၃၆၀ ဒီဂရီဗီဒီယိုတွေ ကြည့်နိုင်ပြီဖြစ်တဲ့ VLC 2.1 for Android (Beta)

date_range 26 February 2017

၃၆၀ ဒီဂရီဗီဒီယိုတွေ ကြည့်နိုင်ပြီဖြစ်တဲ့ VLC 2.1 for Android (Beta)

visibility Views

                VLC Media Player ကို ရေးဆွဲထားတဲ့ VideoLAN အဖွဲ့သားတွေရဲ့ ကြိုးပမ်းအားထုတ်မှုကတော့ တကယ့်ကိုအထင်ကြီးစရာပါ။

                Features အသစ်တွေ အမြောက်အများပါဝင်ခဲ့တဲ့ VLC 2.0 Update ကို ၂၀၁၆ အလယ်လောက်မှာ ထုတ်ပေးခဲ့ပြီး၊ အခုသိပ်မကြာခင်မှာပဲ ဗားရှင်းအသစ်ဖြစ်တဲ့ VLC 2.1 ရဲ့ Beta ဗားရှင်းကို ထပ်မံထုတ်ပေးလိုက်ပြန်ပါပြီ။

                VLC for Android 2.1.0 (Beta) မှာ အမိုက်ဆုံး Feature တစ်ခုကတော့ VLC Player နဲ့တင် 360 degree video တွေကိုကြည့်နိုင်လာတာဖြစ်ပြီး၊ Google Cardboard လိုမျိုး VR Headsets တွေနဲ့ တွဲသုံးနိုင်ဖို့အထိ ကြိုးစားနေတယ်လို့ သိရပါတယ်။


                နောက်ထပ်အသစ်ပါဝင်လာတဲ့ စွမ်းဆောင်ရည်အသစ်တွေကတော့ VLC ကို Android TV တွေမှာ သုံးမယ်ဆိုရင် VLC ဖွင့်ထားရင် တခြား App တွေသုံးနိင်မယ့် Picture-in-Picture mode ၊ User တွေတောင်းဆိုထားတဲ့ Android Auto မှာ VLC နဲ့ သီချင်းဖွင့်နိုင်မှု၊ Google Voice Search နဲ့ တွဲသုံးနိုင်တဲ့ Audio Player အသစ်တို့ဖြစ်ပါတယ်။ ဒီ့အပြင် အခု Audio Player အသစ်ရဲ့ နောက်ခံ Background မှာ လက်ရှိဖွင့်ထားတဲ့သီချင်းရဲ့ Art Cover ကို Blur လုပ်ပြီးဖော်ပြပေးထားမှာဖြစ်တာကြောင့် ဒီဇိုင်းကပိုမိုက်လာပါတယ်။


                VLC 2.1 မှာ အထက်ပါစွမ်းဆောင်ရည်အသစ်တွေအပြင် UI tweaks တစ်ချို့နဲ့ တခြားပြင်ဆင်မှုလေးတွေလည်း အများအပြားပါရှိပြီး၊ အကုန်လုံးကိုအသေးစိတ်ဖတ်ချင်ရင် VideoLAN က developer တယောက်ဖြစ်တဲ့ Geoffrey Metais ရဲ့ ဘလော့ဂ်ပို့စ်မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

                VLC 2.1 Beta ဗားရှင်းကို စမ်းသပ်သုံးစွဲကြည့်ချင်တယ်ဆိုရင်တော့ ယခုလင့်ခ်ကနေ Beta Tester အဖြစ် စာရင်းပေးသွင်းကာ၊ Google Play Store မှာ သွားရောက်ဒေါင်းလုဒ်လုပ်နိုင်ပါတယ်။

References
Android Authority Geoffrey Metais
About Author
Assinged Tags
Android Applications VLC for Android VideoLAN Video Players
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed