Snapdragon 450 ကို အသုံးပြုထားပြီး AI Beauty Recognition နည်းပညာ ပါဝင်တဲ့ OPPO A71 (2018) ကို မိတ်ဆက်ပေးလိုက်တဲ့ OPPO

date_range 01 February 2018

Snapdragon 450 ကို အသုံးပြုထားပြီး AI Beauty Recognition နည်းပညာ ပါဝင်တဲ့ OPPO A71 (2018) ကို မိတ်ဆက်ပေးလိုက်တဲ့ OPPO

visibility 400 Views

                Oppo အနေနဲ့ OPPO A71 (2017) ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက တရားဝင် မိတ်ဆက် ပေးခဲ့ပါတယ်။ ဒါပေမယ့် Oppo အတွက် မှန်းချက်နဲ့နှမ်းထွက် မကိုက်ခဲ့တာကြောင့် Oppo အနေနဲ့ OPPO A71 (2017) ကို အဆင့်မြှင့်တင်ထားတဲ့ OPPO A71 (2018) ကို ထပ်မံ မိတ်ဆက်ပေးလိုက်တာပဲ ဖြစ်ပါတယ်။


                OPPO A71 (2018) ရဲ့ ဒီဇိုင်းပိုင်းကိုတော့ OPPO A71 (2017) တုန်းကအတိုင်း တည်ဆောက် ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် OPPO A71 (2017) တုန်းက အသုံးပြုခဲ့တဲ့ MediaTek MT6750 Processor အစား OPPO A71 (2018) မှာတော့ Snapdragon 450 SoC ကို ပြောင်းလဲ အသုံးပြုထားတယ် လို့ သိရပါတယ်။ အရင်နှစ်တုန်းက ထွက်ထားတဲ့ OPPO A71 2017 မှာ RAM 3GB ပါဝင်ခဲ့ပေမယ့် OPPO A71 (2018) မှာတော့ ထူးထူးခြားခြား RAM 2GB ပဲ ပါဝင်ပါတော့တယ်။

                OPPO A71 (2018) မှာ ၅.၂ လက်မ အရွယ်အစားရှိ HD Panel 16:9 Display ကို အသုံးပြုထားတယ်။ Internal Storage 16GB ပါဝင်မှာဖြစ်ပြီး Storage Space မလုံလောက်ဘူး ဆိုရင်လည်း microSD Card ထပ်စိုက်လို့ ရဦးမှာ ဖြစ်ပါတယ်။ Camera ပိုင်းမှာတော့ ကျောကင်မရာ 13MP f/2.2 ကင်မရာ ကို အသုံးပြုထားပြီး ရှေ့ကင်မရာအတွက်ကိုတော့ 5MP f/2.4 ကင်မရာကို အသုံးပြုထားပါတယ်။


                Battery အတွက်ကိုတော့ OPPO A71 (2017) မှာလိုပဲ OPPO A71 (2018) မှာ 3000 mAh Battery ကို ဆက်လက် အသုံးပြုထားပါတယ်။ အရွယ်အစား အနေနဲ့ 148.1 x 73.8 x 7.6 mm အရွယ်အစား ရှိပြီး ၁၃၇ ဂရမ် အလေးချိန်ရှိမှာ ဖြစ်ပါတယ်။ OPPO A71 (2018) မှာ Android Nougat 7.1.2 ကို အခြေခံထားတဲ့ ColorOS 3.2 ကို အသုံးပြု ထားတာကြောင့် ColorOS 3.1 ကို အသုံးပြုထားတဲ့ OPPO A71 (2017) ရဲ့ UI ထက် ပိုမို ကောင်းမွန်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

                OPPO A71 (2018) မှာ အဓိက Feature တစ်ခုအနေနဲ့ ပါဝင်လာတာကတော့ “AI Beauty Recognition Technology” ပဲ ဖြစ်ပါတယ်။ AI Beauty Recognition နည်းပညာ ဆိုတာကတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ အသုံးပြုသူတွေရဲ့ မျက်နှာအချက်အလက်တွေကို သိမ်းဆည်းထားတဲ့ Image Database ကို အခြေခံပြီး ဓါတ်ပုံရိုက်တဲ့အခါမှာ မိမိနဲ့ အလိုက်ဖက်ဆုံး Beautify Effect ကို ရွေးချယ် အသုံးပြုပေးမယ့် နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။

                ဆိုလိုတာကတော့ AI Beauty Recognition နည်းပညာက ဓါတ်ပုံဆရာတစ်ယောက်အနေနဲ့ ဓါတ်ပုံရိုက်လိုက်တဲ့သူနဲ့ လိုက်ဖက်တဲ့ Effect တွေကို သူ့ဟာသူ ရွေးချယ်ပေးသွားမှာပဲ ဖြစ်ပါတယ်။ OPPO A71 (2018) ကို Black, Gold စတဲ့ အရောင်နှစ်မျိုးအနေနဲ့ ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပြီး ကန်ဒေါ်လာ ၁၇၉ ဒေါ်လာ (မြန်မာငွေ ၂ သိန်း ၄ သောင်း ဝန်းကျင်) ကျသင့်မယ်လို့ သိရပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
GizChina
About Author
Assinged Tags
Smartphones OPPO Snapdragon 450 Oppo A71 (2017) Oppo A71 (2018)
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed