OnePlus X2 စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချသွားမှာ မဟုတ်ကြောင်း အတည်ပြုပေးလိုက်တဲ့ OnePlus Co-Founder Carl Pei

date_range 07 February 2018

OnePlus X2 စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချသွားမှာ မဟုတ်ကြောင်း အတည်ပြုပေးလိုက်တဲ့ OnePlus Co-Founder Carl Pei

visibility 640 Views

                Flagship Killer စမတ်ဖုန်းတွေဖြစ်တဲ့ OnePlus 5 နဲ့ OnePlus 5T ကို ထုတ်လုပ်ရောင်းချနိုင်ခဲ့တဲ့ OnePlus အနေနဲ့ ၂၀၁၅ ခုနှစ်တုန်းက မိတ်ဆက်ပေးခဲ့တဲ့ OnePlus X ရဲ့ မျိုးဆက်သစ် မော်ဒယ်ဖြစ်တဲ့ OnePlus X2 ကို ယခုနှစ်အတွင်း ထုတ်လုပ် ရောင်းချသွားနိုင်တယ်လို့ မနေ့က ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။

                ကောလာဟလ သတင်းတွေထဲမှာတော့ OnePlus အနေနဲ့ OnePlus X2 ကို ၅.၅ လက်မ အရွယ်အစား ရှိတဲ့ Display နဲ့အတူ ပြီးခဲ့တဲ့နှစ်တုန်းက Flagship စမတ်ဖုန်း တော်တော်များများမှာ အသုံးပြုခဲ့တဲ့ Qualcomm ရဲ့ Snapdragon 835 SoC နဲ့ ထုတ်လုပ် ရောင်းချလာနိုင်တယ်လို့ ရေးသားထားကြပါတယ်။ ဒါ့အပြင် OnePlus X2 မှာ RAM 4GB, Internal Storage 32GB ဒါမှမဟုတ် 64GB ပါဝင်မှာ ဖြစ်ပြီး Face Unlock အသုံးပြုနိုင်တဲ့ 16MP Selfie Camera လည်း ပါဝင်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

                3000 mAh Battery ကို အသုံးပြုလာနိုင်ပြီး OnePlus ရဲ့ အသစ်ထွက်ရှိလာမယ့် OnePlus 6 ကို တရားဝင်မိတ်ဆက်ပြီး မကြာခင် အချိန်အတွင်းမှာ OnePlus X2 စမတ်ဖုန်း ကို ကန်ဒေါ်လာ ၂၅၀ နဲ့ ရောင်းချသွားမှာ ဖြစ်တယ်၊ စသည်ဖြင့် ကောလာဟလတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
Snapdragon 835 Processor ကို အသုံးပြုထားတဲ့အပြင် Face Unlock အသုံးပြုနိုင်တဲ့ 16MP Selfie Camera လည်း ပါဝင်ဦးမယ်၊ ဈေးကလည်း ကန်ဒေါ်လာ ၂၅၀ (မြန်မာငွေ ၃ သိန်း ၃ သောင်း ဝန်းကျင်) နဲ့ ရောင်းချသွားမယ်ဆိုပြီး ကောလာဟလ ထွက်ပေါ်ခဲ့တာကြောင့် စမတ်ဖုန်း ပရိသတ်တွေ ကြားမှာ ဟိုးလေးတစ်ကျော် ဖြစ်သွားခဲ့ပါတယ်။

                ဒါပေမယ့် ဒီနေ့မှာတော့ OnePlus X2 နဲ့ ပက်သတ်တဲ့ ကောလာဟလတွေကို အဆုံးသတ်ပေးလိုက်တဲ့ အနေနဲ့ OnePlus ရဲ့ Co-Founder ဖြစ်တဲ့ Carl Pei က သူ့ရဲ့ Twitter စာမျက်နှာမှာ OnePlus X2 အကြောင်း ရေးသား ဖေါ်ပြထားတဲ့ GSM Arena ရဲ့ Tweet ကို “NOPE” လို့ ခေါင်းစဉ်တပ်ပြီး Share လုပ်ခဲ့တဲ့အပြင်

                “သတင်းအမှားတွေဟာ လူသားတွေနဲ့ လူ့အဖွဲ့အစည်းကို အန္တရာယ်ကြီးကြီး ပေးနေတာပါ။ ဒါကြောင့် အားလုံးလက်တွဲပြီး သတင်းအမှားတွေကို တားဆီးကြပါစို့”

လို့ ထပ်မံ ရေးသားထားခဲ့ပါတယ်။

                ကောလဟလ မီးတစ်ခုကတော့ ငြိမ်းသွားတယ် ဆိုပေမယ့် အမှန်တကယ် ထွက်လာမယ်ထင်ပြီး မျှော်လင့်လိုက်ကြတဲ့ OnePlus ပရိတ်သတ်တွေ အတွက်ကတော့ ဝမ်းနည်းစရာပါပဲ။

This Article is contributed by Phyo Kyaw Swar.
References
Android Authority
About Author
Assinged Tags
Rumors OnePlus OnePlus X
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed