ဆွစ်ဇလန်နိုင်ငံက ဆေးရုံတွေဟာ ဆေးဝါးသုတေသနနဲ့ သက်ဆိုင်တဲ့ နမူနာပစ္စည်းတွေကို Drone တွေနဲ့ ပို့ဆောင်တော့မည်

date_range 02 April 2017

ဆွစ်ဇလန်နိုင်ငံက ဆေးရုံတွေဟာ ဆေးဝါးသုတေသနနဲ့ သက်ဆိုင်တဲ့ နမူနာပစ္စည်းတွေကို Drone တွေနဲ့ ပို့ဆောင်တော့မည်

visibility 100 Views

                ဆွစ်ဇလန်နိုင်ငံ Lugano ဆိုတဲ့မြို့က ဆေးရုံတွေဟာ ၂၀၁၆ ခုနှစ်၊ မတ်လ၊ လလယ်ပိုင်းလောက်ထဲက ဆေးရုံတစ်ရုံနှင့် တစ်ရုံကြားမှာ ဆေးဝါးသုတေသနနဲ့ သက်ဆိုင်တဲ့ နမူနာပစ္စည်းတွေကို Drone တွေနဲ့ စမ်းသပ်သယ်ယူပို့ဆောင်ခဲ့ပါတယ်။

                Drone များကို ဆေးရုံတစ်ရုံနှင့် တစ်ရုံကြား အကြိမ်ပေါင်း ၇၀ ကျော်လောက် စမ်းသပ်ပျံသန်းခဲ့ပြီးနောက်မှာတော့ ၂၀၁၈ ခုနှစ်ကစပြီး Drone တွေနဲ့ပဲ ဆေးဝါးသုတေသနနဲ့ သက်ဆိုင်တဲ့ နမူနာပစ္စည်းတွေကို ပို့ဆောင်တော့မှာဖြစ်တယ်လို့ ကြေငြာလိုက်ပါတယ်။

                ဒီလိုမျိုး Drone တွေကို အသုံးပြုပြီး ဆေးရုံတစ်ရုံနှင့် တစ်ရုံကြား ဆေးဝါးသုတေသနနဲ့ သက်ဆိုင်တဲ့ နမူနာပစ္စည်းတွေကို ပို့ဆောင်တာဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။

                ဒါပေမယ့် ယခုလိုမျိုး သယ်ယူပို့ဆောင်ရေးအတွက် တာဝန်ယူထားတဲ့ Swiss Post ဆိုတဲ့ ကုမ္ပဏီကတော့ ဒါဟာ လူနေထူထပ်တဲ့နေရာမှာ သယ်ယူပို့ဆောင်တာဖြစ်တဲ့အတွက် ပထမဆုံးအကြိမ်ပဲလို့ ဆိုထားပါတယ်။

                လူနေထူထပ်တဲ့နေရာမျိုးမှာ Drone တွေနဲ့ ပို့ဆောင်မယ့်လုပ်ငန်းဆိုတာ လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Drone က တစ်ခုခုဖြစ်လို့ အောက်ကလမ်းလျှောက်နေတဲ့ လူပေါ်ပြုတ်ကျရင် ပြဿနာအကြီးကြီးတတ်နိုင်ပါတယ်။

                ဒါကြောင့်မို့လို့လည်း Swiss Post ဟာ ဆွစ်ဇလန်နိုင်ငံရဲ့ လေကြောင်းပျံသန်းမှု စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ FOCA နဲ့ ပူးပေါင်းပြီး ဒီနှစ်အစပိုင်းလောက်မှာ စမ်းသပ်ပျံသန်းမှုတွေ လုပ်ခဲ့ပါတယ်။

                ဆေးဝါးသုတေသနနဲ့ သက်ဆိုင်တဲ့ နမူနာပစ္စည်းတွေကို Drone တွေနဲ့ စမ်းသပ်သယ်ယူပို့ဆောင်ခြင်းတာ တကယ်တော့ အရမ်းကိုပြည့်စုံတဲ့ ပို့ဆောင်ခြင်းတစ်ခုပါ။ နမူနာပစ္စည်းတွေဟာ အလေးချိန်သိပ်မရှိဘူး၊ အဲ့တော့ Drone က ကောင်းကောင်းမွန်မွန် ပျံသန်းနိုင်တယ်၊ အရေးတကြီး လိုအပ်လာတဲ့အချိန်မှာလည်း ယာဉ်ကျောပိတ်ဆို့မှုတွေကို မစိုးရိမ်ရပဲ အချိန်မှီပို့ဆောင်နိုင်တယ်၊ ဒါတွေဟာ Drone နဲ့ ပို့ဆောင်ခြင်းရဲ့ ကောင်းကျိုးတွေပါ။


Swiss Post ရဲ့ သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူများက 

“နောက်ပိုင်းကျရင် ခင်ဗျားတို့တွေ ဆေးရုံတစ်ရုံနဲ့ တစ်ရုံကြား ကူးသန်သွားလာနေတဲ့ Drone တွေကို နေ့တိုင်းမြင်ရတော့မှာပါ။ ပို့ဆောင်ရတာကလည်း လွယ်ကူပါတယ်။ အရင်ဆုံး Drone မှာ မိမိပို့ချင်တဲ့ နမူနာပစ္စည်းကို ထည့်လိုက်ပါ။ နောက်ပြီး Smartphone App နဲ့ Drone ကို ချိတ်ဆက်လိုက်ပါ။ Drone ကိုလည်း မိမိမောင်းနှင်စရာမလိုပါဘူး။ Drone တွေပျံသန်းမယ့် အကောင်းဆုံးလမ်းကြောင်းတွေကို ကျနော်တို့ရွေးချယ်ပြီးသားပါ”

လို့ ပြောကြားသွားပါတယ်။

                Drone တွေကို အမေရိကန်နိုင်ငံ အခြေစိုက်ကုမ္ပဏီ Matternet က ထုတ်လုပ်ထားတာဖြစ်ပြီး ၂ ကီလိုဂရမ် အထိသယ်ဆောင်နိုင်မှာပါ။ ၂၀ ကီလိုမီတာ အထိ ၁ စက္ကန့်ကို ၁၀ မီတာနှုန်းနဲ့ ပျံသန်းနိုင်မှာပါ။ ပျံသန်းဖို့နဲ့ ဆင်းသက်ဖို့အတွက် အနီအောက်ရောင်ခြည် Sensor တွေပါရှိပြီး အရေးကြုံလာတဲ့အခါ မြေပြင်ပေါ်ကို အလွယ်တကူဆင်းသက်နိုင်အောင်လည်း လေးထီးအသေးစားလေး ပါရှိပါသေးတယ်။

References
The Verge
About Author
Assinged Tags
Drone Transportation Swiss Medical Sample
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed