လစဉ်ကြေး တစ်ထောင်ကျပ်ထဲနဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေကို အကန့်အသတ်မရှိ ကြည့်ရှုလို့ရမယ့် “Byscote”

date_range 16 February 2018

လစဉ်ကြေး တစ်ထောင်ကျပ်ထဲနဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေကို အကန့်အသတ်မရှိ ကြည့်ရှုလို့ရမယ့် “Byscote”

visibility 1120 Views

                “Byscote” ဟာ ရုပ်ရှင်ချစ်သူတွေ၊ ဇာတ်လမ်းတွဲချစ်သူတွေ အနေနဲ့ လစဉ်ကြေး တစ်ထောင်ကျပ်ထဲနဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေကို အကန့်အသတ်မရှိ ကြည့်ရှုလို့ရမယ့် Android App တစ်ခုဖြစ်ပြီး Myanmar Online Creations ကနေပြီး ရေးဆွဲဖန်တီး ပေးထားတယ်လို့ သိရပါတယ်။

                "Byscote ရဲ့ အားသာချက်က TV မှာပြသလို ပြသမယ့်အချိန်ကို စောင့်ကြည့်နေစရာမလိုပဲ ကိုယ်ကြိုက်တဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲကို ကိုယ်ကြည့်ချင်တဲ့အချိန်မှာ အင်တာနက်လေးဖွင့်ပြီး ကြည့်ရုံပါပဲ။ Byscote မှာ ပြတဲ့ ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲတိုင်းကို မြန်မာစာတန်းထိုးအမှန်နဲ့ တင်ပေးထားပါတယ်”

Byscote မှ တာဝန်ရှိသူများက ပြောကြားထားပါတယ်။


                Byscote ကို Download ဆွဲပြီး ဖုန်းထဲမှာ Install လုပ်ပြီးပြီဆိုရင် အရင်ဆုံး Facebook Account နဲ့ ချိတ်ဆက်ပေးရမှာပါ။ နောက်ပြီး စတင် အသုံးပြုသူတွေကိုလည်း ပထမတစ်လအတွက် လစဉ်ကြေး တစ်ထောင်ကျပ် ပေးသွင်းရုံနဲ့ နောက်တစ်လအတွက် အခမဲ့ ကြည့်ရှုခွင့် ရရှိမယ်လို့လည်း သိရပါတယ်။


                “ရုပ်ရှင်”“ဇာတ်လမ်းတို” နဲ့ “ဖျော်ဖြေရေး” ဆိုပြီး Category သုံးခု ခွဲပေးထားမှာဖြစ်ပြီး အခုလောလောဆယ်မှာတော့ ကိုရီးယားရုပ်ရှင်တွေ၊ ဇာတ်လမ်းတိုတွေနဲ့ The Return of Superman, Weekly Idol တို့လို့ ကိုရီးယား Show တွေပဲ ရှိပါသေးတယ်။


                လစဉ်ကြေး ပေးသွင်းဖို့အတွက် AYA, KBZ, CD, UAB, AGD စတဲ့ နီးစပ်ရာ ဘဏ်တွေ၊ ဖုန်းဆိုင်တွေနဲ့ Convenience Store တွေဖြစ်တဲ့ ABC နဲ့ G&G တို့လို့ စတိုးဆိုင်တွေမှာ အလွယ်တကူ ပေးသွင်းနိုင်မယ်လို့ သိရပါတယ်။ 

                အကယ်လို့ ငွေပေးသွင်းလို့ ရနိုင်မယ့် နေရာတွေကို မသိဘူး၊ ငွေသွင်းရာမှာ အခက်အခဲရှိတယ် ဆိုရင်လည်း Byscote ရဲ့ Facebook Page ကို ဆက်သွယ်မေးမြန်းနိုင်တယ်လို့ သိရပြီး အသုံးပြုချင်တယ် ဆိုရင်တော့ Google Play Store ကနေ သွားဒေါင်းနိုင်ပါတယ်။

References
TechX News
About Author
Assinged Tags
Android App App Mobile App Myanmar Mobile Apps Myanmar Apps Myanmar Android Apps
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed