iPhone 8, 8 Plus နဲ့ X တို့မှာ “Hardware Update” ထည့်သွင်းပေးထားတဲ့အတွက် CPU Throttling ပြဿနာ မရှိနိုင်ဘူးလို့ Apple ငြင်းဆန်

date_range 07 February 2018

iPhone 8, 8 Plus နဲ့ X တို့မှာ “Hardware Update” ထည့်သွင်းပေးထားတဲ့အတွက် CPU Throttling ပြဿနာ မရှိနိုင်ဘူးလို့ Apple ငြင်းဆန်

visibility 820 Views

                Apple တို့ရဲ့ iPhone Battery ပြဿနာက အခုအချိန်ထိအောင် မပြီးပြတ်နိုင်သေးဘူးလို့ ပြောရမှာပါ။ Battery Capacity နည်းသွားတဲ့ iPhone မော်ဒယ်အဟောင်းတွေမှာ CPU Throttling Feature ကို တိတ်တဆိတ် ထည့်သွင်းခဲ့တာကြောင့် အရင်လတုန်းကလည်း အီတလီ အစိုးရကိုယ်တိုင် Apple ကို စစ်ဆေးခဲ့ပြီး အမေရိကန်လွှတ်တော်ကလည်း Apple ကို မေးမြန်းခဲ့ပါတယ်။

Apple Response to SCC Feb 2 2018 by Kif Leswing on Scribd

                ဒီနေ့မှာတော့ Apple က အမေရိကန်လွှတ်တော်က လွှတ်တော်အမတ် John Thune ရဲ့ မေးမြန်းချက်တွေကို စာတစ်စောင်နဲ့အတူ တရားဝင် ပြန်လည်ဖြေကြားလိုက်ပြီ ဖြစ်ပါတယ်။ လွှတ်တော်အမတ် John Thune အနေနဲ့ Apple က တာဝန်ရှိသူတွေကို

                “Apple အနေနဲ့ iPhone မော်ဒယ်သစ်တွေဖြစ်တဲ့ iPhone 8, 8 Plus နဲ့ X တို့အတွက်ကော iPhone မော်ဒယ်အဟောင်းတွေအတွက် ထုတ်ပေးထားတဲ့ CPU Throttling Feature ထည့်သွင်းပေးမှာလား? အကယ်လို့ ထည့်သွင်းပေးမယ် ဆိုရင်လည်း Apple အနေနဲ့ အသုံးပြုသူတွေကို ဘယ်လို အသိပေးမှာလဲ?”

လို့ မေးမြန်းခဲ့ရာမှာတော့ Apple က

                “iPhone 8, iPhone 8 Plus နဲ့ iPhone X တို့မှာ မျှော်လင့်မထားပဲ ခဏ၊ ခဏ Shutdown ကျသွားတာမျိုးကို ကြိုတင်သိရှိ၊ ကာကွယ်နိုင်ပြီး အဆင်မြင့် Performance Management စနစ်ပါဝင်တဲ့ Hardware Update တွေ ထည့်သွင်းပေးထားတာ ဖြစ်တဲ့အတွက် iPhone မော်ဒယ်လ်အဟောင်းတွေအတွက် ထုတ်ပေးထားတဲ့ CPU Throttling Feature ကို ထည့်သွင်းပေးစရာ မလိုပါဘူး။

                နောက်ပြီး iPhone အဟောင်းတွေမှာလည်း အသုံးပြုသူအတွက် လိုအပ်တဲ့ Temperature Control and Warnings လိုမျိုး အခြေခံ Performance Management Features တွေလည်း ထည့်သွင်းပေးပြီးသားပါ”

လို့ ငြင်းဆန်သွားပါတယ်။

                ငြင်းဆန်တယ်လို့ ပြောရတာကလည်း အကြောင်းရှိပါတယ်။ Apple အနေနဲ့ ဒီပြဿနာ စဖြစ်ခါစတုန်းက သက်ဆိုင်ရာ နည်းပညာ မီဒီယာတွေကို 

                “Apple အနေနဲ့ Battery မကောင်းတော့ရင် CPU Throttling လုပ်ပစ်တဲ့ Fix ကို iPhone 7 နဲ့ 7 Plus ကနေ စတင်ပြီး iOS 11.2 နဲ့အတူ ထည့်သွင်းပေးနေပါပြီ။ မျိုးဆက်သစ် iPhone တွေမှာလည်း ဒီ Fix ကို ထည့်သွင်းပေးသွားဖို့ အစီအစဉ် ရှိပါတယ်”

လို့ ဖြေကြားခဲ့တာပါ။ အခုကျတော့ iPhone မော်ဒယ်သစ်တွေမှာ “Hardware Update” ထည့်သွင်းပေးထားတဲ့အတွက် CPU Throttling ပြဿနာ မရှိနိုင်ဘူးလို့ ဖြေကြားခဲ့တာဖြစ်တဲ့အတွက် Apple ရဲ့ စကားတွေက ရှေ့သွားနောက်လိုက် မညီသလို ဖြစ်နေပါတယ်။

                နိုင်ငံခြားက နည်းပညာ မီဒီယာတွေကတော့ Apple ကို ဖြေရှင်းချက် တောင်းခဲ့ကြပေမယ့် အကြောင်းမပြန်သေးဘူးလို့ သိရပါတယ်။ Apple ပြောသလို iPhone မော်ဒယ်အဟောင်းတွေမှာ Performance Management Features တွေပါဝင်တယ်ဆိုရင် ဘာဖြစ်လို့ ခဏ၊ ခဏ Shutdown ကျသွားတာလဲ? ဆိုတာရယ် iPhone မော်ဒယ်အသစ်တွေမှာ ထည့်ပေးထားတဲ့ “Hardware Update” ဆိုတာကရောဘာလဲ? ဘယ်လိုအလုပ်လုပ်တာလဲ? ဆိုတာတွေကတော့ မေးချင်စရာ မေးခွန်းတွေ ဖြစ်နေပါပြီ။

References
The Verge
About Author
Assinged Tags
iOS Battery Lithium-Ion Battery Fix Battery Issue iOS 11 CPU Overclock Apple Hardware Issue iPhone iPhone 8 related news iPhone X iPhone 8 Plus
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed