လက်ရှိ MicroSD Card တွေထဲမှာ Storage ပမာဏ အများဆုံးဖြစ်တဲ့ Integral Memory ရဲ့ 512GB MicroSDXC V10

date_range 26 January 2018

လက်ရှိ MicroSD Card တွေထဲမှာ Storage ပမာဏ အများဆုံးဖြစ်တဲ့ Integral Memory ရဲ့ 512GB MicroSDXC V10

visibility 560 Views

                Integral Memory အနေနဲ့ Android Phone တွေမှာ အချက်အလက်တွေ သိမ်းဆည်းတာကအစ သီချင်းတွေ၊ ရုပ်ရှင်တွေပါ လုံလုံလောက်လောက် သိမ်းဆည်းထားနိုင်ဖို့အတွက် ရည်ရွယ်ပြီး MicroSD Card တွေထဲမှာ ပထမဦးဆုံး Storage ပမာဏ အများဆုံးပါရှိတဲ့512GB MicroSDXC V10 ကို မိတ်ဆက်ပေးလိုက်ပါတယ်။ Integral Memory ရဲ့ 512GB MicroSDXC V10 မှာ Storage ပမာဏ 512 GB ပါရှိမှာဖြစ်ပြီး Smartphone တွေမှာသာမက Action Camera တွေအပြင် MicroSD Card Slot ပါဝင်တဲ့ ဘယ် Device မှာမဆို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

                ဒါပေမယ့် Integral Memory ရဲ့ 512GB MicroSDXC V10 ဟာ Video Speed Class 10 (V10) Standard ပဲရှိတာကြောင့် Full HD Resolution ရှိတဲ့ ဗီဒီယိုတွေကိုသာ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Integral Memory အနေနဲ့လည်း 4K အခန်းကဏ္ဍအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဘူးလို့ ပြောထားတဲ့အတွက် Read Speed 80MB/s နဲ့ Write Speed 10MB/s အထိပဲ ရရှိနိုင်မှာပါ။ ဒါကြောင့် Integral Memory ရဲ့ 512GB MicroSDXC V10 ဟာ Read Speed 100MB/s အထိ ပေးနိုင်ပြီး အရင်တုန်းက MicroSD Card တွေထဲမှာ Storage ပမာဏ အများဆုံးဖြစ်ခဲ့တဲ့ SanDisk ရဲ့ SANDISK ULTRA microSD UHS-I ထက်တော့ နှေးတယ်လို့ ပြောရမှာပါ။

                သတင်းစာရှင်းလင်းပွဲမှာတော့ Integral Memory ရဲ့ Marketing Manager James Danton က

                “အခုဆိုရင် Mobile Devices တွေရဲ့ အခန်းကဏ္ဍဟာ လူတွေအတွက် မရှိမဖြစ်လိုအပ်ပြီး အရေးပါတဲ့ အရာတစ်ခုလို ဖြစ်နေပါပြီ။ သုံးစွဲသူတွေအတွက်လည်း သူတို့ရဲ့ Smartphone တွေ၊ Tablet တွေနဲ့ တစ်ခြား Device တွေမှာ Storage ပမာဏ နည်းနည်းလေးပဲ ပါဝင်လေ့ရှိတဲ့ ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့လည်း အခုလို MicroSD Card တွေထဲမှာ ပထမဦးဆုံး Storage ပမာဏ အများဆုံးပါဝင်လာတဲ့ 512GB MicroSDXC V10 ကို မိတ်ဆက်ပေးနိုင်ခဲ့ပြီး သမိုင်းတွင်နိုင်ခဲ့တဲ့အတွက် အလွန်ပဲ ကျေနပ်ဂုဏ်ယူမိပါတယ်။"

လို့ ပြောကြားသွားပါတယ်။

                Integral ကုမ္ပဏီ အနေနဲ့ 512GB MicroSDXC V10 ကို ရောင်းချပေးမယ့် စျေးနှုန်းအတိအကျကို ပြောကြားခဲ့ခြင်း မရှိသေးပေမယ့် လာမယ့် ဖေဖော်ဝါရီလအတွင်း မြင်တွေ့နိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ Integral က ရောင်းချပေးမယ့် 512GB MicroSDXC Card ကို တစ်ခြား Storage ပမာဏများများပါဝင်တဲ့ MicroSD Card တွေနည်းတူ တန်ဖိုးမြင့်စျေးနှုန်းနဲ့ ရောင်းချသွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

This Article is contributed by 2puu.
References
DigitalTrends BGR
About Author
Assinged Tags
Sandisk Data Storage Storage Storage Space microSD Cards Integral Memory 512GB MicroSDXC V10
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed