Windows 10 မှာ Power User တွေအတွက် “Ultimate Performance Mode” ပါဝင်လာတော့မည်

date_range 16 February 2018

Windows 10 မှာ Power User တွေအတွက် “Ultimate Performance Mode” ပါဝင်လာတော့မည်

visibility 260 Views

                Workstations တွေရဲ့ အမြင့်ဆုံး Performance နဲ့တင် မကျေနပ်နိုင်တဲ့ Power User တွေအတွက် Micorosoft ဟာ လာမယ့်လ ဒါမှမဟုတ် ဧပြီလလောက်မှာ ထွက်ရှိလာမယ်လို့ ခန့်မှန်းရတဲ့ Windows Update နဲ့အတူ စက်ကပေးနိုင်တဲ့ Performance ကို အဆုံးစွန်ဆုံးအထိ အသုံးချနိုင်မယ့် “Ultimate Performance Mode” ကို ထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။


                Microsoft ရဲ့ Windows Insider အကြီးအကဲ Dona Sarkar ကတော့

                “ဒီ Mode အသစ်ကို လက်ရှိ High-Performance Policy အတိုင်း တည်ဆောက်ထားတာ ဖြစ်ပြီး ပိုမိုကောင်းမွန်အောင် ပြုပြင်ထားတဲ့ Power Management နည်းစနစ်တွေနဲ့ Micro-Latencies တွေကို လျော့ချပေးနိုင်မှာပါ။ Micro-Latencies တွေကို တတ်နိုင်သမျှ လျော့ချနိုင်ဖို့ အတွက်ပဲ အဓိကထား တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် Hardware အပေါ်မှာတော့ တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိမှာဖြစ်ပြီး Power စားနှုန်းကလည်း များသွားမှာပါ”

လို့ ပြောသွားပါတယ်။

                Power စားနှုန်း များမှာဖြစ်တဲ့အတွက် ဒီ Mode အသစ်ကို Laptop တွေမှာတော့ သုံးလို့ရမှာ မဟုတ်ပါဘူး။ High-End Workstation တွေမှာပဲ သုံးလို့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချက်က ပြောင်းလဲသွားနိုင်တယ်လို့ Engadget ကတော့ ပြောသွားပါတယ်။

                နောက်ပြီး Windows 10 Pro Workstations မှာပဲ ပါဝင်မှာပါ။ တခြား Windows 10 Edition တွေမှာ ပါဝင်မှာ မဟုတ်ပါဘူး။  Gaming PC တွေမှာလည်း အသုံးပြုလို့ရမှာ မဟုတ်ပါဘူး။ Gaming PC တွေမှာတော့ Game Mode ကိုပဲ သုံးလို့ရမှာပါ။ Microsoft အနေနဲ့ Windows 10 Pro Workstations Edition ကို Server အဆင့် PC တွေနဲ့ Power User တွေအတွက် မနှစ်ကတုန်းက မိတ်ဆက်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

References
The Verge Engadget
About Author
Assinged Tags
Windows Windows 10 PC Windows Update
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed