10 Build ကို Download ဆွဲမယ်ဆိုရင်တော့၊ ဖိုင်အကုန်လုံးကို Download ဆွဲမှာရမှာဖြစ်ပါတယ်။

                Creators Update မှာပါလာမယ့် Differential Update နည်းပညာကို အခုလက်ရှိ Windows Insider Program စမ်းသပ်အသုံးပြုသူတွေမှာ သုံးစွဲလို့ရနေပြီဖြစ်ပြီး၊ ရိုးရိုးအသုံးပြုသူတွေအနေနဲ့ကတော့ ယခုနှစ်ကုန်ပိုင်းလောက်မှာထွက်မယ့် “Redstone 3” ကုဒ်အမည်ရ Windows Major Update အသစ်ကျမှ အသုံးပြုနိုင်ဖွယ်ရှိပါတယ်။
 

References
Engadget Arstechnica
About Author
Assinged Tags
Microsoft Windows Windows 10 Windows 10 Creators Update
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed