Redmi Note 5၊ Redmi Note 5 Pro တို့နဲ့အတူ ၅၅ လက်မ Mi TV 4 တို့ကို Xiaomi မိတ်ဆက်

date_range 14 February 2018

Redmi Note 5၊ Redmi Note 5 Pro တို့နဲ့အတူ ၅၅ လက်မ Mi TV 4 တို့ကို Xiaomi မိတ်ဆက်

visibility 2440 Views

                Redmi Note 4 စမတ်ဖုန်းတုန်းက အိန္ဒိယမှာ လူကြိုက်များခဲ့တာကြောင့် Xiaomi အနေနဲ့ Redmi Note Series ရဲ့ မျိုးဆက်သစ် မော်ဒယ်နှစ်ခုဖြစ်တဲ့ Redmi Note 5 နဲ့ Redmi Note 5 Pro ကို အိန္ဒိယနိုင်ငံမှာ မိတ်ဆက်သွားခဲ့ပါတယ်။ ဒါ့အပြင် 4K HDR Display အသုံးပြု ၅၅ လက်မ အရွယ်အစားရှိ Mi TV 4 ကိုလည်း မိတ်ဆက်သွားခဲ့ပါသေးတယ်။

Redmi Note 5

                Redmi Note 5 စမတ်ဖုန်းမှာ Redmi Note 4 နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သိသိသာသာ ပြောင်းလဲသွားတဲ့ အချက်ကတော့ Screen အရွယ်အစားနဲ့ 18:9 Bezel-Less Display ကို အသုံးပြုထားတာပဲ ဖြစ်ပါတယ်။ Redmi Note 5 မှာ ၅.၉၉ လက်မ အရွယ်အစားရှိ 18:9 Full-HD (1080x2160 pixels) Curved Glass Display ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် NTSC Color Gamut ကို Coverage အနေနဲ့ ၈၄ ရာခိုင်နှုန်းအထိ ပေးသွားမှာဖြစ်ပြီး Brightness အနေနဲ့ 450-Nit အထိ ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။


                Processor ပိုင်းမှာတော့ Redmi Note 4 တုန်းကလိုပဲ Qualcomm ရဲ့ Mid-Range Processor တစ်ခုဖြစ်တဲ့ 2GHz Snapdragon 625 SoC ကို ဆက်လက် အသုံးပြုထားပါတယ်။ GPU အတွက်ကိုတော့ Adreno 506 GPU ကို အသုံးပြုထားပါတယ်။ RAM 3GB၊ RAM 4GB ဆိုပြီး မော်ဒယ် နှစ်မျိုးအနေနဲ့ ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ OS အနေနဲ့ Android Nougat ကို အခြေခံထားတဲ့ MIUI 9 ကို Redmi Note 5 မှာ အသုံးပြုထားပါတယ်။


                Bezel-Less စမတ်ဖုန်းတွေရဲ့ ထုံးစံအတိုင်း Fingerprint Sensor ကိုတော့ ဖုန်းရဲ့ကျောဘက်မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Redmi Note 5 မှာ 12-Megapixel f/2.2 Camera နဲ့ LED Flash Module ပါဝင်တဲ့ Rear ကင်မရာကို အသုံးပြုထားပြီး Selfie ပိုင်းအတွက်ကိုတော့ LED Selfie-Light နဲ့ Beautify 3.0 Beautification နည်းပညာ ပါဝင်တဲ့ 5MP Camera ကို အသုံးပြုထားပါတယ်။


                Storage ပိုင်းမှာတော့ 32GB နဲ့ 64GB ဆိုပြီး မော်ဒယ်နှစ်မျိုး အနေနဲ့ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Storage Space မလုံလောက်ဘူးဆိုရင်လည်း microSD Card ထပ်စိုက်လို့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Hybrid Dual-SIM Format ဖြစ်တာကြောင့် SD Card စိုက်မယ်ဆိုရင်တော့ SIM Card နှစ်ကဒ် စိုက်လို့ရမှာ မဟုတ်တော့ပါဘူး။

                Connectivity Options တွေအနေနဲ့ Redmi Note 5 မှာ 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth, 3.5mm Headphone Jack နဲ့ Micro-USB တို့ ပါဝင်မှာ ဖြစ်ပြီး 4000 mAh Battery နဲ့အတူ 5V/2A Fast Charging လည်း ပါဝင်မှာ ဖြစ်ပါတယ်။ အရွယ်အစားအနေနဲ့ 158.5x75.45x8.05mm ရှိမှာဖြစ်ပြီး ၁၈၀ ဂရမ် အလေးချိန်ရှိမယ်လို့ သိရပါတယ်။


                Black, Gold, Lake Blue, Rose Gold စတဲ့ အရောင်လေးမျိုး အနေနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ Redmi Note 5 RAM 3GB, 32GB Storage Model ကို ကန်ဒေါ်လာ ၁၅၅ ဒေါ်လာ (မြန်မာငွေ ၂ သိန်း ဝန်းကျင်) ၊ RAM 4GB, 64GB Storage Model ကို ကန်ဒေါ်လာ ၁၈၇ ဒေါ်လာ (မြန်မာငွေ ၂ သိန်း ၄ သောင်း ဝန်းကျင်) နဲ့ ဖေဖေါ်ဝါရီ ၂၂ ရက်နေ့ကစပြီး အိန္ဒိယနိုင်ငံမှာ စတင် ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Redmi Note 5 Pro

                Redmi Note 5 Pro မှာ Display ပိုင်းအတွက် ၅.၉၉ လက်မ အရွယ်အစားရှိ 18:9 Full-HD (1080x2160 Pixels) 2.5D Curved Glass Display ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် NTSC Color Gamut ကို Coverage အနေနဲ့ ၈၃ ရာခိုင်နှုန်းအထိ ပေးသွားမှာဖြစ်ပြီး Brightness အနေနဲ့ 450-Nit အထိ ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။


                Redmi Note 5 Pro မှာ 1.8GHz Octa-Core Snapdragon 636 SoC ကို အသုံးပြုထားပြီး GPU ပိုင်းအတွက် Adreno 509 GPU ကို အသုံးပြုထားပါတယ်။ RAM 4GB နဲ့ 6GB ဆိုပြီး မော်ဒယ် နှစ်မျိုးအနေနဲ့ Redmi Note 5 Pro ကို ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

                Redmi Note 5 Pro ဟာ Snapdragon 636 SoC အသုံးပြုထားတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပြီး Redmi Note Series စမတ်ဖုန်းတွေထဲမှာ အမြန်ဆုံး စမတ်ဖုန်း ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် AnTuTu Score 109,692 အထိ ရရှိထားတယ်လို့လည်း သိရပါတယ်။ Fingerprint Sensor ကိုတော့ ဖုန်းရဲ့ ကျောဘက်မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။


                Redmi Note 5 Pro မှာ Dual Rear Camera Setup ကို အသုံးပြုထားပြီး 12 MP f/2.2 Primary Sensor နဲ့အတူ 5 MP f/2.0 Secondary Sensor တို့ပါဝင်မှာပါ။ Selfie ပိုင်းအတွက်ကိုတော့ LED Self-Light နဲ့အတူ Beautify 4.0 Beautification နည်းပညာ ပါဝင်တဲ့ 20 MP Sony IMX376 Sensor အသုံးပြုထားပါတယ်။ Front Camera ဒါမှမဟုတ် Rear Camera ကို အသုံးပြုပြီး Bokeh Effect ပါဝင်တဲ့ Portrait ဓါတ်ပုံတွေ ရိုက်ကူးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ပြီး လာမယ့် မတ်လကျရင် Redmi Note 5 Pro မှာ Face Unlock Feature လည်း စတင်ရရှိမယ်လို့ သိရပါတယ်။


                Redmi Note 5 Pro မှာ Internal Storage အနေနဲ့ 64GB ပါဝင်မှာ ဖြစ်ပြီး Storage မလောက်ဘူးဆိုရင် microSD Card ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Hybrid Dual-SIM Format ဖြစ်တာကြောင့် SD Card စိုက်မယ်ဆိုရင်တော့ SIM Card 2 Card စိုက်လို့ ရမှာ မဟုတ်တော့ပါဘူး။


                Connectivity Options တွေ အနေနဲ့ Redmi Note 5 Pro မှာ 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth, 3.5mm Headphone Jack နဲ့ Micro-USB တို့ ပါဝင်မှာ ဖြစ်ပြီး 4000 mAh Battery နဲ့အတူ 5V/2A Fast Charging လည်း ပါဝင်မှာ ဖြစ်ပါတယ်။ 4000 mAh Battery ကို အသုံးပြုထားတာကြောင့် Video ကြည့်မယ်ဆိုရင် ၁၄ နာရီ ကြည့်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အရွယ်အစားအနေနဲ့ 158.6x75.4x8.05mm ရှိမှာဖြစ်ပြီး ၁၈၁ ဂရမ် အလေးချိန်ရှိမှာပါ။

                Redmi Note 5 Pro ကို Black, Gold, Lake Blue, Rose Gold စတဲ့ အရောင်လေးမျိုး အနေနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ Redmi Note 5 Pro RAM 4GB, 64GB မော်ဒယ်ကို ကန်ဒေါ်လာ ၂၁၈ ဒေါ်လာ (မြန်မာငွေ ၂ သိန်း ၈ သောင်း ဝန်းကျင်) ၊ RAM 6GB, 64GB Storage မော်ဒယ် ကို ကန်ဒေါ်လာ ၂၆၅ ဒေါ်လာ (မြန်မာငွေ ၃ သိန်း ၅ သောင်း ဝန်းကျင်) နဲ့ ဖေဖေါ်ဝါရီ ၂၂ ရက်နေ့ကစပြီး အိန္ဒိယနိုင်ငံမှာ စတင် ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

MI TV 4 55-Inch Model

                Xiaomi အနေနဲ့ Redmi Note 5, Redmi Note 5 Pro စတဲ့ စမတ်ဖုန်း မော်ဒယ်အသစ် နှစ်ခု နဲ့ အတူ MI TV 4 ၅၅ လက်မ မော်ဒယ်ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ Mi TV 4 Series ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ကျင်းပခဲ့တဲ့ CES 2017 မှာ စတင် မိတ်ဆက်ပေးခဲ့တာ ဖြစ်ပြီး LED TV တွေထဲမှာ ကမ္ဘာ့အပါးဆုံး LED TV Series တွေလည်း ဖြစ်တယ်လို့ သိရပါတယ်။


                အိန္ဒိယမှာ မိတ်ဆက်ပေးခဲ့တဲ့ Mi TV 4 မှာ ၅၅ လက်မ အရွယ်အစားရှိ  LED Display Panel ကို အသုံးပြုထားပါတယ်။ Resolution အနေနဲ့ 4K (3840x2160 Pixels) Resolution ရရှိမှာ ဖြစ်ပြီး HDR Support ပါဝင်မယ်လို့ သိရပါတယ်။ 60Hz Panel ကို အသုံးပြုထားတာကြောင့် ၁၇၈ ဒီဂရီ Wide Angle View ရရှိမှာဖြစ်ပြီး Respones Time 8ms ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ 


                ကုမ္ပဏီရဲ့ အဆိုအရ Mi TV 4 ၅၅ လက်မ မော်ဒယ်မှာ 1.8GHz 64-bit Quad-Core Amlogic Cortex-A53 SoC ကို အသုံးပြုထားပြီး GPU အနေနဲ့ Mali-T830 Graphics ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ RAM အနေနဲ့ 2GB ပါဝင်မှာ ဖြစ်ပြီး Internal Storage 8GB ပါဝင်မှာ ဖြစ်ပါတယ်။

                Mi TV 4 ၅၅ လက်မ မော်ဒယ်မှာ Connectivity Options တွေအနေနဲ့ HDMI 2.0 အပေါက် ၃ ပေါက်၊ USB 3.0 တစ်ပေါက်၊ USB 2.0 တစ်ပေါက်၊ Ethernet Port၊ S/PDIF Port၊ Dual Band (2.4GHz and 5GHz) Wi-Fi 802.11ac၊ Bluetooth 4.0 တို့ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။


                ဒါ့အပြင် Dolby+DTS Cinema Audio Quality ကို Mi TV 4 မှာ ပါဝင်တဲ့ 8W Duct Inverted Speaker နှစ်လုံးကနေတစ်ဆင့် ခံစားနိုင်စေရမယ်လို့ ညွှန်းဆိုထားပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံမှာ ရောင်းချနိုင်ရန်အတွက် UI ကိုလည်း AI နည်းပညာ အသုံးပြု PatchWall UI အဖြစ် ဒီဇိုင်း ပြန်လည် ရေးဆွဲထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ Xiaomi Mi TV 4 ၅၅ လက်မ မော်ဒယ်ကို ကန်ဒေါ်လာ ၆၂၄ ဒေါ်လာ (မြန်မာငွေ ၈ သိန်း ၂ သောင်း ဝန်းကျင်) နဲ့ ဖေဖေါ်ဝါရီ ၂၂ ရက်နေ့ကနေ စတင်ပြီး အိန္ဒိယနိုင်ငံမှာ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
GizMoChina
About Author
Assinged Tags
Xiaomi Redmi Note 4 Related Redmi Note 5 Mi TV Xiaomi TV Redmi Note 5 Pro Mi TV 4
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed