၂၀၁၇ ခုနှစ် Q4 မှာ Google, OnePlus, HTC နဲ့ Sony တို့ထက် ရောင်းအားကောင်းခဲ့တဲ့ Nokia

date_range 14 February 2018

၂၀၁၇ ခုနှစ် Q4 မှာ Google, OnePlus, HTC နဲ့ Sony တို့ထက် ရောင်းအားကောင်းခဲ့တဲ့ Nokia

visibility 540 Views

                HMD Global ရဲ့ Nokia စမတ်ဖုန်းတွေဟာ ၂၀၁၆ ခုနှစ် နှောင်းပိုင်းမှာ Android စမတ်ဖုန်း လောကထဲကို စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ Nokia Smartphone တွေဟာ Q4 2017 မှာ HTC, Sony, Google, Lenovo, OnePlus, Alcatel, Gionee, Meizu, Coolpad, Asus တို့ထက် ရောင်းအားကောင်းခဲ့တယ်လို့ Counterpoint Researcher တစ်ဦးဖြစ်တဲ့ Neil Shah က သူရဲ့ Twitter အကောင့်မှာ ဖော်ပြခဲ့ပါတယ်။

                Neil Shah ရဲ့ ပြောကြားချက်များအရ Nokia ဟာ ၂၀၁၇ ခုနှစ် Q4 မှာ စမတ်ဖုန်းစျေးကွက်ရဲ့ ၁% ကိုပိုင်ဆိုင်ခဲ့ပြီး ဈေးကွက်ထဲမှာတော့ အဆင့် ၁၁ နေရာမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Nokia ရဲ့ Q4 2017 (၂၀၁၇ခုနှစ်ရဲ့ နောက်ဆုံး ၃လ) ရောင်းအားက UK မှာ အဆင့် ၃၊ ရုရှား၊ ဗီယက်နမ်နဲ့ အရှေ့အလယ်ပိုင်း စျေးကွက်တွေမှာ အဆင့် ၅ ကနေ ၁ ကို ဝင်နိုင်ခဲ့ပြီး စုစုပေါင်း အလုံးရေ ၄.၄ မီလီယံထိ ရောင်းထွက်ခဲ့တာ ဖြစ်တယ်လို့ TechRadar ကနေတဆင့် သိရပါတယ်။

                ဒီရောင်းအားဟာ Google Pixel ဖုန်းတွေရဲ့ တစ်နှစ်စာ ရောင်းအားထက် သာလွန်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Q4 2017 မှာ Nokia Keypad ဖုန်း အလုံးပေါင်း ၂၀.၇ မီလီယံအထိ ရောင်းချနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ကြောင့် Nokia ရဲ့ Smartphone ရောင်းအားနဲ့ Keypad Phone ရောင်းအားကို ပေါင်းလိုက်မယ်ဆိုရင် စမတ်ဖုန်းစျေးကွက် တစ်ခုလုံးရဲ့ ၅% ထိ ပိုင်ဆိုင်လာတာ ဖြစ်ပြီး စမတ်ဖုန်းထုတ်လုပ်တဲ့ အကြီးဆုံး ကုမ္ပဏီအဖြစ် နံပါတ် ၆ နေရာကို ရောက်ရှိသွားပါပြီ။

                Statista မှ ရေးသားချက်များအရ နံပါတ် ၅ နေရာမှာတော့ BKK Electronics က ပိုင်ဆိုင်တဲ့ Oppo က ရပ်တည်နေတာဖြစ်ပြီး စမတ်ဖုန်း စျေးကွက်တစ်ခုလုံးရဲ့ ၆.၈% ကို ပိုင်ဆိုင်ထားပါတယ်။ Apple က ၁၉.၂% နဲ့ ပထမနေရာမှာ ရပ်တည်နေပြီး Samsung ကတော့ ၁၈.၄% နဲ့ ဒုတိယ နေရာမှာ ရပ်တည်နေပါတယ်။ တတိယနေရာမှာတော့ Huawei က ၁၀.၂၅% နဲ့ ရပ်တည်နေပြီး စတုတ္ထနေရာမှာတော့ Xiaomi ၇% ပိုင်ဆိုင်ထားပါတယ်။

                Nokia ဟာ စမတ်ဖုန်းလောကထဲကို ဝင်ရောက်လာတာ တစ်နှစ်လောက်ပဲ ရှိသေးတယ် ဆိုပေမယ့် အခုလိုရလာဒ်မျိုး မြန်မြန်ဆန်ဆန် ရရှိလာနိုင်တာဟာ ချီးကျူးဖို့ကောင်းတယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ထားကြပါတယ်။ HMD Global အနေနဲ့ ဘာစီလိုနာမြို့မှာ ကျင်းပမယ့် MWC 2018 ပွဲကို တက်ရောက်မှာဖြစ်ပြီး သူတို့ရဲ့ Products သစ်တွေကို မိတ်ဆက်ပေးဦးမှာလည်း ဖြစ်ပါတယ်။

This Article is contributed by Thaw Zin.
References
The Verge MobileGeeks
About Author
Assinged Tags
Xiaomi Google Smartphones Nokia Lenovo OPPO Android Smartphones HTC Vivo
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed