၂၀၁၇ Q4 မှာ Smartphone ဈေးကွက်တစ်ခုလုံးရဲ့ ၅၁% ကို သိမ်းပိုက်နိုင်ခဲ့တဲ့ Apple

date_range 16 February 2018

၂၀၁၇ Q4 မှာ Smartphone ဈေးကွက်တစ်ခုလုံးရဲ့ ၅၁% ကို သိမ်းပိုက်နိုင်ခဲ့တဲ့ Apple

visibility 1040 Views

                Apple တို့ကတော့ အားလပ်ရက် ဈေးဝယ်ရာသီမှာ ထင်သလောက် ရောင်းအားမကောင်းခဲ့တာကြောင့် iPhone X ထုတ်လုပ်မှုကို တစ်ဝက်တိတိ လျော့ချလိုက်တယ် ဆိုပေမယ့် တကယ်တမ်းကျတော့ ၂၀၁၇ Q4 (Apple တို့အတွက်တော့ ၂၀၁၈ Q1) မှာ Smartphone ဈေးကွက် တစ်ခုလုံးရဲ့ ၅၁% ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

                ဒီစစ်တမ်းကို Strategy Analytics က ပြုလုပ်ခဲ့တာဖြစ်ပြီး အခုလိုမျိုး Smartphone ဈေးကွက်တစ်ခုလုံးရဲ့ တစ်ဝက်ကျော်ကို သိမ်းပိုက်နိုင်တာကလည်း iPhone X ကြောင့်လို့ သိရပါတယ်။ ၂၀၁၇ Q4 မှာ Apple ရဲ့ Smartphone ဈေးကွက် ပိုင်ဆိုင်မှုဟာ ပြိုင်ဘက်တွေဖြစ်တဲ့ Samsung နဲ့ Huawei တို့ထက် ၇ ဆခန့် များသွားခဲ့တာလည်း ဖြစ်ပါတယ်။

                ဒီနေရာမှာ Smartphone ဈေးကွက်တစ်ခုလုံးရဲ့ ၅၁% ကို သိမ်းပိုက်နိုင်ခဲ့တဲ့ အဓိက အကြောင်းအရင်းက ပိုများလာတဲ့ Apple တို့ရဲ့ ပျမ်းမျှ iPhone ရောင်းဈေးကြောင့် ဖြစ်ပါတယ်။ အရင်တုန်းက ပျမ်းမျှ iPhone ရောင်းဈေးနဲ့ ယှဉ်မယ်ဆိုရင် အခု ပျမ်းမျှ iPhone ရောင်းဈေးက iPhone X ကြောင့် ကန်ဒေါ်လာ ၈၀၀ နား ကပ်လာပြီလို့လည်း သိရပါတယ်။

                Samsung ကလည်း ပိုပြီး ဈေးများလာတဲ့ Galaxy S8, S8+ နဲ့ Note 8 တို့ကြောင့် ပျမ်းမျှဖုန်းရောင်းချဈေးက ကန်ဒေါ်လာ ၂၅၄ အထိ များသွားပြီး ၂၁% တိုးသွားတာလို့လည်း သိရပါတယ်။ Strategy Analytics ကတော့ စမတ်ဖုန်း ကုမ္ပဏီတွေဟာ ဖုန်းရောင်းဈေးကို တိုးမြှင့်လိုက်ကြတဲ့အတွက် ရောင်းအားမကောင်းရင်တောင်မှ အမြတ်ကတော့ ပိုရတယ်လို့ သုံးသပ်သွားပါတယ်။

                ဆက်လက်ပြီး Apple တို့ရဲ့ ပျမ်းမျှ iPhone ရောင်းချဈေးဟာ ကန်ဒေါ်လာ ၈၀၀ နား ကပ်လာပြီ ဖြစ်တဲ့အတွက် ဒီပျမ်းမျှရောင်းချဈေးဟာ Smartphone ဈေးကွက်တစ်ခုရဲ့ ပျမ်းမျှဖုန်းရောင်းချဈေးထက်တောင် များလာပြီ ဖြစ်သလို iPhone တွေဟာ Apple အတွက်တော့ “ငွေထုတ်စက်ကြီးတွေ” ပဲလို့ Strategy Analytics က တင်စားသွားပါတယ်။

References
9to5Mac
About Author
Assinged Tags
Samsung iPhone Huawei Apple iPhone X
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed