ပေါ့ပါးကျစ်လျစ်ပြီး Thunderbolt 3 Port ပါဝင်တဲ့ LG ရဲ့ ၁၅.၆ လက်မ LG Gram 15Z980 Notebook အသစ်

date_range 07 February 2018

ပေါ့ပါးကျစ်လျစ်ပြီး Thunderbolt 3 Port ပါဝင်တဲ့ LG ရဲ့ ၁၅.၆ လက်မ LG Gram 15Z980 Notebook အသစ်

visibility 400 Views


                တောင်ကိုးရီးယား အခြေစိုက် နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ LG အနေနဲ့ ပေါ့ပါးကျစ်လျစ်ပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ ပထမမျိုးဆက် LG Gram 15Z960 Notebook ကို ပြီးခဲ့တဲ့ ၂၀၁၇ နှစ်ကုန်ပိုင်းလောက်က မိတ်ဆက် ရောင်းချပေးခဲ့ပါတယ်။ မကြာသေးမီ ကာလတုန်းက Intel ကုမ္ပဏီ အနေနဲ့ မျိုးဆက်သစ် 8th Generation U-Series Processors တွေကို မိတ်ဆက်ပေးခဲ့တာကြောင့် LG အနေနဲ့ အခုမိတ်ဆက်လိုက်တဲ့ LG Gram 15Z980 Notebook တွေမှာ 8th Generation U-Series Processor တွေကို အသုံးပြုလာတာ ဖြစ်ပါတယ်။


                အသစ်ထပ်မံ မိတ်ဆက်ပေးလိုက်တဲ့ LG Gram 15Z980 Notebook မှာ ရုပ်ထွက်ကောင်းမွန်တဲ့ ၁၅.၆ လက်မ အရွယ်အစားရှိ Full HD Display ကိုပဲ ဆက်လက် အသုံးပြုထားပါတယ်။ ကိုယ်ထည်တည်ဆောက်မှု အပိုင်းမှာဆိုရင်တော့ အရင် Model နဲ့ မတူတဲ့ Nano-Carbon Magnesium သတ္တုစပ် အလွှာတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ကိုယ်ထည်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ အဲ့ဒါအပြင် ဒီသတ္တုစပ် ကိုယ်ထည်ဟာ MIL-STD 810G Certified ဖြစ်တာကြောင့် ပိုမို အကြမ်းခံမှာ ဖြစ်တဲ့အပြင် အလေးချိန် အနေနဲ့လည်း LG Gram 15Z960 တုန်းကလိုပဲ၂.၄၂ ပေါင် အလေးချိန်သာရှိမှာ ဖြစ်ပါတယ်။


                Battery ပိုင်းအနေနဲ့လည်း 72 Watt-Hour ရှိတဲ့ Battery အမျိုးအစားကိုပဲ အသုံးပြုပေးထားပြီး LG ရဲ့အဆိုအရ Battery ကလည်း ၁၉ နာရီ အသုံးခံနိုင်မယ်လို့ သိရပါတယ်။ အရင် Model မှာတုန်းက Webcam ကို Display Panel ရဲ့အောက်မှာ ထည့်သွင်းပေးခဲ့တာကြောင့် ထွက်လာတဲ့ ပုံရိပ်တွေက နှာခေါင်းအောက်က ပင့်ရိုက်ထားတဲ့ ရုပ်ဆိုးဆိုးပုံရိပ်တွေ ထွက်နေတာကြောင့် LG အနေနဲ့ LG Gram 15Z980 မှာတော့ Webcam ကို Display Panel ရဲ့ အပေါ်ဖက်မှာ ပြောင်းလဲ ထည့်သွင်းပေးထားပါတယ်။


                Storage အပိုင်းအနေနဲ့ SATA Interface SSD (Solid State Disk) ကို အသုံးပြုထားတာကြောင် Data Transfer Speed နည်းမယ်ဆိုပေမယ့် SSD Slot နောက်ထပ်တစ်ခုတော့ အပိုထည့်ပေးထားပါတယ်။ အရင် Model တုန်းက USB 3.1 ပဲ Support လုပ်ခဲ့ပေမယ့် Gram Notebook 15Z980 မှာတော့ Thunderbolt 3 ကို Support လုပ်ပေးထားပါတယ်။


                LG Gram 15Z980 Notebook ကို Intel Core i5-8250U Processor၊ 8GB DDR4 RAM နဲ့ 256GB SATA SSD စတဲ့ Configuration နဲ့ဆိုရင် ကန်ဒေါ်လာ ၁,၂၅၀ ကျသင့်မှာဖြစ်ပြီး Intel Core i7-8550U Processor၊ 16GB DDR4 နဲ့ RAM 1TB SSD ပါဝင်တဲ့ အမြင့်ဆုံး Configuration နဲ့ Model ဆိုရင်တော့ စျေးနှုန်းက ကန်ဒေါ်လာ ၁,၉၉၉.၉၉ ဒေါ်လာအထိ ရှိမှာဖြစ်ပါတယ်။

This Article is contributed by 2puu.
References
DigitalTrends
About Author
Assinged Tags
LG Notebook LG Gram LG Gram 15Z980 Notebook LG Gram 15Z960 Notebook LG Gram 15Z970 Notebook LG Gram Notebooks
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed