Instagram ရဲ့ API Bug တစ်ခုကို Exploit ပြုလုပ်ပြီး Celebrity တွေရဲ့ ဖုန်းနံပါတ်နဲ့ Email လိပ်စာများကို Hackers များရယူခဲ့

date_range 31 August 2017

Instagram ရဲ့ API Bug တစ်ခုကို Exploit ပြုလုပ်ပြီး Celebrity တွေရဲ့ ဖုန်းနံပါတ်နဲ့ Email လိပ်စာများကို Hackers များရယူခဲ့

visibility 160 Views

                နာမည်ကြီး Social Network Platform တစ်ခုဖြစ်တဲ့ Instagram ရဲ့ Application Programming Interface (API) Bug တစ်ခုကို Hackers များ Exploit ပြုလုပ်ခဲ့ပြီး၊ နာမည်ကြီး Celebrity တွေရဲ့ ဖုန်းနံပါတ်နဲ့ Email လိပ်စာတွေကို ရယူခဲ့တယ်လို့ သိရှိရပါတယ်။ 

                Instagram ဟာ ဘယ်သူတွေရဲ့ Privacy Information တွေကို ခိုးယူခံရတယ်ဆိုတာကို ပြောပြဖို့ ငြင်းပယ်ခဲ့ပေမယ့် လွန်ခဲ့တဲ့ရက်အနည်းငယ်ကတော့ နာမည်ကြီးအဆိုတော် Selena Gomez ရဲ့ Instagram အကောင့် ခိုးယူခံခဲ့ရပြီး၊ သူမရဲ့ အရင်ရည်းစားဖြစ်တဲ့ Justin Bieber ရဲ့ ကိုယ်လုံးတီးပုံတွေကို သူမအကောင့်မှာ တင်သွားခဲ့တယ်လို့ သိရှိရပါတယ်။ ဒါပေမဲ့လည်း Selena Gomez ရဲ့အကောင့်ကို နေ့တွင်းချင်းပဲ Instagram Team မှ ပြန်လည်ရယူနိုင်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။

                Instagram မှ ပြောကြားချက်အရ

"ကျွန်တော်တို့အနေနဲ့ သိပ်မကြာခင်ကမှ လူအချို့ဟာ နာမည်ကြီး အကောင့်တွေရဲ့ Contact Information တွေကို Instagram ရဲ့ API Bug တစ်ခုအပေါ် Exploit ပြုလုပ်ပြီး တရားမ၀င်ရယူဖို့ ကြိုးစားခဲ့တာကို တွေ့ရှိရပါတယ်။ ဒါပေမဲ့လည်း Account Password တွေကိုတော့ ရယူနိုင်ခဲ့ခြင်းမရှိပါဘူး။ ကျွန်တော်တို့တွေအနေနဲ့လည်း Bug ကို ရှင်းလင်းပြီး၊ ဘယ်သူတွေ Information ခိုးယူသွားလဲဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်"

လို့ သိရှိရပါတယ်။

                ကုမ္ပဏီမှလည်း Verified ပြုလုပ်ထားတဲ့ အသုံးပြုသူတွေကို ဒီလိုမျိုးခိုးယူခံရနိုင်ဖွယ်ရှိကြောင်း အသိပေးထားတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ကိုယ်မသိတဲ့ဖုန်းတွေ၊ Message တွေနဲ့ Email တွေရောက်လာခဲ့လို့ ရှိရင်လည်း သတိထားကြဖို့ နှိုးဆော်ထားပါတယ်။

References
The Verge
About Author
Assinged Tags
API Instagram User Privacy Social Media Email Exploit Privacy Social Media App Bug Hacker Instagram Bug Contact Information Email Address
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed