Full Version မဝယ်၊ ဝယ်အောင် အတင်းအဓမ္မ ငွေညှစ်နေတဲ့ Trial Apps တွေကို စက်ထဲကနေ ဖျက်ပစ်တော့မယ့် Windows Denfender

date_range 02 February 2018

Full Version မဝယ်၊ ဝယ်အောင် အတင်းအဓမ္မ ငွေညှစ်နေတဲ့ Trial Apps တွေကို စက်ထဲကနေ ဖျက်ပစ်တော့မယ့် Windows Denfender

visibility 860 Views

                Windows အသုံးပြုသူတွေ အနေနဲ့ တစ်ခါတစ်လေကျရင် “မင်းစက်ထဲမှာ အန္တရာယ်ရှိတဲ့ Malware တွေ အများကြီးတွေ့တယ်”“မင်းစက်မှာ Error တွေ အများကြီးရှိတယ်”၊ စတဲ့ Message တွေ ပြသလိုက်လို့ အသုံးပြုသူက လန့်သွားပြီး Cleaning လုပ်မယ်ဆိုတော့မှ “Full Version ဝယ်မှရမယ်” ဆိုတဲ့ Trial Apps တွေကို တွေ့ဖူး၊ ကြုံဖူးကြမှာပါ။

               များသောအားဖြင် အဲ့လိုမျိုး Apps တွေမှာ Computer Scanning Tools တွေ ဖြစ်တတ်ကြပြီး Microsoft အနေနဲ့ ဒီလိုမျိုး အသုံးပြုသူကို ကြောက်အောင်လုပ်ပြီး သမာတဲ့နည်းနဲ့ ငွေညှစ်နေတဲ့ Apps တွေကို Unwanted Software တွေအဖြစ် သတ်မှတ်သွားမှာဖြစ်ပြီး Windows Defender နဲ့ တိုက်ထုတ်တော့မှာ ဖြစ်ပါတယ်။

                Windows ရဲ့ Ecosystem ထဲမှာ ကွန်ပျူတာက Error တွေ၊ Malware တွေ၊ Virus တွေ ရှာပေးနိုင်မယ်၊ ရှင်းပေးနိုင်မယ်ဆိုတဲ့ Trial Apps တွေ ပွထနေပါတယ်။ ကြော်ငြာထားတဲ့ စာသားလှလှလေးတွေကို ယုံပြီး စက်ထဲမှာ သွင်းလိုက်ပြီ ဆိုလို့ကတော့ System Crashes တွေလည်း ဖြစ်စေနိုင်သလို စက်ရဲ့ Performance ကိုလည်း ကျဆင်းစေတယ်လို့ Microsoft က ပြောထားပါတယ်။

                ဒါကြောင့် ဒီလိုမျိုး မသမာတဲ့ Trial Apps တွေကို မတော်တဆ သတိမပြုမိပဲ စက်ထဲမှာသွင်းမိခဲ့မယ် ဆိုရင် မတ်လ ၁ ရက်နေ့ကစတင်ပြီး Windows Defender က စက်ထဲကနေ အလိုအလျောက် ဖျက်ပေးသွားမယ်လို့ သိရပါတယ်။ Windows Defender Security လေ့လာရေး ဌာနက Barak Shein ကတော့

                “Trial Apps တွေအနေနဲ့ Full Version မဝယ်၊ ဝယ်အောင် မဟုတ်မမှန်ပဲ လိမ်ညာပြီး အသုံးပြုသူကို ကြောက်သွားစေမယ့် Message တွေကို လုံးဝ မပြသသင့်ပါဘူး”

လို့ ပြောသွားပါတယ်။

                ဒီလို Trial Apps တွေတင် မကသေးပါဘူး။ Microsoft က ထုတ်ပြန်လိုက်တဲ့ စည်းမျဉ်းအသစ်အရ အသုံးပြုသူဆီကနေ မရမက Survey ကောက်ပြီး User Data ဓားပြတိုက်နေတဲ့ Apps တွေ၊ မဟုတ်မမှတ် File တွေကို မရမက Download လုပ်ခိုင်းတဲ့ Apps တွေအပြင် Newsletter ကို အတင်းအကျပ် Sign Up လုပ်ခိုင်းတဲ့ Apps တွေကိုလည်း Windows Defender က စက်ထဲကနေ ဖျက်ပစ်မှာပါ။

                Microsoft အနေနဲ့ စက်ရဲ့ Performance ကို ထိခိုက်စေသလို အသုံးပြုသူလည်း အလကားနေရင်း ငွေကုန်၊​ စိတ်ပင်ပန်း ဖြစ်စေတာကြောင့် ဒီလို Apps တွေကို တိုက်ထုတ်နေတာ ကြာခဲ့ပါပြီ။ ဒီလိုမျိုး လုပ်လိုက်တာဟာ အနောက်နိုင်ငံက Apps တွေကို ပိုက်ဆံပေးပြီး ဝယ်သုံးနေကြတဲ့သူတွေ အတွက်တော့ ပိုပြီးကောင်းသွားပေမယ့် Cracked Apps တွေကိုပဲ အားကိုးနေရတဲ့ မြန်မာနိုင်ငံကလူတွေ အတွက်တော့ Crack File တွေကို Malware ထင်ပြီး ဖျက်ပစ်လိုက်တာနဲ့ပဲ တိုင်ပါတ်ကြဦးမှာပါ။

References
Gadgets NDTV
About Author
Assinged Tags
Microsoft Applications Windows Windows 10 Windows Defender Malicious Softwares
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed