ဂိမ်းတစ်ခုကိုမဝယ်ခင် အစမ်းဆော့ကြည့်လို့ရမယ့် Google ရဲ့ “Playables”

date_range 02 March 2017

ဂိမ်းတစ်ခုကိုမဝယ်ခင် အစမ်းဆော့ကြည့်လို့ရမယ့် Google ရဲ့ “Playables”

visibility Views

Google Play Store မှာ ဂိမ်းတွေ Develop လုပ်ပြီးရောင်းချနေတဲ့ Developer တွေဟာ များမကြာမီအချိန်အတွင်းမှာ သူတို့ Develop လုပ်ထားတဲ့ဂိမ်းတွေကို Player တွေအစမ်းဆော့ကြည့်လို့ရအောင် “Playables” လို့ခေါ်တဲ့ ကြော်ငြာပုံစံတစ်ခုနဲ့ ပြုလုပ်နိုင်တော့မှာဖြစ်တယ်လို့ Google က GDC 2017 မှာကြေငြာလိုက်ပါတယ်။

“ဒီလိုလုပ်ပေးလိုက်တာဟာ Player တွေအတွက် တော်တော်ကြီးကောင်းသွားပါတယ်။ Developer တွေအတွက်ကောပေါ့နော်။ ဘာလို့လဲဆိုတော့ စွဲစွဲမြဲမြဲဆော့မယ့်သူတွေကို ဆွဲခေါ်လို့ရသွားပြီလေ။”

လို့ Google ရဲ့ Mobile ကြော်ငြာနှင့် ထုတ်ကုန်စီမံခန့်ခွဲရေး ဒါရိုက်တာ Sissie Hsiao က ပြောသွားပါတယ်။

သူကပဲဆက်လက်ပြီး

“အရင်ကဆိုရင် Developer တွေက Google Play Store Chart မှာ ထိပ်ဆုံးရောက်ဖို့ပဲ ကြိုးစားကြပါတယ်။ ထိပ်ဆုံးမှာရှိနေတဲ့ ဂိမ်းတွေဆိုရင်အလွယ်တကူ ရှာလို့လည်းရတယ်၊ Player တွေလည်း ပိုဆော့ချင်ကြတယ်ပေါ့။ အခုကျတော့ Player တွေက သူတို့ဆော့နေကြဂိမ်းကိုပဲ​ နာမည်နဲ့တိုက်ရိုက် ရှာကြပါတော့တယ်။”

လို့ပြောခဲ့ပါတယ်။

Google ရဲ့ “Playables” ဟာ များမကြာမီလတွေအတွင်း ထွက်ရှိလာနိုင်ပြီး၊ HTML 5 နဲ့လည်း Compatible ဖြစ်ပါတယ်။

References
The Verge
About Author
Assinged Tags
Google Applications Google Play Store GDC 2017 Sissie Hsiao
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed