Apple Park က ဝန်ထမ်းတွေဟာ မှန်နံရံတွေနဲ့ တံခါးတွေကို အမြဲတမ်း ဝင်တိုက်မိနေတာကြောင့် လမ်းပြဝန်ဆောင်မှုပါ ထားပေးနေရတဲ့ Apple

date_range 19 February 2018

Apple Park က ဝန်ထမ်းတွေဟာ မှန်နံရံတွေနဲ့ တံခါးတွေကို အမြဲတမ်း ဝင်တိုက်မိနေတာကြောင့် လမ်းပြဝန်ဆောင်မှုပါ ထားပေးနေရတဲ့ Apple

visibility 3900 Views

                ဘာအဆောက်အဦးပဲ ဆောက်ဆောက် မှန်နဲ့ပဲ ဆောက်တတ်တဲ့ Apple တို့ကတော့ Apple Park ကိုလည်း မှန်တွေနဲ့ပဲ ဆောက်ထားခဲ့တဲ့အတွက် ပြောင်းရွှေ့လာကြတဲ့ ဝန်ထမ်းတွေမှာ မှန်ကိုမှန်မှန်းမသိ၊ လမ်းကိုလမ်းမှန်း မသိတော့ပဲ မှန်နံရံတွေနဲ့ တံခါးတွေကို အမြဲတမ်း ဝင်တိုက်မိနေကြတယ်လို့ သိရပါတယ်။

                MarketWatch ကနေ ဒီနေ့ ပေးပို့လာတဲ့ Report တစ်ခုအရ ဝန်ထမ်းတွေ မတော်တဆ မှန်နံရံတွေနဲ့ မှန်တံခါးတွေကို ဝင်တိုက်မိကြမှာ စိုးရိမ်တဲ့အတွက် လမ်းပြဝန်ဆောင်မှုတွေပါ ထားပေးထားရတယ်လို့ သိရပါတယ်။ လမ်းပြတွေမထားလို့လည်း မရတော့ပါဘူး။ တစ်ချို့ ဝန်ထမ်းတွေဆို ခေါင်းတွေပါ ပေါက်ကုန်တယ်လို့ သိရပါတယ်။

                လမ်းပြဝန်ဆောင်မယ့်သူတွေ ရှိနေပေမယ့်လည်း ဝန်ထမ်းတွေခင်ဗျာမှာ မှန်ကို မှန်မှန်းမသိပဲ ဝင်တိုက်နေကြတုန်းပဲ ဖြစ်တဲ့အတွက် အကောင်းဆုံး ဖြေရှင်းနည်းအနေနဲ့ မှန်တိုင်းမှာ “မှန်ပါ” ဆိုပြီး စာလေးတွေ ကပ်ထားကြရတဲ့ အဖြစ်ကို ရောက်သွားကြပါတယ်။

                သို့ပေမယ့်လည်း မှန်ကိုမှပဲ ကြိုက်ပါတယ်ဆိုတဲ့ Apple က အထက်လူကြီးတွေက အဲ့စာတွေကို ပြန်ခွာခဲ့ကြပါတယ်။ ဘာလို့လည်း ဆိုတော့ “အဆောက်အဦးရဲ့ ဒီဇိုင်းကို ထိခိုက်စေလို့ပါ” တဲ့။ အဆောက်အဦးရဲ့ ဒီဇိုင်းကို ထိခိုက်တာက နောက်မှပါ။ ကြာကြာဆက်သွားရင် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အလုပ်ခွင်ဥပဒေအရ ဒဏ်ကြေးပါ ပေးဆောင်ရကိန်း ရှိနေပါတယ်။

                Apple တို့အနေနဲ့ လာရောက်လည်ပါတ်သူတွေနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို ဦးစားပေးမယ့်အစား အဆောက်အဦး ဒီဇိုင်းကိုပဲ ဦးစားပေးခဲ့တာ အခုတစ်ခေါက်က ပထမဆုံး မဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ်တုန်းကလည်း Apple Store ကို လာရောက်လည်ပါတ်တဲ့ ၈၃ နှစ်အရွယ် အဘွားအိုတစ်ယောက်က မှန်ကိုဝင်တိုက်မိပြီး နှာခေါင်းရိုးကျိုးသွားတာကြောင့် Apple ကို တရားစွဲခဲ့ဖူးပါသေးတယ်။

References
The Verge
About Author
Assinged Tags
Apple Park Apple Campus 2 Apple Campus
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed