လက်မ ၅၀ အရွယ်အစားရှိ 4K HDR Mi TV 4A မော်ဒယ်အသစ်ကို မိတ်ဆက်ပေး လိုက်တဲ့ Xiaomi

date_range 18 January 2018

လက်မ ၅၀ အရွယ်အစားရှိ 4K HDR Mi TV 4A မော်ဒယ်အသစ်ကို မိတ်ဆက်ပေး လိုက်တဲ့ Xiaomi

visibility 1180 Views

                လွန်ခဲ့တဲ့နှစ်က စတင်ပြီး Mi TV 4A Series ကို မိတ်ဆက်ပေးခဲ့တဲ့ Xiaomi ဟာ အခုအခါမှာလည်း Mi TV 4A Series ရဲ့ မော်ဒယ်အသစ်တစ်ခု ဖြစ်တဲ့ လက်မ ၅၀ အရွယ်အစားရှိ 4K HDR Mi TV 4A ကို ထပ်မံ မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။

                အသစ်မိတ်ဆက် ပေးလိုက်တဲ့ ၅၀ လက်မ အရွယ်အစားရှိ Mi TV 4A မော်ဒယ်အသစ်မှာ 60 GHz Refresh Rate ကို Support လုပ်ပေးမယ့် 4K Display (3840 x 2160 Pixels Resolution) ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ၁၇၈ ဒီဂရီ Wide Angle View ရရှိမှာဖြစ်ပြီး Contrast Ratio ကိုလည်း 5000:1 ရရှိမယ်လို့ သိရပါတယ်။

                Mi TV 4A မော်ဒယ်အသစ်ကို ဘောင်မဲ့ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပြီး စပီကာ ၁၀ လုံး ပါဝင်တဲ့ Integrated Mi TV Bar၊ Wireless Rear Satellite စပီကာ နှစ်လုံးနဲ့အတူ Subwoofer တစ်လုံး ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုမိုကောင်းမွန်တဲ့ 3D အသံစနစ်ကို ခံစားနိုင်စေဖို့အတွက် Dolby Atoms Audio နည်းပညာကို Support ပေးမယ့် Up-Firing စပီကာ ၂ လုံးလည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်။

                Mi TV 4A မော်ဒယ် အသစ်မှာ Processor အနေနဲ့ 1.5 GHz Quad-Core Amlogic L963 Cortex-153 Processor ကို အသုံးပြုထားပြီး GPU အနေနဲ့ 750 MHz Mali-450 MP3 GPU ကို အသုံးပြုထားပါတယ်။ RAM အနေနဲ့ 2 GB ပါဝင်မှာဖြစ်ပြီး Internal Storage 8 GB ပါဝင်မှာပဲ ဖြစ်ပါတယ်။

                အသစ်မိတ်ဆက်ပေးလိုက်တဲ့ Mi TV 4A မော်ဒယ်အသစ်ရဲ့ OS ကတော့ Android OS ပေါ်မှာ အခြေပြုထားတာဖြစ်ပြီး UI ကတော့ PatchWall လို့အမည်ရတဲ့ AI နည်းပညာကို အခြေခံထားတဲ့ UI ကို အသုံးပြုထားပါတယ်။ HDR 10၊ HLG၊ H.263၊ H.264၊ H.265၊ MPEG1 စတဲ့ Video Format တွေကို Support လုပ်ပေးသွားမှာဖြစ်ပြီး မျက်လုံးညောင်းကိုက်မှုကို လျှော့ချပေးမယ့် Blue Light-Reducing Mode လည်းပါဝင်တယ်လို့ သိရပါတယ်။

                Connectivity ပိုင်းအတွက် HDMI ၃ ပေါက်၊ USB ၂ ပေါက်၊ AV Input၊ Ethernet၊ Mi Port၊ Bluetooth 4.2 LE၊ WiFi 802.11 ac (2.4/ 5GHz)၊ S/PDIF Audio Output Port တို့ ပါဝင်ပါတယ်။ Mi TV 4A မော်ဒယ်အသစ်နဲ့အတူ Mi Bluetooth Remote Control တစ်ခု ပါဝင်မှာ ဖြစ်ပြီး Bluetooth, Speech Recognition, Mi Touch, Infrared စတဲ့ Feature တွေကို Remote ကနေတစ်ဆင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

                အခုအချိန်မှာတော့ လက်မ ၅၀ အရွယ်အစားရှိ Mi TV 4A မော်ဒယ်အသစ်ကို တရုတ်ပြည်တွင်းမှာသာ Pre-Order မှာယူနိုင်မှာ ဖြစ်ပြီး ဇန်နဝါရီ ၂၃ ရက်နေ့ကျရင်လည်း တရုတ်ပြည်တွင်းမှာပဲ ရောင်းချသွားမှာ ဖြစ်ပါတယ်။ Mi TV 4A မော်ဒယ်အသစ်ကို တရုတ်ယွမ် ၂၃၉၉ ( မြန်မာငွေ ၅ သိန်း ဝန်းကျင် ) နဲ့ ရောင်းချသွားမှာဖြစ်ပြီး တစ်ကမ္ဘာလုံးကို တရားဝင် ဖြန့်ချီမယ့်ရက်ကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

This Article is contributed by Phyo Kyaw Swar.
References
Gadgets NDTV
About Author
Assinged Tags
Xiaomi Mi TV Xiaomi TV Xiaomi Smart TV Mi TV 4A Smart TV
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed