Restart ခဏခဏ ကျသွားတဲ့ ပြဿနာ ရှိနေတာကြောင့် Galaxy S8 နဲ့ S8+ တို့အတွက် Android Oreo Update ကို ရပ်တန့်ခဲ့ရတဲ့ Samsung

date_range 16 February 2018

Restart ခဏခဏ ကျသွားတဲ့ ပြဿနာ ရှိနေတာကြောင့် Galaxy S8 နဲ့ S8+ တို့အတွက် Android Oreo Update ကို ရပ်တန့်ခဲ့ရတဲ့ Samsung

visibility 2260 Views

                Galaxy S8 နဲ့ S8+ တို့အတွက် Android Oreo Update (Firmware Versions G950/G955-FXXU1CRAP) ကို ထုတ်ပေးခဲ့ပြီးမှ Samsung မှ တာဝန်ရှိသူတွေ အနေနဲ့ Samsung Servers တွေထဲကနေ ဖျက်ချပစ်ခဲ့ပါတယ်။ အဲ့တုန်းကတော့ ဘာကိစ္စကြောင့် Update ထုတ်ပေးတာကို ရပ်တန့်လိုက်လည်း ဆိုတာကို Samsung ဘက်က အတိအကျ မပြောခဲ့ပါဘူး။

                ဒါပေမယ့် SamMobile ကနေ Samsung က တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့တဲ့ အခါမှာတော့ ထုတ်လိုက်တဲ့ Android Oreo Update မှာ Restart ခဏခဏ ကျသွားတဲ့ ပြဿနာ ရှိနေတာကြောင့် Firmware File တွေကို Samsung Severs တွေထဲကနေ ဖျက်ချပစ်ခဲ့တာလို့ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရပါတယ်။

                “Restart ခဏခဏ ကျသွားတဲ့ ပြဿနာ ရှိနေတာကြောင့် Galaxy S8 နဲ့ S8+ တို့အတွက် Android Oreo Update ကို Samsung ဘက်က ခဏတာ ရပ်တန့်ထားတာ ဖြစ်ပါတယ်။ ဒီပြဿနာရဲ့ အရင်းခံကို သိရှိအောင်လည်း Samsung ဘက်က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါပြီ။ ဒီပြဿနာ မရှိတော့တဲ့ Oreo Update ကိုလည်း အမြန်ဆုံး ထုတ်ပေးသွားမှာပါ”

လို့ Samsung က တာဝန်ရှိသူတွေက ပြောသွားပါတယ်။

                SamMobile ရဲ့ အဆိုအရ Samsung ဘက်က အခုလို မဖြေကြားခင် ကတည်းက Oreo Update တင်လိုက်တဲ့ Galaxy S8 နဲ့ S8+ အသုံးပြုသူတွေဟာ Restart ခဏခဏ ကျသွားတဲ့ ပြဿနာကို ကြုံတွေ့နေရတယ်လို့ SamMobile ကို Report တွေ တင်ခဲ့ကြတယ်လို့ သိရပါတယ်။

                Oreo Update ကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ မထုတ်ပေးရသေးတာ ဖြစ်တဲ့အတွက် ပြဿနာက သိပ်မကြီးသွားပါဘူး။ ဒါပေမယ့် အိန္ဒိယ၊ ဥရောပနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေက အသုံးပြုသူတွေကတော့ ဒီပြဿနာနဲ့ နဖူးတွေ့၊ ဒူးတွေ့ ကြုံနေရတယ်လို့ သိရပါတယ်။

                Samsung အနေနဲ့ အခု Update ကို လပေါင်းများစွာ Beta Testing လုပ်ခဲ့ပေမယ့်လည်း Beta Testing ကာလတုန်းကတော့ အခုလို ပြဿနာမျိုး မရှိခဲ့ပေမယ့် တကယ် ထုတ်ပေးလိုက်တဲ့ အချိန်ကျမှ ပြဿနာက ပေါ်လာတာ ဖြစ်ပါတယ်။ မကြာခင်မှာ Galaxy S9 နဲ့ S9+ တို့ကို မိတ်ဆက်ပေးတော့မယ့် Samsung အနေနဲ့ မိတ်မဆက်ခင်မှာ ဒီပြဿနာကို အပြတ်ရှင်းထားမှ တော်ကာကျမယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ထားပါတယ်။

References
The Verge SamMobile
About Author
Assinged Tags
Samsung Android Bug Report Galaxy S8 Galaxy S8 and S8+ Software Update Oreo Android Update Bug Firmware Android Oreo Software Bug
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed