စွမ်းဆောင်ရည်မြင့် မျိုးဆက်သစ် Graphics Card တွေအတွက် 16GB GDDR6 RAM ကို စတင်ထုတ်လုပ်နေပြီလို့ Samsung ကြေငြာ

date_range 19 January 2018

စွမ်းဆောင်ရည်မြင့် မျိုးဆက်သစ် Graphics Card တွေအတွက် 16GB GDDR6 RAM ကို စတင်ထုတ်လုပ်နေပြီလို့ Samsung ကြေငြာ

visibility 520 Views

                Samsung အနေနဲ့ စွမ်းဆောင်ရည်မြင့် မျိုးဆက်သစ် Graphics Card တွေအတွက် GDDR6 RAM ကို စတင်ထုတ်လုပ်နေပြီလို့ Samsung Newsroom မှာ မနေ့က တရားဝင် ကြေငြာခဲ့ပါတယ်။ စွမ်းဆောင်ရည်မြင့် Graphics Card တွေကိုပဲ လိုအပ်လာတဲ့ နည်းပညာဈေးကွက်အတွက် GDDR5 ထက် နှစ်ဆပိုမြန်တဲ့ 16GB GDDR6 RAM ကို ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့ Samsung က ဆိုပါတယ်။

                ဒီ GDDR6 RAM ကို Gaming Device တွေ၊ မျိုးဆက်သစ် Graphic Card တွေ၊ စတဲ့ စွမ်းဆောင်ရည်မြင့် Graphic Processing ကဏ္ဍတွေနဲ့ Automotive၊ Network၊ Artificial Intelligence စနစ်တွေမှာ အသုံးပြုသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

                အခု ကြေငြာလိုက်တဲ့ 16GB GDDR6 RAM မှာ Pin Speed ကို 18Gbps အထိ ရရှိမှာဖြစ်ပြီး Data Transfer Rate ကိုလည်း 72 GBps အထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီ Pin Speed ဟာ အရင် 8GB GDDR5 မှာတုန်းက ရရှိခဲ့တဲ့ 8Gbps Pin Speed ထက် အဆ ၂၀၀ ခန့် ပိုများသွားတာ ဖြစ်ပါတယ်။

                အရင် 8GB GDDR5 RAM မှာတုန်းက ပါဝါသုံးစွဲမှု 1.55V ရှိခဲ့ပေမယ့် Low-power Circuit Design အသစ်ကြောင့် အခု 16GB GDDR6 RAM ဟာ ပါဝါသုံးစွဲမှု 1.35V ပဲ ရှိတော့မှာ ဖြစ်ပါတယ်။ ဒါဟာ စွမ်းအင်သုံးစွဲမှုပိုင်းမှာ ၃၅ ရာခိုင်နှုန်းခန့် လျော့ကျသွားတာလည်း ဖြစ်ပါတယ်။

                အဲ့ဒါအပြင် 16GB GDDR6 RAM ကို 10 nm Process နဲ့ ထုတ်လုပ်မှာ ဖြစ်တဲ့အတွက် အရင်အသုံးပြုခဲ့တဲ့ 20 nm Process ထက် ၃၀ ရာခိုင်နှုန်းခန့် ပိုမိုမြန်ဆန်စွာ ထုတ်လုပ်နိုင်မယ်လို့လည်း သိရပါတယ်။ ထုတ်လုပ်မှုပိုင်းမှာ ပိုမိုမြန်ဆန်မှာ ဖြစ်တဲ့အတွက် ဈေးနှုန်းလည်း ပိုမိုသက်သာလာနိုင်တယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းထားပါတယ်။

                Samsung ရဲ့ Senior Vice President Jinman Han ကတော့

                “အခု Samsung က ထုတ်လုပ်နေပြီဖြစ်တဲ့ 16GB GDDR6 RAM ဟာ စွမ်းဆောင်ရည်မြင့် မျိုးဆက်သစ် Graphics Card တွေနဲ့ Graphics System တွေ စောစောစီးစီး ထွက်ရှိလာနိုင်ဖို့အတွက် အဓိက သော့ချက်တစ်ခု ဖြစ်လာမယ်”

လို့ ပြောသွားပါတယ်။

                16GB GDDR6 RAM ဟာ Performance ပိုင်း၊ ပါဝါသုံးစွဲမှုပိုင်းနဲ့ ထုတ်လုပ်မှုပိုင်းတွေမှာ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် 8K Ultra HD Video Processing၊ Virtual Reality (VR)၊ Augment Reality (AR) နဲ့ Artificial Intelligence (AI) စတဲ့ နည်းပညာတွေအတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာမယ့် GDDR RAM တစ်ခု ဖြစ်လာမယ်လို့တော့ Samsung က ကြွေးကြော်ထားပါတယ်။

This Article is contributed by 2puu.
References
Engadget Samsung Newsroom
About Author
Assinged Tags
Samsung Graphics Card RAM GDDR RAM Graphics Memory 16GB GDDR6 RAM
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed