Intel 8th Generation Processor တွေအသုံးပြုထားတဲ့ 13.3in Mi Notebook Air မော်ဒယ်အသစ်နှစ်မျိုးကို မိတ်ဆက်ပေးလိုက်တဲ့ Xiaomi

date_range 24 January 2018

Intel 8th Generation Processor တွေအသုံးပြုထားတဲ့ 13.3in Mi Notebook Air မော်ဒယ်အသစ်နှစ်မျိုးကို မိတ်ဆက်ပေးလိုက်တဲ့ Xiaomi

visibility 1880 Views

                Xiaomi အနေနဲ့ 6th Generation Intel Processor အသုံးပြုထားတဲ့ ၁၂.၅ လက်မ၊ ၁၃.၃ လက်မ အရွယ်အစားရှိ Mi Notebook Air Laptop မော်ဒယ်နှစ်မျိုးကို ၂၀၁၆ ခုနှစ်က စတင် မိတ်ဆက်ပေးခဲ့ ပါတယ်။

                ၂၀၁၇ ဇွန်လမှာလည်း 7th Generation Intel Processor အသုံးပြုထားပြီး Trackpad ပေါ်မှာ Fingerprint Sensor ထည့်သွင်းထားတဲ့ ၁၃.၃ လက်မ အရွယ်အစားရှိ Mi Notebook Air Laptop မော်ဒယ်ကို ထပ်မံ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၆ မော်ဒယ်တွေမှာ အသုံးပြုထားတဲ့ Nvidia GeForce 940 MX GPU ထက် သုံးဆ ပိုမိုကောင်းမွန်တဲ့ Nvidia GeForce MX 150 GPU ကို ၂၀၁၇ ထုတ် ၁၃.၃ လက်မ Mi Notebook Air Laptop တွေမှာ အသုံးပြုပေးခဲ့ပါတယ်။


                အခုအခါမှာတော့ 8th Generation Intel Core i5၊ Core i7 Processors တွေ အသုံးပြုထားတဲ့ ၁၃.၃ လက်မ အရွယ်အစားရှိ Mi Notebook Air Laptop မော်ဒယ်အသစ်တွေကို တရုတ်ပြည်မှာ ထပ်မံ မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အသစ်ထွက်ရှိလာမယ့် ၁၃.၃ လက်မ Mi Notebook Air Laptop တွေမှာ Intel ရဲ့ Core i5-8250U နဲ့ Core i7-8550U Processors တွေကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ Graphic Card အနေနဲ့ အရင် ၂၀၁၇ မော်ဒယ်မှာလိုပဲ Nvidia GeForce MX 150 GPU ကို ဆက်လက် အသုံးပြုထားပါတယ်။


                ၁၃.၃ လက်မ အရွယ်အစားရှိ Mi Notebook Air မော်ဒယ်အသစ်နှစ်မျိုးမှာ RAM အနေနဲ့ DDR4 8GB RAM ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ 256GB PCIe SSD ပါဝင်မှာဖြစ်ပြီး လိုအပ်ပါက နောက်ထပ် Hard Disk တစ်လုံးကိုလည်း ထပ်မံထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Core i5 မော်ဒယ်အနေ နဲ့ Maximum Clock Speed 3.4GHz ရရှိမှာဖြစ်ပြီး Core i7 မော်ဒယ်ကတော့ Maximum Clock Speed 4.0GHz အထိ ရရှိမှာ ဖြစ်ပါတယ်။ OS အနေနဲ့ Microsoft ရဲ့ Windows 10 Home Edition ကို အသုံးပြုထားတယ်လို့ သိရပါတယ်။


                မော်ဒယ်နှစ်မျိုးလုံးအတွက် ၁၃.၃ လက်မ Full-HD (1080x1920 Pixels) Display ကို အသုံးပြုထားတဲ့အပြင် 170-Degree Viewing Angle ရှိမယ်လို့ သိရပါတယ်။ Brightness အနေနဲ့ 300 Nits အထိ ရရှိမှာဖြစ်ပြီး Gorilla Glass 3 Protection ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် Bluetooth 4.1 Support, Wi-Fi 802.11ac Bands တို့နဲ့အတူ Video Call ခေါ်ဆိုဖို့အတွက် 1 MP Front Camera တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

                Battery အနေနဲ့ 40 Watt Li-Ion Battery ကို အသုံးပြုထားပြီး ကိုးနာရီခွဲကျော် အသုံးခံတယ်လို့ Xiaomi က ဆိုထားပါတယ်။ Fast Charging ကို Support ပေးမယ့် USB Type-C Port လည်း ပါဝင်တယ်လို့ သိရပါတယ်။


                Connectivity ပိုင်းအတွက် USB 3.0 Port၊ HDMI Port နဲ့ 3.5mm Headphone Jack တို့ ပါဝင်တယ်လို့ သိရပါတယ်။ နောက်ပြီး Wake up လုပ်ဖို့ ဒါမှမဟုတ် Unlock လုပ်ဖို့အတွက် လည်း Fingerprint Sensor ပါဝင်ပါသေးတယ်။ မော်ဒယ်အသစ်နှစ်မျိုးလုံးရဲ့ အရွယ်အစားကတော့ 309.6x210.9x14.8mm ရှိပြီး 1.3kg အလေးချိန် ရှိတယ်လို့ သိရပါတယ်။


                မော်ဒယ်အသစ်နှစ်မျိုးလုံးကို အရောင်အနေနဲ့ Gold, Silver အပြင် Dark Gray Color နဲ့ပါ ထုတ်လုပ် ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဝယ်ယူချင်တယ် ဆိုရင်တော့ Xiaomi Website ကနေတစ်ဆင့် CNY 5399 (မြန်မာငွေ ၁၂ သိန်းဝန်ကျင်) နဲ့ Preorder မှာယူနိုင်မှာ ဖြစ်ပြီး ဇန်နဝါရီလ ၂၄ ရက်နေ့ကျရင် စတင် ဖြန့်ချီပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
GadgetsNDTV
About Author
Assinged Tags
Xiaomi Laptop Notebook Mi Notebook Air Intel 8th Generation
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed