ကန်ဒေါ်လာ သန်း ၄၀၀ ကျော် Hack ခံလိုက်ရတဲ့ Cryptocurrency Exchange ကုမ္ပဏီ “Coincheck”

date_range 29 January 2018

ကန်ဒေါ်လာ သန်း ၄၀၀ ကျော် Hack ခံလိုက်ရတဲ့ Cryptocurrency Exchange ကုမ္ပဏီ “Coincheck”

visibility 460 Views

                ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံး Cryptocurrency Exchange ကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ Coincheck အနေနဲ့ လုံခြုံရေး ယိုပေါက်မှုတစ်ခုကြောင့် လက်ရှိပေါက်စျေး ကန်ဒေါ်လာ သန်း ၄၀၀ ကျော် တန်ဖိုးရှိပြီး Cryptocurrency အမျိုးအစားထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ NEM Token သန်း ၅၀၀ ကျော် Hack ခံလိုက်ရပြီ ဖြစ်ပါတယ်။

                Coincheck ရဲ့ အဆိုအရ အခုအခါမှာ NEM Token အသွင်း၊ အထုတ် လုပ်ငန်းအားလုံးကို ခေတ္တ ရပ်ဆိုင်းထားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Bloomberg မှ ရေးသားဖေါ်ပြချက်များအရ NEM Token သန်း ၅၀၀ ကျော်ကို ကုမ္ပဏီကနေတစ်ဆင့် တရားမဝင် ခိုးယူသွားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

                Coincheck ရဲ့ Co-Founder ဖြစ်တဲ့ Yusuke Otsuka ကတော့ ကုမ္ပဏီအနေနဲ့ လက်ရှိအချိန်မှာ NEM Token သန်း ၅၀၀ ကျော် ခိုးယူခံခဲ့ရခြင်းရဲ့ လုံခြုံရေးယိုပေါက်ကို ရှာဖွေတွေ့ရှိခြင်း မရှိသေးပေမယ့် User တွေအားလုံးရဲ့ ဒေတာတွေကို လုံခြုံမှုရှိစေရန်အတွက်ကိုတော့ အထူးလုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

                “ခိုးယူခံခဲ့ရတဲ့ NEM Coin တွေ ဘယ်ရောက်သွားတယ် ဆိုတာနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ သဲလွန်စ ရထားပါတယ်။ အခုအချိန်မှာ အဲ့ဒီ့သဲလွန်စကို ခြေရာခံနိုင်ဖို့ ကြိုးစားနေပါတယ်။ တကယ်လို့ သေချာ ခြေရာခံနိုင်ခဲ့မယ်ဆိုရင် ခိုးယူခံခဲ့ရတာတွေ အားလုံးကို Recover ပြန်လုပ်နိုင်မှာပါ။ အခုအချိန်မှာတော့ စုံစမ်းစစ်ဆေးရေး လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နေတုန်းပဲ ဖြစ်ပါတယ်”

လို့ Otsuka က Tokyo Stock Exchange Conference မှာ ပြောကြားသွားခဲ့ပါတယ်။

                Coincheck အနေနဲ့ အခုချိန်မှာ Bitcoin ကလွဲပြီး အခြား Cryptocurrency တွေကို ငွေသားနဲ့ အလဲအလှယ် လုပ်ပေးဦးမှာ မဟုတ်ပဲ NEM Coin ကိုတော့ အသွင်း၊ အထုတ် အားလုံး ရပ်ဆိုင်း သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Nikkei Veritas သတင်းစာ ရဲ့ Twitter မှာလည်း Coincheck ကုမ္ပဏီအနေနဲ့ Hacking ကြောင့် နစ်နာဆုံးရှုံးသူ အားလုံးကို လျော်ကြေးပေးဖို့ အစီအစဉ်ရှိကြောင်း ရေးသားဖေါ်ပြထားပါတယ်။

                NEM Coin ဆိုတာကတော့ Bitcoin, Etherum, Litecoin တို့လို Digital Currency တစ်မျိုးဖြစ်ပြီး အခုအချိန်မှာ လူသုံး အများဆုံး Cryptocurrency စာရင်း ရဲ့ နံပါတ် ၁၀ နေရာမှာ ရပ်တည်နေတဲ့ Digital Currency ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Bitcoin နဲ့ မတူတဲ့ အချက်က NEM Coin ကို Mining လုပ်ဖို့အတွက် Bitcoin လို High-End Computing Device တွေ လိုအပ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါ့အပြင် Currency အလွှဲအပြောင်းပိုင်း မှာလည်း Environmentally-Friendly Method ကို အသုံးပြုထားတာကြောင့် အခြား Cryptocurrency အလွှဲအပြောင်းတွေထက် ပိုမို ရိုးရှင်း လွယ်ကူတယ် လို့ ကုမ္ပဏီက ဆိုထားပါတယ်။

                Hack လုပ်ခံရခြင်းကြောင့် Cryptocurrency Exchange ကုမ္ပဏီတွေ ကန်ဒေါ်လာ သန်းနဲ့ချီပြီး ဆုံးရှုံးရတာ အခုအကြိမ်က ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၁၄ ခုနှစ်တုန်းကလည်း Bitcoin Exchange ကုမ္ပဏီတစ်ခုဖြစ်တဲ့ Mt Gox ကုမ္ပဏီအနေနဲ့ ကန်ဒေါ်လာ သန်း ၄၀၀ ကျော် တန်ဖိုးရှိတဲ့ Bitcoin တွေခိုးယူခံခဲ့ရတာကြောင့် ဒေဝါလီ ခံခဲ့ရတဲ့ အဖြစ်အပျက်မျိုးနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

                အခုအချိန်မှာ Cryptocurrency တွေရဲ့ တန်ဖိုးဟာ တဖြည်းဖြည်းနဲ့ မြင့်တက်လာပြီ ဖြစ်တာကြောင့် Coincheck အနေနဲ့ အခုဖေါက်ထွင်းမှုရဲ့ အရင်းအမြစ်ကိုသာ ရှာမတွေ့ခဲ့ဘူးဆိုရင် ၂၀၁၄ တုန်းက Mt Gox Exchange ကုမ္ပဏီထက် ဆုံးရှုံးမှုများစွာ ကြုံတွေ့ရနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားကြပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
The Verge
About Author
Assinged Tags
Hack Hacker BitCoin Cryptocurrency Security Flaw Cryptocurrency Exchange Coincheck NEM Coin
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed