Hi-Fi DAC Audio စနစ်နဲ့အတူ LG Pay လည်း စတင်ပါဝင်လာပြီ ဖြစ်တဲ့ LG X4+

date_range 22 January 2018

Hi-Fi DAC Audio စနစ်နဲ့အတူ LG Pay လည်း စတင်ပါဝင်လာပြီ ဖြစ်တဲ့ LG X4+

visibility 300 Views

                LG အနေနဲ့ သူတို့ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းဖြစ်တဲ့ LG X4+ ကို တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့က မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ LG X4+ ဟာ LG Pay စတင်ပါဝင်လာတဲ့ LG ရဲ့ ပထမဆုံး ဖုန်းတစ်လုံး ဖြစ်ပါတယ်။ LG Pay ဆိုတာကတော့ စမတ်ဖုန်းနဲ့ ငွေပေးချေလို့ရတဲ့ စနစ်ဖြစ်ပြီး တခြား စမတ်ဖုန်းကုမ္ပဏီတွေ ဖြစ်တဲ့ Samsung မှာ Samsung Pay ရှိသလို Apple မှာလဲ Apple Pay ဆိုပြီး အသီးသီး ရှိကြပါတယ်။

                ၂၀၁၇ ခုနှစ် ဇွန်လက မိတ်ဆက်ခဲ့တဲ့ LG G6 Pro နဲ့ LG G6 Plus တို့မှာ LG Pay စနစ်သစ် ပါဝင်လာမယ့် ကောလဟလများ ထွက်ခဲ့သော်လည်း မပါဝင်ခဲ့ပါဘူး။ LG Pay က Fingerprint ဒါမှမဟုတ် Password ကြိုက်နှစ်သက်ရာ တစ်မျိူးမျိူးကို  ရွေးချယ်ပြီး ငွေပေးချေမှုများ ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။ LG X4+ မှာ ပါဝင်လာတဲ့ Fingerprint နည်းပညာက FingerTouch လုပ်ခြင်းဖြင့် Selfies များရိုက်နိုင်မှာ ဖြစ်သလို FingerPress လုပ်ခြင်းဖြင့် Screenshot များလဲ ရိုက်နိုင်မယ်လို့ သိရပါတယ်။

                LG X4+ ရဲ့ Display ကတော့ ၅.၃ လက်မ မျက်နှာပြင်အကျယ်ရှိ HD IPS Dsiplay ဖြစ်ပါတယ်။ Resolution 720 x 1280 pixels ရှိပြီး Pixel Density ကတော့ 277 ppi ရှိမှာပါ။ Processor ကိုတော့ Qualcomm ရဲ့ Snapdragon 425 SoC ကို အသုံးပြုထားပြီး 2GB LPDDR3 RAM ပါဝင်မှာ ဖြစ်ပါတယ်။ Storage အပိုင်းမှာတော့ 32GB တစ်မျိူးတည်းသာ ထွက်ရှိမှာ ဖြစ်ပါတယ်။ တကယ်လို့ Storage မလောက်ဘူးဆိုရင်လည်း microSD 2TB (2000GB) ထိ ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။

                Camera အပိုင်းမှာတော့ ကျောဘက်မှာ 13MP Camera နဲ့အတူ 77-degree Wide-angle Lens တို့ပါဝင်မှာ ဖြစ်ပြီး ရှေ့ဘက်မှာတော့ 5MP Camera နဲ့အတူ 100-degree Wide-angle Lens တို့ ပါဝင်မှာ ဖြစ်ပါတယ်။ 100-degree Wide-angle Lens ပါတဲ့အတွက် Wide-View Selfie ဓာတ်ပုံမျိူးတွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ Android 7.0 Nougat နဲ့ ပွဲထွက်လာတာ ဖြစ်ပြီး Battery သိုလှောင်မှု ပမာဏကတော့ 3000mAh ရှိမှာ ဖြစ်ပါတယ်။

                Connectivity ပိုင်းမှာ Wi-Fi 802.11 a/b/g/n, Bluetooth 4.2, NFC နဲ့ USB Type-B တို့ပါဝင်မှာ ဖြစ်ပြီး အလေးချိန်ကတော့ ၁၇၂.၃ ဂရမ် ရှိပါတယ်။ ဒါ့အပြင် LG X4+ ရဲ့ Hi-Fi DAC Audio စနစ်က 32-bit 192kHz Audio Output ကို ထောက့်ပံ့ပေးနိုင်မယ်လို့ သိရပါတယ်။

                LG X4+ ကို အရောင်တွေ အနေနဲ့ Moroccan Blue နဲ့ Lavender Violet စတဲ့ အရောင် ၂ မျိူးနဲ့ ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပြီး စျေးနှုန်းကတော့ တောင်ကိုရီးယားငွေ ၃၀၀,၀၀၀ ဝမ် (မြန်မာငွေ ၃၇၀,၀၀၀ ကျပ် ဝန်းကျင်ခန့်) ကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

This Article is contributed by Thaw Zin.
References
Gadgets NDTV
About Author
Assinged Tags
Smartphones LG LG Smartphones LG Pay LG X4+
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed