မျိုးဆက်သစ် Smart TV Box တွေဖြစ်တဲ့ Mi Box 4 နဲ့ Mi Box 4c တို့ကို Xiaomi မိတ်ဆက်

date_range 29 January 2018

မျိုးဆက်သစ် Smart TV Box တွေဖြစ်တဲ့ Mi Box 4 နဲ့ Mi Box 4c တို့ကို Xiaomi မိတ်ဆက်

visibility 800 Views

                Xiaomi အနေနဲ့ 4th Generation Mi Box တွေဖြစ်တဲ့ Mi Box 4 နဲ့ Mi Box 4c တို့ကို တရုတ်နိုင်ငံမှာ မိတ်ဆက်ပေးလိုက်တယ်လို့ သတင်းရရှိထားပါတယ်။ မျိုးဆက်သစ် Mi Box နှစ်မျိုးမှာ Android OS ကို အသုံးပြုထားမှာ ဖြစ်ပြီး 4K HDR Content တွေကို Support ပေးနိုင်မှာ ဖြစ်ပါတယ်။ အခုမိတ်ဆက်လိုက်တဲ့ Mi Box နှစ်မျိုးဟာ ၂၀၁၆ တုန်းက မိတ်ဆက်ခဲ့တဲ့ Mi Box 3c နဲ့ Mi Box 3s တို့နဲ့ မျိုးဆက်သစ်တွေဖြစ်ပြီး PatchWall ဆိုတဲ့ AI (Artificial Intelligence) နည်းပညာကို အခြေခံထားတဲ့ UI ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။

                PatchWall UI ဟာ အသုံးပြုသူ ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်အမျိုးအစားတွေ၊ ဗီဒီယိုအမျိုးအစားတွေကို မှတ်သားထားနိုင်တာကြောင့် အသုံးပြုသူရဲ့ အကြိုက်နဲ့ ကိုက်ညီတဲ့ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေကို ရှာဖွေပေးနိုင်မယ်လို့ သိရပါတယ်။ ရှာဖွေတဲ့ နေရာမှာလည်း Mi Remote Conrol ကို အသုံးပြုပြီး Voice Command နဲ့ ရှာဖွေနိုင်မှာပါ။

                Mi Box 4 နဲ့ Mi Box 4c တို့ဟာ 4K HDR Content တွေကို Support လုပ်ပေးနိုင်မယ့်အပြင် အသံပိုင်းမှာလည်း Dolby Audio + DTS-HD Audio Decoder Output ကို ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ Mi Box 4 မှာ 64-bit Amlogic 2905L Quad-Core Cortex-A53 Processor နဲ့ 3+2 Core Mali-45 GPU ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ 

                RAM အနေနဲ့ 2GB၊ Internal Storage အနေနဲ့ 8GB ပါဝင်မှာ ဖြစ်ပါတယ်။ နောက်ပြီး 4K (3840x2160 pixels) HDR Content တွေကိုလည်း 60fps နဲ့ ကြည့်ရှုနိုင်မှာပါ။ Connectivity ပိုင်းမှာတော့ Wi-Fi 802.11 b/g/n, HDMI 2.0, USB 3.0 တို့ ပါဝင်မယ်လို့ သိရပါတယ်။

                Mi Box 4c ကလည်းပဲ Mi Box 4 နဲ့ Specification တွေ တူညီပြီး RAM နဲ့ Bluetooth Support ပိုင်းမှာပဲ ကွာခြားသွားမှာပါ။ Mi Box 4c မှာ RAM 1GB ပါဝင်မှာဖြစ်ပြီး Bluetooth Support ပိုင်းမှာတော့ Mi Box 4 လို Bluetooth 4.1 မဟုတ်ပဲ Infrared ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။

                ဈေးနှုန်းတွေ အနေနဲ့ Mi Box 4 က CNY 349 (မြန်မာငွေ ၇ သောင်း ၄ ထောင်ဝန်းကျင်)၊ Mi Box 4c က CNY 249 (မြန်မာငွေ ၅ သောင်း ၃ ထောင်ဝန်းကျင်)၊ စသည်ဖြင့် အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။ ဒီနေ့ကစပြီး ဝယ်ယူဖို့အတွက် Register လုပ်လို့ရပြီဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ တရားဝင် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

References
Gadget NDTV
About Author
Assinged Tags
Xiaomi Xiaomi Smart TV Smart TV Mi Smart TV Box Mi Box 4 Mi Box 4c Mi Box
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed