အနာဂါတ် မလှပတော့တဲ့ ကုမ္ပဏီရဲ့ အခြေအနေကြောင့် HTC ရဲ့ Smartphone ထုတ်လုပ်ရောင်းချရေး အကြီးအကဲဖြစ်သူ ရာထူးမှနှုတ်ထွက်

date_range 15 February 2018

အနာဂါတ် မလှပတော့တဲ့ ကုမ္ပဏီရဲ့ အခြေအနေကြောင့် HTC ရဲ့ Smartphone ထုတ်လုပ်ရောင်းချရေး အကြီးအကဲဖြစ်သူ ရာထူးမှနှုတ်ထွက်

visibility 1560 Views

                ဒီနေ့မှာတော့ HTC ရဲ့ Smartphone ထုတ်လုပ်ရောင်းချရေး အကြီးအကဲဖြစ်သူ Chialin Chang ဟာ နှုတ်ထွက်စာ တင်ခဲ့တယ်လို့ HTC က တရားဝင် ကြေငြာလိုက်ပါတယ်။ Chailin Chang ဟာ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်ကြားမှာ HTC ရဲ့ CFO အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

                Chalin Chang ဟာ HTC အတွက် သစ္စာရှိရှိ တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး ကုမ္ပဏီကို ထွက်ခွာသွားခဲ့တဲ့ အကြီးအကဲတွေထဲမှာ နောက်ဆုံးတစ်ယောက်လည်း ဖြစ်ပါတယ်။ Chalin Chang အနေနဲ့ HTC မှာ ဆက်လက် အလုပ်လုပ်ကိုင်ချင်ပေမယ့်လည်း Smartphone Design တွေနဲ့ Engineering Team ကို ကန်ဒေါ်လာ ၁.၁ ဘီလီယံနဲ့ Google ကို ရောင်းချလိုက်ပြီ ဖြစ်တဲ့အတွက် ဆက်လုပ်ချင်စိတ် မရှိတော့ဘူးလို့ သိရပါတယ်။

                HTC ကတော့ စမတ်ဖုန်း ထုတ်ရောင်းချတဲ့ လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ဦးမှာ ဖြစ်ပြီး ကုမ္ပဏီရဲ့ မျိုးဆက်သစ် Flagship Smartphone တစ်လုံးဖြစ်တဲ့ U12 ကို ၂၀၁၈ ခုနှစ်အတွင်းမှာ မိတ်ဆက်ပေးသွားဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မကြာမီကျင်းပတော့မယ့် MWC 2018 ပွဲမှာတော့ မိတ်ဆက်ပေးဖို့ အလားအလာ မရှိသေးပါဘူး။

                The Verge ကတော့ U12 ပြီးသွားရင် HTC ဘာဆက်လုပ်မလဲ ဆိုတာကိုတော့ မသိသေးဘူးလို့ သုံးသပ်ထားပါတယ်။ HTC Website မှာတော့ Chailin Chang နှုတ်ထွက်သွားတာဟာ ပုဂ္ဂိုလ်ရေးနဲ့ သက်ဆိုင်တယ်လို့ ပြောထားပေမယ့် The Verge ကတော့ အနာဂါတ် မလှပတော့တဲ့ ကုမ္ပဏီအတွက် ခေါင်းဆောင်တစ်ယောက်အဖြစ် ဆက်လက်လုပ်ကိုင် မပေးချင်တော့လို့ပဲလို့ သုံးသပ်သွားပါတယ်။

References
The Verge
About Author
Assinged Tags
HTC
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed