ဖုန်းဘက်ထရီ စစ်၊ မစစ် ပါးစပ်နဲ့ကိုက်ပြီး စမ်းသပ်ရာမှ ပေါက်ကွဲမှုဖြစ်ပွား

date_range 25 January 2018

ဖုန်းဘက်ထရီ စစ်၊ မစစ် ပါးစပ်နဲ့ကိုက်ပြီး စမ်းသပ်ရာမှ ပေါက်ကွဲမှုဖြစ်ပွား

visibility 480 Views

                ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံက အီလက်ထရောနစ် စတိုးဆိုင်တစ်ဆိုင်မှာ ဖြစ်ပွားခဲ့တာပါ။ ဝယ်ယူသူတစ်ယောက်ဟာ Litmus (အငန်ဓာတ်ထိလျှင် အပြာရောင်ထကာ အချဉ်ဓာတ်ထိလျှင် အနီရောင်ထသည့် ဓာတုဗေဒ စမ်းသပ်နည်း) စမ်းသပ်နည်းနဲ့ ဘက်ထရီကို ပါးစပ်နဲ့ကိုက်ပြီး စမ်းသပ်ခဲ့ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။


                ဒီအဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဟာ တရုတ်နိုင်ငံရဲ့ Video Sharing Platform တစ်ခုဖြစ်တဲ့ Miaopai မှတဆင့် ပြန့်ပွားခဲ့တာ ဖြစ်ပြီး ကြည့်ရှုသူပေါင်း ၄.၆၉ ဘီလီယံထိ ရှိခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဇန်နဝါရီလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ပါးစပ်နဲ့ကိုက်ပြီး စမ်းသပ်ခဲ့သူဟာ သူရဲ့ iPhone ဘက်ထရီကို လဲလှယ်ဖို့အတွက် အီလက်ထရောနစ် စတိုးဆိုင်ကို ရောက်ရှိလာခဲ့တာ ဖြစ်တယ်လို့ Taiwan News ကနေ တဆင့် သိရပါတယ်။

                ဘယ်ဆိုင်မှာ ဖြစ်ပွားခဲ့မှန်း အတိအကျ မသိရပေမယ့် ဆိုင်ရဲ့ဘေးဘက်မှာတော့ “Professional Screen Change” ဆိုပြီး စာလုံးအကြီးကြီးနဲ့ ရေးထားတာ ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလူဟာ ပေါက်ပေါက်ရှာရှာ ဘက်ထရီ စစ်၊ မစစ် စစ်ဆေးဖို့အတွက် ပါးစပ်နဲ့ကိုက်ပြီး စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ ပေါက်ကွဲမှုဟာ ဘေးနားမှာကြည့်နေတဲ့ လူတစ်ယောက်ရဲ့ မျက်နှာနားမှာကပ်ပြီး ဖြစ်ပွားခဲ့ရုံမှအပ ထိခိုက်အနာတရ မရှိခဲ့ဘူးလို့ သိရပါတယ်။

                “ဘက်ထရီက ရွှေမှမဟုတ်တာ၊ ဘာကိစ္စ ပေါက်ပေါက်ရှာရှာ ပါးစပ်နဲ့များ သွားကိုက်ရတာလဲ?” ဆိုပြီးတောင် တရုတ်နိုင်ငံသား တစ်ယောက်က ပြက်ရယ်ပြုထားပါသေးတယ်။ Lithium-ion ဘက်ထရီတွေဟာ အတုနေနေ အစစ်နေနေ တခါတလေမှာ အပူလွန်ပြီး ပေါက်ကွဲတတ်သလို ပါးစပ်နဲ့ကိုက်ပြီးတော့လဲ မစမ်းသပ်သင့်ပါဘူးလို့ ကျွမ်းကျင်သူများက သတိပေးထားပါတယ်။ ဒါ့အပြင် DVD အခွေတွေနဲ့ Google Chromecast လို အရာမျိူးတွေကိုလဲ ပါးစပ်နဲ့ မကိုက်သင့်ပါဘူးလို့ အကြံပေးထားပါတယ်။

                Apple အနေနဲ့ Battery Capacity နည်းသွားတဲ့ iPhone မော်ဒယ်လ် အဟောင်းတွေကို Performance လျော့ပစ်ခဲ့တာ ဖြစ်ကြောင်း လွန်ခဲ့တဲ့လက အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဘက်ထရီ လဲလှယ်ခနှုန်းထားတွေကို ကန်ဒေါ်လာ ၇၉ ဒေါ်လာမှ ကန်ဒေါ်လာ ၂၉ ဒေါ်လာထိ လျော့ချပေးခဲ့ပါတယ်။ ဒါ့ကြောင့်လည်း iPhone ဘက်ထရီလဲလှယ်တဲ့သူတွေ ပိုများလာတာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

This Article is contributed by Thaw Zin.
References
The Verge
About Author
Assinged Tags
Battery Lithium-Ion Battery Battery Explosion Battery Explodes
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed