iOS 9 အတွက် iBoot စနစ်ရဲ့ Source Code တွေ GitHub မှာ ပေါက်ကြား

date_range 08 February 2018

iOS 9 အတွက် iBoot စနစ်ရဲ့ Source Code တွေ GitHub မှာ ပေါက်ကြား

visibility 760 Views

                Apple အနေနဲ့ macOS နဲ့ iOS က Source Code အနည်းငယ်ကို လွန်ခဲ့တဲ့နှစ်တွေမှာ Open Source အဖြစ် ထုတ်ပေးခဲ့ဖူးတယ် ဆိုပေမယ့် iBoot စနစ်ရဲ့ Source Code တွေကိုတော့ ဘယ်သူမှ အသိမခံပဲ လုံလုံခြုံခြုံ သိမ်းထားခဲ့ပါတယ်။ လုံလုံခြုံခြုံ သိမ်းထားရတယ် ဆိုတာကလည်း အကြောင်းရှိပါတယ်။

                Apple ရဲ့ iBoot စနစ်ဟာ iOS ရဲ့ အရေးအပါဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး Trusted Boot Up Process ကို ကိုင်တွယ်ထားတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ Trusted Boot Up Process အတွက် အရေးကြီးတဲ့ ဒီလို iBoot စနစ်ရဲ့ Source Code တွေတောင်မှ GitHub ကနေတစ်ဆင့် ပေါက်ကြားခဲ့တယ်လို့ သိရပါတယ်။


                Motherboard ရဲ့ Report တစ်ခုအရ ဒီ Source Code တွေကို GitHub မှာ တွေ့ရှိခဲ့ရပြီး iBoot စနစ်ရဲ့ Source Code တွေရော ဟုတ်ရဲ့လားလို့ ကျွမ်းကျင်သူများကို မေးမြန်းကြည့်တဲ့အခါမှာတော့ ဟုတ်မှန်ကြောင်း သိရှိခဲ့ရပါတယ်။ ဒါပေမယ့် File တစ်ချို့ မပါဝင်လာတဲ့အတွက် Compile လုပ်လို့မရတာကတော့ ကံကောင်းသွားပါတယ်။

                ဒီ Source Code တွေဟာ iOS 9 အတွက် ဖြစ်နေပေမယ့် ကျွမ်းကျင်သူများကတော့ iOS 11 မှာလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နိုင်တာ ဖြစ်တဲ့အတွက် သတိထားကြဖို့တော့ ပြောကြားထားပါတယ်။ iOS Development၊ macOS Development နဲ့ ပက်သက်ပြီး စာအုပ်တွေအများကြီး ရေးသားခဲ့တဲ့ Jonathan Levin ကတော့

                “အခုလိုပေါက်ကြားခဲ့တာဟာ နည်းပညာသမိုင်းမှာတော့ အကြီးမားဆုံး ပေါက်ကြားမှုကြီးပါပဲ။ နောက်ပြီး Jailbreaker တွေ အနေနဲ့လည်း အခုပေါက်ကြားခဲ့တဲ့ Source Code တွေကို လေ့လာပြီး Jailbreak အလွယ်တကူ လုပ်နိုင်သွားလိမ့်မယ်”

လို့ Motherboard ကို ပြောကြားသွားပါတယ်။

                အပေါ်မှာ ပြောခဲ့သလိုပဲ Compile လုပ်လို့ မရတာကပဲ အနည်းငယ်တော့ ကံကောင်းသွားတယ်လို့ ပြောရမှာပါ။ Compile သာ လုပ်လို့ရခဲ့လို့ကတော့ iPhone တွေရဲ့ လုံခြုံရေးက မတွေးဝံ့စရာပါပဲ။ တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာနိုင်ပါတယ်။ နည်းပညာ မီဒီယာတွေကတော့ Apple ကို ဒီကိစ္စနဲ့ ပက်သက်ပြီး စုံစမ်းမေးမြန်းထားပေမယ့် အကြောင်းမပြန်သေးဘူးလို့ သိရပါတယ်။

References
9to5Mac Motherboard
About Author
Assinged Tags
iOS Leaked information iOS 11 Leaks GitHub Apple iBoot iBoot System Source Code Source Code Leak
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed