Cryptocurrency တွေနဲ့ ပက်သက်တဲ့ Ads တွေအကုန်လုံးကို ကြေငြာခွင့် ပိတ်ပင်လိုက်တဲ့ Facebook

date_range 31 January 2018

Cryptocurrency တွေနဲ့ ပက်သက်တဲ့ Ads တွေအကုန်လုံးကို ကြေငြာခွင့် ပိတ်ပင်လိုက်တဲ့ Facebook

visibility 700 Views

                Facebook ဟာ ကမ္ဘာမှာ လူသုံးအများဆုံး Social Media တစ်ခုလည်း ဖြစ်သလို Digital Advertising မှာလည်း Google ပြီးရင် အကြီးဆုံးလို့ ပြောလို့ရပါတယ်။ ဒါကြောင့်လည်း Cryptocurrency သမားတွေအတွက် လူတိုင်းလိုလို Cryptocurrency အသုံးပြုလာစေဖို့အတွက် Merketing ဆင်းစရာ နေရာကြီး တစ်ခုလို ဖြစ်နေတာပါ။

                ဒါပေမယ့် Facebook ကတော့ ဒီအချက်ကို လုံးဝ ပါယ်ချလိုက်ပြီ ဖြစ်ပါတယ်။ ဒီနေ့မှာပဲ Facebook အနေနဲ့ Cryptocurrency တွေနဲ့ ပက်သက်တဲ့ Ads တွေအကုန်လုံးကို တရားဝင် ကြေငြာခွင့် ပိတ်ပင်လိုက်ပြီလို့ ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ Facebook အနေနဲ့ အခုလိုမျိုး ဆုံးဖြတ်ချက်ချလိုက်ရတာနဲ့ ပက်သက်ပြီး Product Management Director ဖြစ်သူ Rob Leathern ကတော့ Blog Post တစ်ခုမှာ

                “လူတွေကို Cryptocurrency တွေနဲ့ ပက်သက်လို့ နားလည်မှုလွဲအောင် Promotion ဆင်းနေကြတဲ့ Ads တွေကို Facebook မှာ ကြေငြာခွင့် ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အခုဆုံးဖြတ်ချက်က အတည်တော့ မဟုတ်သေးပါဘူး။ Facebook အနေနဲ့ မကောင်းတဲ့ Ads တွေကို ကောင်းကောင်းမွန်မွန်နဲ့ တိတိကျကျ ရှာဖွေ၊ ဖယ်ရှားနိုင်ပြီဆိုတဲ့ အချိန်ကျရင် စည်းမျဉ်းစည်းကမ်းတွေကို တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားဦးမှာပါ”

လို့ ပြောသွားပါတယ်။

                ဆက်လက်ပြီး

                “Facebook အသုံးပြုသူတွေ အနေနဲ့ Facebook မှာ ပြသထားမယ့် Product သစ်တွေ၊ ဝန်ဆောင်မှုအသစ်တွေနဲ့ ပက်သက်တဲ့ Ads တွေကို နားလည်မှုမလွဲပဲ စိတ်ချလက်ချနဲ့ ဆက်လက်ပြီး ယုံယုံကြည်ကြည် ကြည့်ရှုစေချင်ပါတယ်။ အခုလောလောဆယ် ခေတ်စားနေတဲ့ Crytocurrency တွေနဲ့ ပက်သက်တဲ့ Digital ငွေကြေးလုပ်ငန်းတွေဟာ ယုံကြည်စိတ်ချရမှု မရှိပါဘူး။ ဒါကြောင့်လည်း ကြည့်ရှုသူတွေကို နားလည်မှုလွဲသွားအောင် အယုံသွင်းနေတဲ့ Ads အမျိုးအစားတွေကို တိုက်ထုတ်ဖို့ ကြိုးစားနေတာပါ”

လို့ ပြောကြားသွားပါသေးတယ်။


                အပေါ်ကပုံမှာတော့ ပိတ်ပင်သွားမယ့် Ads အမျိုးအစား တစ်ချို့ကို ဥပမာအနေနဲ့ ပြသထားတာ ဖြစ်ပါတယ်။ “သင့်ရဲ့ ပင်စင်ငွေကို Bitcoin တွေ ဝယ်ယူပြီး အကျိုးရှိရှိ အသုံးချလိုက်ပါ” ဆိုတဲ့ Ads မျိုးဆိုရင် လုံးဝ ကို လက်ခံမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အခုလက်ရှိမှာ Cryptocurrency နဲ့ ပက်သက်တဲ့ Ads တွေဟာ Facebook မှာ ဘယ်လောက်ထိအောင် ပျံ့နှံ့နေပြီလည်း ဆိုတာကို တိတိကျကျ မသိရှိရသေးတဲ့အတွက် တားမြစ်ထားတဲ့ ကြားထဲက လွတ်ထွက်လာတဲ့ Cryptocurrency Ads တွေကိုလည်း Report လုပ်ပေးကြဖို့ Facebook က တိုက်တွန်းထားပါတယ်။

                လောင်းကစား၊ ဂိမ်းဝန်ဆောင်မှု၊ စတာတွေလို ငွေကြေးနဲ့ သက်ဆိုင်တဲ့ Ads တွေကိုတော့ “Written Permission” နဲ့ဆိုရင် ခွင့်ပြုပေးမယ် ဆိုပေမယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက် ချေးငွေထုတ်ပေးပါမယ် ဆိုပြီး အယုံသွင်းနေတဲ့ Ads မျိုးဆိုရင်တော့ ပိတ်ပင်သွားမယ်လို့ သိရပါတယ်။ အကယ်လို့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့တော့ ကိုက်ညီတယ် ဆိုပေမယ့် အသက် ၁၈ နှစ်အောက် ကလေးတွေကို ပစ်မှတ်ထားပြီး ကြေငြာမယ်ဆိုရင်လည်း ပိတ်ပင်ခြင်း ခံရဦးမှာ ဖြစ်ပါတယ်။

References
The Verge Udemy
About Author
Assinged Tags
Facebook Ban Facebook Ads BitCoin Cryptocurrency Banned
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed