iPhone နှင့် iPad များအတွက် Flash Drive နဲ့ Wireless Stick များကို SanDisk မိတ်ဆက်

date_range 28 February 2017

iPhone နှင့် iPad များအတွက် Flash Drive နဲ့ Wireless Stick များကို SanDisk မိတ်ဆက်

visibility 50 Views

                ဒီနေ့ Mobile World Congress မှာ SanDisk ကုမ္ပဏီက iPhone နှင့် iPad များအတွက် iXpand Flash Drive နဲ့ Connect Wireless Stick ကို မိတ်ဆက်လိုက်ပြီး အမြင့်ဆုံး Data သိုလှောင်နိုင်တဲ့ ပမာဏကတော့ 256GB ဖြစ်ပါတယ်။

                iXpand Flash Drive ရဲ့ 256GB ကတော့ အမေရိကန်ဒေါ်လာ ၂၉၇.၅၀ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး၊ 16BG ကနေ 128GB အထိကတော့ အမေရိကန်ဒေါ်လာ ၄၉.၉၉ ဒေါ်လာကနေ၊ ၁၂၉.၉၉ အထိကျသင့်မှာဖြစ်ပါတယ်။ iPhone၊ iPad၊ Mac (ဒါမှမဟုတ်) PC များနဲ့ ချိတ်ဆက်နိုင်ဖို့အတွက် Lightning Port ရော၊ USB 3.0 ကိုပါအသုံးပြုထားပါတယ်။

                Connect Wireless Stick ရဲ့ 256GB ကတော့ အမေရိကန်ဒေါ်လာ ၂၇၉.၉၉ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး၊ Data Management လုပ်ရန် iOS အတွက် SanDisk iXpand Drive ဆိုတဲ့ App လေးလည်း ပါဝင်မှာဖြစ်ပါတယ်။ Wireless Stick ဖြစ်တာကြောင့် ကွန်ပျူတာမှာ ထိုးထားစရာမလိုပဲ အသုံးပြုသူ Access လုပ်ချင်တဲ့ File ကို Wireless Connection ရှိယုံနဲ့တင် Access လုပ်လို့ရမှာပါ။ 

                iXpand Flash Drive နဲ့ Connect Wireless Stick ကို Amazon နဲ့ Best Buy တို့မှာ ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။

References
mac Rumors The Verge
About Author
Assinged Tags
Sandisk iPhone macOS iPad PC iXpand Flash Drive Connect Wireless Stick Lightning Port
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed