မျက်လုံးနဲ့ ထိန်းချုပ်နိုင်မယ့် Drone တစ်မျိုးအတွက် မူပိုင်ခွင့်ရရှိပြီ ဖြစ်တဲ့ Samsung

date_range 20 February 2018

မျက်လုံးနဲ့ ထိန်းချုပ်နိုင်မယ့် Drone တစ်မျိုးအတွက် မူပိုင်ခွင့်ရရှိပြီ ဖြစ်တဲ့ Samsung

visibility 680 Views

                ဒီနေ့မှာတော့  တောင်ကိုရီးယားနိုင်ငံ အခြေစိုက် အီလက်ထရောနစ် ကုမ္ပဏီကြီး ဖြစ်တဲ့ Samsung ရဲ့ မူပိုင်ခွင့် မှတ်ပုံတင် စာရွက်စာတမ်းတွေဟာ LetsGoDigital ကနေတဆင့် ပေါက်ကြားခဲ့တာ ဖြစ်ပါတယ်။ မူပိုင်ခွင့် မှတ်ပုံတင် စာရွက်စာတမ်းတွေအရ Device ရဲ့ အလယ်တည့်တည့်မှာ Display ပါဝင်ပြီး ထောင့် ၄ ထောင့်မှာ ပန်ကာ တစ်ခုစီ ပါဝင်တဲ့အတွက် Drone တစ်ခု ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းပြောဆိုထားပါတယ်။ 

                ဒါပေမယ့် Samsung ကတော့ "Flying Display Device" လို့ ကင်ပွန်းတပ်ထားပါတယ်။ ဒီ Drone မှာ ကင်မရာ တစ်လုံး ပါဝင်နိုင်ဖွယ် ရှိပြီး လူတစ်ယောက်ရဲ့ မျက်နှာအမူအရာနဲ့ လက်လှုပ်ရှားမှု ဟန်ပန်အမူအရာတွေကို ဖတ်ရှု့နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ မူပိုင်ခွင့် မှတ်ပုံတင် စာရွက်စာတမ်းတွေထဲမှာတော့ Drone မှာ ပါဝင်တဲ့ နည်းပညာက မျက်လုံး၊ ဦးခေါင်း၊ လက်နဲ့ လက်ချောင်းလေးတွေရဲ့ လှုပ်ရှားမှု ဟန်ပန်အမူအရာတွေကို ဖတ်ရှုပြီး ပိုင်ရှင်ကို အချိန်နဲ့တပြေးညီ ခြေရာခံနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

                Drone ရဲ့ ပျံသန်းနေတဲ့ Speed နဲ့ ပျံသန်းမယ့် လမ်းကြောင်းတွေကိုတော့ ဦးခေါင်း၊ မျက်လုံး၊ လက်လှုပ်ရှားမှုတွေနဲ့ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုင်ရှင်က ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေတယ် ဆိုရင်တောင် ပိုင်ရှင်ရှိတဲ့ နေရာကို အလိုအလျောက် လိုက်ပြီး ခြေရာခံနေမှာ ဖြစ်ပါတယ်။


                FIG.3 ကတော့ Device ရဲ့ ဘေးဘက်ပုံဖြစ်ပြီး Drone ရဲ့ ဟန်ချက်ကို ထိန်းပေးနိုင်တဲ့ Joint Manipulator တစ်ခု ပါဝင်တာကို တွေ့ရမှာပါ။ ဒါ့အပြင် Drone ရဲ့ လေးဘက်လေးတန်မှာရှိတဲ့ Quad-rotor တွေက အသေတပ်ဆင်ထားတာ မဟုတ်တဲ့အတွက် ပုံစံအမျိူးမျိူး ပြောင်းပြီး အသုံးပြုနိုင်ဖွယ် ရှိပါတယ်။ Sensor တွေ အနေနဲ့လည်း Gyroscope Sensor, Motion Sensor, Vibration System, နဲ့ Accelerometer တို့ ပါဝင်မယ်လို့ သိရပါတယ်။

                ဒီ Sensor တွေအပြင် Voice Recognition လုပ်ဆောင်နိုင်စွမ်းတွေ၊ GPS နဲ့ Wi-Fi-based Positioning System တို့လဲ ပါဝင်နိုင်တယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်း ပြောဆိုထားပါတယ်။ Samsung အနေနဲ့ Flying Display Device အတွက် မူပိုင်ခွင့်ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့တည်းက လျှောက်ထားခဲ့တာ ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ တရားဝင် ခွင့်ပြုချက်ရရှိခဲ့တာ ဖြစ်ပါတယ်။


               FIG.4 ကတော့ ပန်ကာတွေရဲ့ တွန်းကန်အားကို ထိန်းပေးတဲ့ Joint Manipulators (113) ကို တွေ့မြင်နိုင်မယ့် Drone ရဲ့ ဘေးဘက်ပုံ ဖြစ်ပါတယ်။ Display ရဲ့ ထောင့်မှာတော့ ပျံသန်းနိုင်ချိန်ကို ပြသပေးမယ့် မိနစ်ကို ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။ ပျံသန်းနေချိန်မှာလဲ အတားအဆီးဖြစ်နေတဲ့ အရာတွေကို အလိုအလျောက် ရှောင်ရှားသွားနိုင်မယ်လို့ သိရပါတယ်။

                Drone တွေဘက်ကို မြှားဦးလှည့်လာတာတဲ့ ကုမ္ပဏီဟာ Samsung တစ်ခုပဲလားဆိုရင် မဟုတ်သေးပါဘူး။ တစ်ဖက်မှာလည်း Amazon က အရေးပေါ် အနေအထားမှာ အလိုအလျောက် ဖျက်ဆီးပစ်ပြီး Suicide လုပ်နိုင်တဲ့ Drone တွေကို ထုတ်လုပ်ဖို့ မူပိုင်ခွင့်ရရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။

References
The Verge
About Author
Assinged Tags
Samsung Drone Patent
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed