နောက်ထွက်လာမယ့် Pixel က ဈေးချိုမှာတော့ မဟုတ်ဘူးဆိုတဲ့ Google

date_range 04 March 2017

နောက်ထွက်လာမယ့် Pixel က ဈေးချိုမှာတော့ မဟုတ်ဘူးဆိုတဲ့ Google

visibility 100 Views

                Google ရဲ့ Hardware ဌာနမှုး Rick Osterloh က ​AndroidPIT နဲ့ အင်တာဗျုးမှာ Google Pixel ဖုန်းတွေကို Google က ထုတ်လုပ်ရောင်းချသွားဦးမှာဖြစ်ပြီး၊ ဈေးချိုမှာတော့ မဟုတ်ဘူးလို့ ပြောသွားပါတယ်။

                ၂၀၁၆ ခုနှစ်မှာ Google ဟာ Nexus ဖုန်းတွေထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပြီး သူတို့ရဲ့ Chromebook Pixel မှ Pixel ဆိုတဲ့နာမည်ကိုယူကာ အရည်အသွေးမြင့် Feature တွေထည့်ထားတဲ့ Pixel နဲ့ Pixel XL ဆိုတဲ့ Smartphone တွေကို ထုတ်လုပ်ခဲ့တဲ့ ခုနှစ်ဖြစ်ပါတယ်။

                ယခု ၂၀၁၇ ခုနှစ်မှာလည်း လူကြိုက်များခဲ့တဲ့ Pixel Smartphone တွေကို ဆက်လက်ထုတ်လုပ်သွားဖို့ အစီအစဥ်ရှိလားလို့ Rick Osterloh ကို မေးမြန်းတဲ့ အခါမှာတော့ သူက

“ထွက်ရှိမယ့် ရက်အတိအကျတော့ မပြောနိုင်ပေမယ့်၊​ နောက်ထပ် Pixel Smarphone တွေကို Google ကဆက်လက်ပြီး ထုတ်လုပ်ရောင်းချသွားမယ် ဆိုတာကိုတော့ အတိအကျပြောနိုင်ပါတယ်”

လို့ဖြေကြားသွားပါတယ်။

                ၂၀၁၇ ဘယ်လပိုင်းလောက်မှာ ထွက်ရှိမယ်လို့ အတိအကျ မသိရသေးပေမယ့် ကျွမ်းကျင်သူတွေကတော့ ၂၀၁၆ ခုနှစ်တုန်းကလိုပဲ အောက်တိုဘာလထဲမှာပဲ ထွက်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

                လွန်ခဲ့တဲ့ ဇန်နဝါရီလတုန်းက ယခုနှစ်မှာ တန်ဖိုးနည်း Pixel 2B ဖုန်းတွေထွက်ရှိမယ်လို့ ကောလဟာလ သတင်းတွေထွက်ခဲ့ပေမယ့် Rick Osterloh ဖြေကြားသွားပုံအရကတော့ Google က Pixel Smartphone တွေကို အရအသွေးမြင့်ဖုန်းတွေ အနေနဲ့သာ ထုတ်လုပ်သွားမှာဆိုတာ သေချာသွားပါပြီ။

References
Cnet
About Author
Assinged Tags
Google Pixel Pixel XL Rick Osterloh
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed