EMUI 8.0 Update ရရှိနိုင်မယ့် Huawei နဲ့ Honor စမတ်ဖုန်းတွေကို တရားဝင် ကြေငြာပေးလိုက်တဲ့ Huawei

date_range 25 January 2018

EMUI 8.0 Update ရရှိနိုင်မယ့် Huawei နဲ့ Honor စမတ်ဖုန်းတွေကို တရားဝင် ကြေငြာပေးလိုက်တဲ့ Huawei

visibility 3120 Views

                ပြီးခဲ့တဲ့အပတ်တုန်းက Huawei အနေနဲ့ AI Features တွေပါဝင်မယ့် Android 8.0 Oreo ကို အခြေခံထားတဲ့ EMUI 8.0 ကို မကြာခင် အချိန်အတွင်း မှာ မိတ်ဆက်ပေးသွားမှာ ဖြစ်တယ်လို့ ကြေငြာ သွားခဲ့ပါတယ်။ အခုအခါမှာတော့ ကုမ္ပဏီ အနေနဲ့ EMUI 8.0 Update ရရှိမယ့် Huawei နဲ့ Honor Series စမတ်ဖုန်းတွေကို ကြေငြာပေးလိုက်ပြီပဲ ဖြစ်ပါတယ်။


                စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်က EMUI 8.0 Update ကို ရရှိမယ့် စမတ်ဖုန်းတွေမှာ Huawei ရဲ့ ကိုယ်ပိုင် Chipset ဖြစ်တဲ့ Kirin Chipset ကို အသုံးပြုထားတဲ့ အချက်ပဲ ဖြစ်ပါတယ်။ 

                Honor Series စမတ်ဖုန်းတွေထဲက EMUI 8.0 Update ရရှိမယ့် စမတ်ဖုန်းတွေကတော့ 

  1. Honor V10
  2. Honor 9
  3. Honor V9
  4. Honor 7X
  5. Honor 8 Youth
  6. Honor 8
  7. Honor V8
  8. Honor Note 8 

တို့ပဲ ဖြစ်ပါတယ်။

                Huawei Series စမတ်ဖုန်းတွေထဲက EMUI 8.0 Update ရရှိမယ့် စမတ်ဖုန်းတွေကတော့

  1. Mate 8
  2. P9
  3. P9 Plus
  4. Nova Youth Edition
  5. Nova 2
  6. Nova 2 Plus 

တို့ပဲ ဖြစ်ပါတယ်။

                Huawei ကတော့ အသစ်မိတ်ဆက်ပေးမယ့် EMUI 8.0 Update ကို စမတ်ဖုန်း အသုံးပြုသူတွေ အသုံးပြုရ လွယ်ကူစေမယ့်အပြင် လုံခြုံမှုကိုပါ ပေးစွမ်းနိုင်တဲ့ “Avant-Garde Technological Software” ဖြစ်တယ်လို့ ကြွေးကြော်ထားပါတယ်။

                EMUI 8.0 Update မှာ Features တွေအနေနဲ့ Real-Time Scene and Object Recognition, Smart Tips, AI-Accelerated Language Translation စတာတွေ ပါဝင်မှာ ဖြစ်သလို Resource Allocation, Context Awareness, User Behavior Prediction တို့လို Artificial Intelligence ကို အခြေခံထားတဲ့ လုပ်ဆောင်နိုင်စွမ်းတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။


                EMUI 5.1 ကို အဆင့်မြှင့်တင်ထားတဲ့ EMUI 8.0 Update မှာ Software အသုံးပြုရတာ ပိုမို မြန်ဆန်၊ ကောင်းမွန်စေဖို့အတွက် Advanced Artificial Intelligence Technological Feature တွေလည်း ပါဝင်တယ်လို့ ကုမ္ပဏီက ဆိုထားပါသေးတယ်။ ဒါ့အပြင် EMUI 8.0 Update ကို Android Oreo ကို အခြေပြုပြီး တည်ဆောက်ထားတာ ဖြစ်တာ ကြောင့် Android Oreo ရဲ့ Feature တွေဖြစ်တဲ့ Split-Screen Interface, Navigation Dock, One-Hand Operation, Smart View စတဲ့ Feature တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

                Huawei အနေနဲ့ အခုအချိန်မှာ EMUI 8.0 Update ကို ထုတ်လုပ်နေဆဲဖြစ်ပြီး ဖုန်းတွေမှာ တရားဝင် အသုံးပြုနိုင်မယ့် ရက်ကိုတော့ ထုတ်ပြန်ကြေငြာခြင်း မရှိသေးပါဘူး။

This Article is contributed by Phyo Kyaw Swar.
References
GizmoChina GizmoChina
About Author
Assinged Tags
Huawei EMUI news Android Artificial Intelligence Android Oreo EMUI Update EMUI 8.0
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed