Western Digital ရဲ့ပထမဆုံး External SSD ကို မိတ်ဆက်

date_range 07 April 2017

Western Digital ရဲ့ပထမဆုံး External SSD ကို မိတ်ဆက်

visibility 6200 Views

                Hard Drive တွေထုတ်လုပ်ရောင်းချရာမှာ Portable ဖြစ်ပြီး ဈေးလည်းချိုသာတယ်လို့ နာမည်ကြီးတဲ့ Western Digital ဟာ ဒီနေ့မှာပဲ ကုမ္ပဏီရဲ့ ပထမဆုံး External SSD ကို မိတ်ဆက်လိုက်ပါတယ်။ 

                Western Digital ရဲ့ ပထမဆုံး External SSD လို့ ပြောရတာကလည်း အကြောင်းရှိပါတယ်။ Western Digital အနေနဲ့ အရင်က External SSD ကိုထုတ်လုပ်ရောင်းချခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့်မို့လို့လည်း ယခုမိတ်ဆက်လိုက်တဲ့ External SSD ဟာ Western Digital ရဲ့ ပထမဆုံး External SSD လို့ပြောရခြင်း ဖြစ်ပါတယ်။

                WD ဟာ ဒီလိုမျိုး External SSD တွေထုတ်လုပ်ဖို့အတွက်ရော၊ တခြား Storage ပိုင်းဆိုင်ရာ နည်းပညာတွေကို ရရှိနိုင်ဖို့အတွက် မနှစ်ကထဲက SanDisk ကို ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ အခုလိုမျိုး External SSD ကို စတင်မိတ်ဆက်လိုက်ပြီဆိုသော်လည်း ဈေးကွက်ထဲမှာကတော့ နောက်ကျနေပြီ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပြိုင်ဘက်တွေဖြစ်တဲ့ Seagate နဲ့ LaCie တို့ဟာ ဈေးကွက်မှာ External SSD တွေကို ထုတ်လုပ်ရောင်းချနေပြီ မို့လို့ပါ။

 

                အခု External SSD အသစ်မှာ USB 3.0 Micro B Port ကို USB-C Port နဲ့ အစားထိုးလိုက်ပြီး မော်ဒယ်လ်သုံးမျိုး ခွဲခြားထားပါတယ်။ 1TB မော်ဒယ်လ်ကို အမေရိကန်ဒေါ်လာ ၃၉၉.၅၅ ဒေါ်လာ၊ 512GB မော်ဒယ်လ်ကို အမေရိကန်ဒေါ်လာ ၁၉၉.၉၉ ဒေါ်လာ၊ 256GB မော်ဒယ်လ်ကို အမေရိကန်ဒေါ်လာ ၉၉.၉၉ ဒေါ်လာ၊ စသည်ဖြင့် ကျသင့်မှာ ဖြစ်ပါတယ်။

                အခု External SSD တွေဟာ External Hard Drive တွေထက်တော့ ဈေးကြီးနေသေးတယ်ဆိုပေမယ့် သင့်တော်တဲ့ဈေးလို့တော့ ပြောလို့ရပါတယ်။ 

References
The Verge
About Author
Assinged Tags
Hard Drive Sandisk Western Digital External SSD Seagate LaCie
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed