အသစ်ထွက်ရှိလာမယ့် Microsoft Office 2019 ကို Windows 10 မှာပဲ အသုံးပြုလို့ရမည်

date_range 02 February 2018

အသစ်ထွက်ရှိလာမယ့် Microsoft Office 2019 ကို Windows 10 မှာပဲ အသုံးပြုလို့ရမည်

visibility 360 Views

                ၂၀၁၈ နှစ်ဝက်လောက်မှာ ထွက်ရှိလာမယ့် Microsoft Office 2019 ကို Windows 10 မှာပဲ အသုံးပြုလို့ရမယ်လို့ ဒီနေ့ထွက်ရှိလာတဲ့ Windows and Office အတွက် Support Article ထဲမှာ တရားဝင် ပြောကြားလိုက်ပြီ ဖြစ်ပါတယ်။

                ဒါပေမယ့် macOS မှာကတော့ အသုံးပြုလို့ ရမှာပါ။ နောက်ပြီး Mac အတွက် Microsoft Office 2019 ကလည်း Windows အတွက် Microsoft Office 2019 ထက် နောက်ကျပြီးမှ ထွက်ရှိလာလောက်ပါတယ်။ ဆက်လက်ပြီး Microsoft အနေနဲ့ Office 2019 အတွက် Support Lifecycle ကိုလည်း ပြောင်းလဲလိုက်ပြီ ဖြစ်ပါတယ်။

                Office 2019 အတွက် ၅ နှစ်စာ Mainstream Support နဲ့ ၂ နှစ်စာ Extended Support ရရှိနိုင်မယ်လို့ သိရပါတယ်။ Office 2019 မှာ ထုံးစံအတိုင်း Word, Excel, PowerPoint, Outlook စတဲ့ Client Apps တွေနဲ့အတူ Exchange, SharePoint, Skype for Business တို့လို Server Apps တွေလည်း ပါဝင်မှာပါ။

                Microsoft အနေနဲ့ Office 2019 ကို ၂၀၁၈ နှစ်ဝက်လောက်မှာ တရားဝင်ဖြန့်ချီနိုင်ဖို့အတွက် အစီအစဉ်ဆွဲထားပြီး Office 2019 ဟာ Cloud Office 365 ကို အသုံးမပြုတဲ့ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

                နောက်ပြီး Windows 10 1511, 1607, 1703 နဲ့ 1709 Version တွေကို အသုံးပြုနေသေးတဲ့ ကုမ္ပဏီတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အနေနဲ့ Windows 10 နောက်ဆုံး Version တွေကို အဆင်ပြေပြေ ပြောင်းလဲနိုင်ဖို့အတွက် Windows 10 Support ကာလကိုလည်း နောက်ထပ် ၆ လ တိုးမြှင့် ပေးလိုက်ပါသေးတယ်။

References
The Verge WCCFTech
About Author
Assinged Tags
Microsoft Windows Windows 10 Microsoft Office Office 365 Office 2019
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed