၂၀၁၇ ခုနှစ်အတွင်းမှာ Hacker တွေဟာ နိုင်ငံတွင်းဘဏ်တွေ ဆီကနေ ကန်ဒေါ်လာ ၁၇ မီလီယံကျော် ခိုးယူသွားခဲ့တယ်လို့ ရုရှားဗဟိုဘဏ် ကြေငြာ

date_range 14 February 2018

၂၀၁၇ ခုနှစ်အတွင်းမှာ Hacker တွေဟာ နိုင်ငံတွင်းဘဏ်တွေ ဆီကနေ ကန်ဒေါ်လာ ၁၇ မီလီယံကျော် ခိုးယူသွားခဲ့တယ်လို့ ရုရှားဗဟိုဘဏ် ကြေငြာ

visibility 420 Views

                ၂၀၁၇ ခုနှစ်အတွင်းမှာ Hacker တွေဟာ နိုင်ငံတွင်းဘဏ်တွေ ဆီကနေ ကန်ဒေါ်လာ ၁၇ မီလီယံကျော် ခိုးယူသွားခဲ့ပြီး Cyber ပြစ်မှုတွေ ကျူးလွန်ခဲ့ကြတယ်လို့ ရုရှားနိုင်ငံ ဗဟိုဘဏ်က တာဝန်ရှိသူတွေအနေနဲ့ မနေ့က တရားဝင် ကြေငြာခဲ့ပါတယ်။

                ရုရှားဟာ အမေရိကန်နိုင်ငံနဲ့ ဥရောပနိုင်ငံတွေမှာ Cyber ပြစ်မှုတွေ ကျူးလွန်ပြီဆိုရင် အမြဲတမ်း တရားခံအဖြစ် လက်ညှိုးထိုးခံနေရတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ နောက်ပြီး ရုရှားက Hacker တွေကိုလည်း Kremlin က ကျော်ထောက်နောက်ခံ လုပ်နေတယ် ဆိုပြီးတော့လည်း စွပ်စွဲကြပါသေးတယ်။

                ရုရှားဗဟိုဘဏ်က အကြီးအကဲတွေက သူတို့လည်းပဲ Cyber ပြစ်မှုကျူးလွန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ပြန်လည်တိုက်ခိုက်ဖို့လည်း ကြိုးစားနေကြရတယ်လို့ တစ်ကမ္ဘာလုံးကို ပွင့်ပွင့်လင်းလင်း ကြေငြာခဲ့တာဟာ ဒီလိုစွပ်စွဲမှုတွေကို ပြန်လည်ချေပတာ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ထားပါတယ်။

                ရုရှားဗဟိုဘဏ်ရဲ့ အကြီးအကဲဖြစ်သူ Dmitry Skobelkin ကတော့

                “၂၀၁၇ ခုနှစ်မှာ ရရှိထားတဲ့ မှတ်တမ်းမှတ်ရာများအရ Hacker တွေဟာ Cobalt Strike ကို အသုံးပြုပြီး အကြိမ်အရေအတွက် ၂၁ ကြိမ်လောက် အလုံးအရင်းနဲ့ Hack ခဲ့ကြပါတယ်။ ဘဏ်တွေနဲ့ လုပ်ငန်းတွေ စုစုပေါင်း ၂၄၀ လောက် တိုက်ခိုက်ခံခဲ့ရပြီး တိုက်ခိုက်မှု ၁၁ ကြိမ် အောင်မြင်ခဲ့ပါတယ်။ အခိုးခံခဲ့ရတဲ့ ငွေပမာဏကတော့ ကန်ဒေါ်လာ ၁၇ မီလီယံကျော် ရှိပါတယ်”

လို့ ရုရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ Security Conference တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

                Cobalt Strike ဆိုတာ Cyber Defenses တွေ အားကောင်းရဲ့လားဆိုတာကို စမ်းသပ်တဲ့ Tool တစ်ခုဖြစ်ပေမယ့် Hacker တွေကတော့ ရုရှားနိုင်ငံက ဘဏ်တွေနဲ့ ဥရောပနိုင်ငံတွေက ဘဏ်တွေကို တိုက်ခိုက်ဖို့အတွက် အသုံးပြုခဲ့ကြတယ်လို့ သိရပါတယ်။ နောက်ပြီး ဒီ Hacker တွေက သူတို့ကိုယ်သူတို့ Cobalt အဖွဲ့လို့လည်း နာမည်ပေးထားကြပါသေးတယ်။

                ဒီအဖွဲ့ဟာ ၂၀၁၆ ခုနှစ်တုန်းကလည်း Cobalt Strike ကို အသုံးပြုပြီး ATM စက်ပေါင်းများစွာကို Hack ခဲ့
သေးတယ်လို့လည်း သိရပါတယ်။ Dmitry Skobelkin ကတော့ Cobalt အဖွဲ့က ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ ရုရှားနိုင်ငံက ဘဏ်တွေနဲ့ လုပ်ငန်းတွေ ၄၀၀ ကျော်ကိုလည်း သတိပေးခဲ့ပြီးဖြစ်တယ်လို့လည်း ပြောကြားသွားပါသေးတယ်။

                Cobalt ဆိုတဲ့ နာမည်ကို Mission Impossible ပရိတ်သတ်တွေ ကြားဖူးကြပါလိမ့်မယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီနာမည်က Mission Impossible : Ghost Protocol ဇာတ်ကားထဲက ဗီလိန်ရဲ့ Code Name ပါပဲ။

References
Gadgets NDTV
About Author
Assinged Tags
Cyber Security Cyber Attack Hack Hacker Cobalt Strike Cyber Defenses Cybercrime Cobalt
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed