သတင်းဟောင်းတစ်ပုဒ်ထဲကိုပဲ Apple News ကနေ Notification တွေ အကြိမ်ကြိမ် ပို့နေခဲ့တာကြောင့် CNN သတင်းဌာနက Apple ကို အပြစ်တင်

date_range 31 January 2018

သတင်းဟောင်းတစ်ပုဒ်ထဲကိုပဲ Apple News ကနေ Notification တွေ အကြိမ်ကြိမ် ပို့နေခဲ့တာကြောင့် CNN သတင်းဌာနက Apple ကို အပြစ်တင်

visibility 300 Views

                ဒီလ အစောပိုင်းလောက်တုန်းက အမေရိကန်နိုင်ငံ Hawaii ပြည်နယ်မှာ ဒုံးကျည်တွေ ကျလာတော့မယ်ဆိုပြီး မှားယွင်းစွာ တပ်လှန့်နှိုးဆော်မှု ဖြစ်ခဲ့ပါတယ်။ အဲ့တုန်းကလည်း ပြည်နယ်သူ၊ ပြည်နယ်သားတွေ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ခဲ့ကြရပြီး မှားယွင်းစွာ တပ်လှန့်နှိုးဆော်ခဲ့တဲ့ ဝန်ထမ်းကိုလည်း အလုပ်ထုတ်ပစ်ခဲ့ပါတယ်။ ဒါအဖြစ်ပျက်တွေနဲ့ ပက်သက်ပြီး CNN သတင်းဌာနအနေနဲ့ သတင်းတစ်ပုဒ် ရေးသားထားခဲ့ပါတယ်။

                ဖြစ်ချင်တော့ ဒီလိုမျိုး ထိတ်လန့်တုန်လှုပ်စရာ ကောင်းခဲ့တဲ့ သတင်းဟောင်းတစ်ပုဒ်ကိုမှ Apple News ကနေပြီး အသုံးပြုနေသူတွေဆီ Notification တွေ အကြိမ်ကြိမ် အခါခါ ပို့နေခဲ့တယ်လို့ သိရပါတယ်။ အသုံးပြုသူတစ်ချို့မှာလည်း စိုးရိမ်မှုတွေ နောက်ထပ်တစ်ကြိမ် ထပ်မံ ဖြစ်ပွားခဲ့ရပြီး အကြောင်းပြချက်မရှိပဲ ဒီလိုမျိုး ဖြစ်သွားတာဟာ Apple ဘက်က မှားတာလို့ CNN ဌာနက အပြစ်တင်လိုက်ပါတယ်။

                CNN အနေနဲ့ Server ကိုလည်း သေသေချာချာ စစ်ဆေးကြည့်တဲ့ အခါမှာလည်း Server Logs တွေအရ ဒီသတင်းဟောင်းကို တစ်ကြိမ်တည်းသာ Push လုပ်ထားတာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ CNN အနေနဲ့ အခုအချိန်မှာတော့ ဒီ Bug ကို Apple နဲ့ခေါင်းချင်းဆိုင်ပြီ ဖြေရှင်းနေပြီလို့ သိရပါတယ်။ 

            နောက်ပြီး အခု Bug ဟာ Apple News မှာပဲ ရှိနေတာဖြစ်ပြီး CNN ရဲ့ အခြား Platform တွေမှာ ဘာပြဿနာမှ မရှိဘူးလို့လည်း သိရပြီး CNN ကတော့ ဒီပြဿနာရှိနေတဲ့ CNN ပရိတ်သတ်တွေကို တောင်းပန်ထားပေမယ့် Apple ဘက်ကတော့ တုန့်ပြန်မှုမရှိပါဘူး။ အသုံးပြုသူတွေကတော့ Twitter မှာ ဝက်ဝက်ကွဲအောင် ပေါက်ကွဲနေကြပါတယ်။

References
9to5Mac
About Author
Assinged Tags
Apple News Apple CNN Push Notification Notification
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed