၂၀၁၇ ခုနှစ်ထဲမှာ မကောင်းတဲ့ Android Apps ပေါင်း ၇ သိန်းကျော်ကို Google Play Store ကနေ ဖယ်ရှားနိုင်ခဲ့တယ်လို့ Google ကြေငြာ

date_range 31 January 2018

၂၀၁၇ ခုနှစ်ထဲမှာ မကောင်းတဲ့ Android Apps ပေါင်း ၇ သိန်းကျော်ကို Google Play Store ကနေ ဖယ်ရှားနိုင်ခဲ့တယ်လို့ Google ကြေငြာ

visibility 360 Views

                မကောင်းတဲ့ Android Apps တွေကို Android အသုံးပြုသူတွေဆီ မရောက်ရှိဖို့အတွက် ကာကွယ်ပေးထားတဲ့ Google ရဲ့ များပြားလှတဲ့ Safeguards တွေကြောင့် ၂၀၁၇ ခုနှစ်ထဲမှာ မကောင်းတဲ့ Android Apps ပေါင်း ၇ သိန်းကျော်ကို ဖယ်ရှားနိုင်ခဲ့တယ်လို့ Google က Android Developers Blog မှာ တရားဝင် ကြေငြာခဲ့ပါတယ်။

                အခုဖယ်ရှားနိုင်ခဲ့တဲ့ Apps အရေအတွက်ဟာ ၂၀၁၆ ခုနှစ်တုန်းကထက် ၇၀% တောင် ပိုများလာတာဖြစ်ပြီး Google Play ရဲ့ Product Manager ဖြစ်သူ Andrew Ahn ကတော့ 

                “Google အနေနဲ့ မကောင်းတဲ့ Android Apps တွေကိုပဲ ဖယ်ရှားနိုင်ခဲ့တာ မဟုတ်ပါဘူး။ ဘယ် Apps တွေက ကောင်းလည်း၊ မကောင်းဘူးလဲ ဆိုတာကိုလည်း စုံစမ်းစစ်ဆေးနိုင်ခဲ့သလို တွေ့ရှိခဲ့ပြီ ဆိုရင်လည်း စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်စရာရှိတာတွေကိုလည်း စောစောစီးစီး လုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် မကောင်းတဲ့ Content တွေပါဝင်တဲ့ Apps တွေရဲ့ ၉၉% လောက်ကို တွေ့ရှိနိုင်ခဲ့ပြီး ဘယ်သူမှ Install လုပ် အသုံးမပြုရသေးခင် Google Play Store ကနေ အချိန်မီ Reject လုပ်နိုင်ခဲ့ပါတယ်”

လို့ ပြောကြားသွားပါတယ်။ အခုလိုမျိုး ဖယ်ရှားနိုင်ခဲ့တဲ့ Apps အရေအတွက်ဟာ ၂၀၁၆ ခုနှစ်တုန်းကထက် ၇၀% တောင် ပိုများလာခြင်းဟာ Machine Learning Model အသစ်တွေနဲ့ နည်းစနစ်သစ်တွေကြောင့် ဖြစ်တယ်လို့ Google က ပြောထားပါတယ်။


                Ahn ရဲ့ အဆိုအရ ၂၀၁၇ ခုနှစ်တုန်းက ဖယ်ရှားနိုင်ခဲ့တဲ့ Android Apps တွေထဲမှာ Copycat Apps တွေက အများဆုံးအသုံးပြုတဲ့ Method တစ်မျိုးဖြစ်တယ်လို့ သိရပါတယ်။ Copycat Apps တွေ ဆိုတာကတော့ လူသုံးများတဲ့ Apps တွေနဲ့ တစ်ပုံစံတည်းဖြစ်အောင် ပြုလုပ်ထားပြီး အသုံးပြုသူတွေရဲ့ Data ကို မသမာတဲ့နည်းလမ်းနဲ့ ရယူနေတဲ့ Apps တွေ ဖြစ်ပါတယ်။

                နောက်ထပ်လည်း လိင်အသားပေး Content တွေ၊ Ads တွေ၊ အကြမ်းဖက် Content တွေ၊ အမုန်းပွားစေတဲ့ Content တွေ၊ တရားမဝင်တဲ့ Content တွေပါဝင်တဲ့ Apps တွေကိုလည်း ဖယ်ရှားနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး User တွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို Phishing လုပ်ဖို့ ကြိုးစားနေတဲ့ Apps တွေ၊ ဖုန်းထဲကို မသမာတဲ့ Malware တွေ ထည့်သွင်းဖို့ ကြိုးစားနေတဲ့ Apps တွေ၊ User မသိရှိအောင် SMS တွေ ပို့နေတဲ့ Apps တွေ၊ စတဲ့ PHAs (Potentially Harmful Applications) တွေကိုလည်း ဖယ်ရှားနိုင်ခဲ့ပါသေးတယ်။

                “PHAs တွေဟာ Android အသုံးပြုသူတွေရဲ့ လုံခြုံရေးကို ထိခိုက်နိုင်တဲ့အတွက် Google အနေနဲ့ ဒီလို Apps တွေကို သေသေချာချာ စောင့်ကြည့်နေပြီး တွေ့ရှိပြီဆိုရင်လည်း Play Store ကနေ ချက်ချင်း ဖယ်ရှားပေးနေပါတယ်”

လို့ Ahn က ဆက်လက် ပြောကြားသွားပါတယ်။


                Google အနေနဲ့ မနှစ်တုန်းကမှ Malware တွေကို ရှာဖွေတွေ့ရှိနိုင်မယ့် နည်းပညာတွေ အကုန်လုံးကို Google Play Protect အောက်မှာ ထပ်မံပေါင်းထည့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မကောင်းတဲ့ Apps တွေကတော့ နည်းမျိုးစုံသုံးပြီး Google ရဲ့ ကာကွယ်ရေးစနစ်ကို ဖောက်ထွက်နေကြတုန်းပါပဲ။

                ၂၀၁၇၊ သြဂုတ်လတုန်းကလည်း တိတ်တဆိတ် DDoS Attack လုပ်ဖို့ကြိုးစားနေတဲ့ Apps ပေါင်း ၃၀ ကို တွေ့ရှိခဲ့ရပြီး ချက်ခြင်းဆိုသလို ဖယ်ရှားခဲ့ရပါတယ်။ ဒါ့အပြင် ဒီလအစပိုင်းမှာတောင် ကလေးတွေဆော့ရမယ့် Game တွေပါဆိုပြီး လိင်ပိုင်းဆိုင်ရာ ကြေငြာတွေ ပြသနေတဲ့ Apps ပေါင်း ၆၀ ကိုလည်း ဖယ်ရှားပစ်ခဲ့ရပါသေးတယ်။ ဒါပေမယ့်လည်း Google ကတော့ ဒီလို Apps တွေကို တိုက်ထုတ်ဖယ်ရှားနိုင်ဖို့အတွက် နည်းစနစ်သစ်တွေ၊ နည်းပညာသစ်တွေကိုလည်း စဉ်ဆက်မပြတ် Upgrade ပြုလုပ်သွားမယ်လို့ ပြောကြားသွားပါတယ်။

References
The Verge
About Author
Assinged Tags
Google Android Applications Android App Malwares Machine Learning Google Play Store Google Play Protect
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed