ပိုပြီးသေးငယ်သွားတဲ့ မျိုးဆက်သစ် Xbox Wireless Adapter ကို Microsoft စတင်ရောင်းချ

date_range 02 February 2018

ပိုပြီးသေးငယ်သွားတဲ့ မျိုးဆက်သစ် Xbox Wireless Adapter ကို Microsoft စတင်ရောင်းချ

visibility 560 Views

                Microsoft အနေနဲ့ ပိုပြီးသေးငယ်သွားသလို ဈေးနှုန်းလည်း ပြောင်းလဲမသွားတဲ့ Xbox Wireless Adapter ကို ၂၀၁၇ သြဂုတ်လတုန်းက မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ရောင်းချမယ့်နေ့ရက်က နောက်ကျနေပေမယ့် ဒီနေ့မှာတော့  မျိုးဆက်သစ် Xbox Wireless Adapter ကို Microsoft Online Store မှာ စတင်ရောင်းချလိုက်ပြီ ဖြစ်ပါတယ်။

                အရင် Xbox Wireless Adapter တုန်းက အရွယ်အစားကြီးမား ခဲ့တာကြောင့် Laptop တွေမှာ တပ်ဆင်အသုံးပြုဖို့ အဆင်မပြေခဲ့ပါဘူး။ ဒါပေမယ့် မျိုးဆက်သစ် Xbox Wireless Adapter ကတော့ အရင်မော်ဒယ်လ်ထက် ၆၆% ပိုပြီး သေးငယ်သွားတာကြောင့် USB Stick အရွယ်အစားလောက်ပဲ ဖြစ်သွားပါတယ်။


                နောက်ပြီး အရင်မော်ဒယ်လ်လိုပဲ Bluetooth Support ပါဝင်ပြီး Xbox One Controller အဟောင်းပဲဖြစ်ဖြစ် Microsoft ရဲ့ Elite Xbox One Controller ပဲဖြစ်ဖြစ်၊ Controller ၈ ခုအထိ ချိတ်ဆက် ဆော့ကစားနိုင်မှာပါ။ ဒါပေမယ့် Xbox 360 Controller ကိုတော့ Support ပေးမှာမဟုတ်ပါဘူး။ နောက်ပြီး Controller အတွက် Firmware Update လည်း လိုအပ်လိမ့်မယ်လို့ သိရပါတယ်။

                ချိတ်ဆက်နိုင်ဖို့အတွက် Windows 10 အသုံးပြုထားတဲ့ Device ဖြစ်ရမှာဖြစ်ပြီး Device မှာ USB 2.0 Port ဒါမှမဟုတ် USB 3.0 Port ပါဝင်မှ ချိတ်ဆက်နိုင်မှာပါ။ ဈေးနှုန်းအနေနဲ့လည်း အရင်မော်ဒယ်လ်လိုပဲ ကန်ဒေါ်လာ ၂၄.၉၉ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။

References
The Verge
About Author
Assinged Tags
Microsoft Consoles Xbox Xbox Wireless Adapter Xbox Controller
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed